မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ တွေးတောနေပြီဖြစ်တဲ့ #အမ်တီတီ

ဘာစီလိုနာအတွက် ပွဲထွက် ကစားပေးနေတဲ့ ခံစစ်မှူး ဆမ်မြူရယ် အမ်တီတီကတော့ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ တွေး တောနေပြီလို့ သိရပြီး အသင်းကို ရောက်ရှိလာတဲ့ ခံစစ်မှူးသစ် ယာရီမီနာဟာလည်း မိမိရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ချင့်ချိန်တွေးတောနေကြောင်း ကတ်တလန် အသင်းကြီးကို သတိပေးစကားပြောကြားထားတာ ရှိနေတယ်လို့ပါ သိရပါတယ် ။

ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး ဆင့်ခေါ်ခံခဲ့ရပြီးနောက် အမ်တီတီဟာ ဘာစီလိုနာ အသင်းကို 2016 ခုနှစ်မှာ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် အမ်တီတီဟာ အသင်းရဲ့ စီနီယာ ကစားသမားကြီး ဂျာရတ် ပီကေးနဲ့အတူ အကောင်းဆုံး တွဲဖက် ကစားနိုင်ခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ် ။

အမ်တီတီဟာ ဘာစီလိုနာနဲ့အတူ 2021 အထိ စာချုပ်သက်တမ်း ရှိနေပေမဲ့ အသင်းမှာ ရေရှည် ကစားပေးဖို့ကတော့ မရေရာတော့တဲ့ အနေအထားကို ရောက်ရှိနေပါတယ် ။ လက်ရှိ အချိန် စာချုပ်ပါ ပြောင်းရွှေ့ကြေးအရ တန်ဖိုး ပေါင် 53 သန်း ရှိနေတဲ့ အမ်တီတီကို ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက်ဖက်က စိတ်ဝင်စားမှုတွေ ရှိနေတာကြောင့် ဘာကာမှာ စာချုပ်သစ် ကိစ္စ အဆင်မပြေ ဖြစ်နေတဲ့ အမ်တီတီဟာ အသင်းပြောင်းနိုင်ခြေ မြင့်တက်လာတာပဲ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ် ။

ယူနိုက်တက်ဟာ ဒီရာသီ ခံစစ် ကစားသမာတွေရဲ့ ကွင်းအတွင်း ခြေစွမ်းတွေအပေါ် အားမလို အားမရ ဖြစ်နေခဲ့တာကြောင့် နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားတိုးမြှင့်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ် ။
ဒွန်ဘလွန်ရဲ့ ဖော်ပြချက်ကတော့ အမ်တီတီဟာ လက်ရှိ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ စကားလမ်းကြောင်း နေခဲ့တယ်လို့ သိရပါတယ် ။ သို့ပေမဲ့ ကလပ်ဖက်ကတော့ စာချုပ်သစ်မှာ ကစားသမား အလိုရှိနေတဲ့ တစ်နှစ်ဝင်ငွေ ပေါင် 7 သန်းကို မပေးချေလိုပဲ တစ်နှစ် ပေါင် 5.3 သန်းနဲ့သာ စာချုပ်သစ် ကမ်းလှမ်းနေခဲ့တာကြောင့် ကစားသမားဟာ စိတ်ပျက်လျက် ရှိနေတယ်လို့ သိရပါတယ် ။

ဒါ့ကြောင့် အမ်တီတီဟာ ဘာကာကို စွန့်ခွာပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ဖို သတင်းတွေ ထွက်ပေါ်နေခဲ့တာပဲ ဖြစ်ရပါတယ် ။ ဒါ့အပြင် ဘာကာတို့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ယာရီမီနာဟာလည်း မိမိရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ တွေးတောချင့်ချိန် နေပြီဖြစ်ကြောင်း အသင်းကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ် ။
ယာရီမီနာဟာ ဘာစီလိုနာကို ရောက်ရှိပြီးနောက် အသင်းနဲ့အတူ တစ်ပွဲသာ ပွဲထွက် ကစားခွင့် ရရှိထားပါသေးတယ် ။
Ref : Express Sport

မိုက်​ကယ်​အိုဝင်​ရဲ့ ပရီးမီးယားလိဂ်​ နဲ့ ကာရာဘောင်ဖလားဖိုင်နယ်ပွဲစဉ် ခန့်​မှန်းချက်​များ..

မန်​ချက်​စတာယူနိုက်​တက်​ နဲ့ ချဲလ်​ဆီး အသင်းတို့ရဲ့ အိုးထရပ်​ဖို့ဒ်​ တိုက်​ပွဲ…အာဆင်​နယ် နဲ့ မန်​ချက်​စတာစီးတီး တို့ရဲ့ ကာရာ​ဘောင်​ဖလား ​ဗိုလ်​လုပွဲ ​တွေဟာ ယခုတစ်​ပတ်​ရဲ့ ရင်​ခုန်​စိတ်​လှုပ်​ရှားစရာ အ​ကောင်းဆုံး ပွဲ​တွေပါပဲ။
ပရီးမီးယားလိဂ်​ ကြယ်​ပွင့်​​ဟောင်း မိုက်​ကယ်​အိုဝင်​က ယခုတစ်​ပတ်​ ပရီးမီးယားလိဂ်​ပွဲ​တွေအပြင်​ ကာရာ​ဘောင်​ဖလား ​ဗိုလ်​လုပွဲကို ယခုလိုပဲ ခန့်​မှန်း​ပေးလိုက်​ပါတယ်​။
စ​နေ​နေ့
လက်​စတာစီးတီး Vs စတုတ်​စီးတီး

လက်​စတာဟာ နည်းပြက​လော်​ဒီပူအယ်​လက်​​အောင်​မှာ ​နောက်​ဆုံး ပရီးမီးယားလိဂ်​ အိမ်​ကွင်း ၈ပွဲမှာ တစ်​ပွဲသာရှုံးနိမ့်​ခဲ့ပါတယ်​။ လက်​စတာ အ​နေနဲ့ အမှတ်​​ပေးဇယား ရဲ့ အဆင့်​၁၉​နေရာက စတုတ်​နဲ့ပွဲမှာ ဒီမှတ်​တမ်း​ကောင်းကို ဆက်​လက်​ထိန်းသိမ်းနိုင်​မယ်​လို့ ကျွန်​​တော်​​မျှော်​လင့်​ပါတယ်​။
စတုတ်​ဟာ ​နောက်​ဆုံး ပရီးမီးယားလိဂ်​ အ​ဝေးကွင်း ရှစ်​ပွဲမှာ နိုင်​ပွဲမရှိခဲ့​ပေမယ့်​ ဘုန်း​မောက်​ကို ရှုံးခဲ့တဲ့ အ​ဝေးကွင်း ပွဲမှာ​တော့ ပထမပိုင်းမှာ ကစားပုံ​ကောင်းခဲ့ပါတယ်​။ ​ဂျေမီ​ဗာဒီ ဟာ စတုတ်​နဲ့​တွေ့ခဲ့တဲ့ ​နောက်​ဆုံး ပရီးမီးယားလိဂ်​ ငါးပွဲမှာ ၃ဂိုးသွင်းယူထားနိုင်​ခဲ့ပြီး ကင်းပါဝါ မှာ ကစားခဲ့တဲ့ ​နောက်​ဆုံး ၂ပွဲလည်း အပါအဝင်​ ဖြစ်​ပါတယ်​။
ခန့်​မှန်းချက်​ – လက်​စတာ 2 – 1 စတုတ်
ခန့်​မှန်းချက်​ – ဘုန်း​မောက်​ 1 – 1 နယူးကာဆယ်
ခန့်​မှန်းချက်​ – ဘရိုက်​တန်​ 1 – 2 ဆွမ်​ဆီး
လီ​ဗာပူး Vs ဝက်​စ်​ဟမ်း

ဝက်​စ်​ဟမ်းဟာ လီ​ဗာပူးနဲ့​နောက်​ဆုံး​တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်​ သုံးပွဲဆက်​ အနိုင်​မရခဲ့​​ပေမယ့်​ အန်​ဖီးမှာ သွားကစားခဲ့တဲ့ ​နောက်​ဆုံး ၃ကြိမ်​မှာလည်း ရှုံးပွဲ မရှိထားပါဘူး။
လီ​ဗာပူးက​တော့ ဝက်​စ်​ဟမ်းနဲ့​တွေ့ဆုံခဲ့တဲ့ ​နောက်​ဆုံး ပရီးမီးယားလိဂ်​ ၂ပွဲမှာ တစ်​ပွဲကို ​လေးဂိုးစီသွင်းယူထားခဲ့ပြီး ​နောက်​ထပ်​သတိပြုစရာတစ်​ခုက​တော့ လက်​ရှိဝက်​စ်​ဟမ်းနည်းပြ မိုယက်​ဟာ အဲ​ဗာတန်​ မန်​ချက်စတာယူနိုက်တက် ဆန်းဒားလန်း အသင်း​တွေရဲ့ ​​​​​​နည်းပြဖြစ်​ခဲ့စဉ်​ အန်​ဖီးမှာ လာကစားခဲ့တဲ့​နောက်​ဆုံး ၁၄ ပွဲကို အနိုင်​မရခဲ့ပါဘူး။
ခန့်​မှန်းချက်​ – လီ​ဗာပူး 3 – 1 ဝက်​စ်​ဟမ်း
ခန့်​မှန်းချက်​ – ဘန်​​လေ 0 – 0 ​ဆောက်​သမ်​တန်
ခန့်​မှန်းချက်​ – ဝက်​စ်​ဘရွန်း 1 – 0 ဟယ်​ဒါဖီး
ခန့်​မှန်းချက်​ – ဝက်​ဒ်​ဖို့ဒ်​ 1 – 1 အဲ​ဗာတန်
တနင်္ဂနွေနေ့
ခရစ်​စတယ်​ပဲ​လေ့စ်​ Vs ​တော့တင်​ဟမ်

ခရစ်စတယ်ပဲလေ့စ်အသင်းဟာ စပါးအသင်းနဲ့တွေ့ဆုံခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ် ငါးပွဲစလုံးကို ရှုံးနိမ့်ထားခဲ့ပြီး ဟယ်ရီကိန်းဟာ Selhurst Park မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာ နှစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးထားပါတယ်။ ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်အနေနဲ့ အင်္ဂလန်တိုက်စစ်မှုးကို ထိန်းနိုင်ဖို့ နည်းလမ်းကောင်းရှာဖွေသွားဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ပြောတာထက် လုပ်ရတာခက်ခဲပါတယ်။
စပါးအသင်းဟာ ၂၀၁၈ ခုနှစ်အတွင်း လိဂ်ပြိုင်ပွဲမှာ အမှတ်အများဆုံး (၁၅မှတ်) ရယူထားနိုင်တဲ့အသင်းဖြစ်ပြီး ဒီနှစ်မှာလည်း ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ်ကလပ်ပဲဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ၎င်းတို့ရဲ့ လန်ဒန်ဒါဘီနောက်ဆုံး ၂၇ ပွဲမှာ Clean sheet တစ်ပွဲသာ ရယူနိုင်ခဲ့ပြီး စပါးအသင်းဟာ အိမ်ရှင်အတွက် တအားကွာဟနေတဲ့ ပြိုင်ဘက်ဖြစ်နေပါတယ်။
ခန့်မှန်းချက် – ခရစ်စတယ်ပဲလေ့စ် 0 – 2 တော့တင်ဟမ်
မန်ချက်စတာယူနိုက်တက် Vs ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့တော့ မန်ချက်စတာယူနိုက်တက်အသင်းကို နှစ်ပွဲဆက်နိုင်ဖို့ ကြိုးစားသွားမယ့်အပြင် ပရီးမီးယားလိဂ် သမိုင်းမှာ ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ လေးကြိမ်မြောက်အနိုင်ရရှိဖို့ ရည်မှန်းနေပါတယ်။ သို့ပေမယ့် ချဲလ်ဆီးဟာ နောက်ဆုံး အဝေးကွင်းပွဲစဉ်မှာ ၀က်ဒ်ဖို့ဒ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့ပေမယ့် လက်ရှိမှာ အီဒင်ဟာဇက်နဲ့ ၀ီလီယံတို့ အကောင်းဆုံးပုံစံ ရနေတာကြောင့် အန္တရာယ်ပေးနိုင်တဲ့ ခြေစွမ်းရှိနေပါသေးတယ်။
ဒီပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်မှာဖြစ်ပေမယ့်လည်း ဂိုးတွေအများကြီးသွင်းယူကြမယ်လို့တော့ ကျွန်တော်မမြင်မိပါဘူး။
ခန့်မှန်းချက် – မန်ချက်စတာယူနိုက်တက် 1 – 1 ချဲလ်ဆီး
ကာရာဘောင်ဖလား ဖိုင်နယ်
အာဆင်နယ် Vs မန်ချက်စတာစီးတီး

အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ၀င်ဘာလေမှာ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း နဲ့ ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် နှစ်ကြိမ်စလုံးမှာ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့ပေမယ့်လည်း ဒါဟာ Major Final မှာ ဒီနှစ်သင်း ပထမဦးဆုံး အကြိမ် တွေ့ဆုံတာပဲဖြစ်ပါတယ်။
ပက်ဂွာဒီယိုလာဟာ ၎င်းရဲ့နောက်ဆုံး Major Final ခြောက်ပွဲမှာ တစ်ပွဲသာရှုံးနိမ့်ထားခဲ့ပြီး မန်စီးတီးအသင်းဟာ ယခုတစ်ပတ်အစောပိုင်းက အက်ဖ်အေဖလား မှာ ၀ီဂန်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကနေ ပြန်လာနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နှစ်သင်းစလုံးမှာ အခွင့်အရေးတွေရှိနေတယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ ဒါပေမယ့် စီးတီးအနေနဲ့ ဒီရာ

သီရဲ့ပထမဦးဆုံးဖလားကို ကိုင်မြှောက်သွားနိုင်မယ်လို့ ကျွန်တော်ခန့်မှန်းပါတယ်။
ခန့်မှန်းချက် – အာဆင်နယ် 1 – 3 မန်စီးတီး

ဒုတိယပွဲဟာလဲ ​အောင်​လအန်​ဆန်​ ရဲ့ လုပ်​ပွဲဟုဆို



ယနေ့ည ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ အမ်အမ်အေ ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာနိုင်ငံသား အောင်လအန်ဆန်က ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား မာချာဒိုကို အနိုင်ရရှိသွားပါတယ်။ သူဟာ ခါးပတ်နှစ်ခု ကမ္ဘာ့ချန်ပီယံဖြစ်သွားခဲ့ပါပြီ။ ယနေ့ည ရန်ကုန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ပရိတ်သတ်စိတ်ဝင်စားမှုလည်း ရှိခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၃ ရက်ည ပွဲစဉ်တွေထဲမှာ မြန်မာအမျိုးသမီးနှစ်ဦး ပွဲစဉ်လည်း ပါဝင်ခဲ့ပါတယ်။ ဖိုးသော်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ဆော်စီတို့ပွဲစဉ်လည်း ပါဝင်ခဲ့ရာ ဖိုးသော်က အနိုင်ယူခဲ့ပါတယ်။ အောင်လအန်ဆန်က “မြန်မာပြည်ဂုဏ်ယူနိုင်အောင်၊ စိတ်လှုပ်ရှားရအောင် အကောင်းဆုံး ကစားသွားမယ်။ ပရိသတ်တွေက ဒီလိုနေရာကို ကျနော့်ကို အားပေးလို့ရောက်ရှိလာတာလို့ ကျနော်ယုံကြည်တယ်။ ကျနော့်ရဲ့ နောက်ထပ်ပန်းတိုင်တွေကတော့ ဟဲဗီးဝိတ်တန်း ချန်ပီယံဆုတွေ ယူဖို့ပါပဲ။” လို့လည်း အင်တာဗျူးတစ်ခုမှာ ပြောထားခဲ့ပါတယ်။

မချာဒိုဟာ အောင်လအန်ဆန်ထက် ခန္ဓာကိုယ် ထွားကြိုင်းပေမယ့်လည်း အောင်လက ပထမချီအတွင်းမှာပဲ မချာဒိုကို ကန်ချက်နဲ့ လက်ကျအောင်လုပ်နိုင်ခဲ့ပြီး ဆန်ကာဘေးမှာ လဲကျနေတဲ့ မချာဒိုက မျက်နှာတွေမှာ ဆင့်လက်သီးများနဲ့ ဆက်ထိုးခဲ့တာကြောင့် မချာဒိုဟာ မကာကွယ်နိုင်တော့ပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့နှစ်က မစ်ဒယ်ဝိတ်ချန်ပီယံ ခါးပတ်ကို ရရှိခဲ့ပြီး ယခုတိုင် ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ ခုနောက်ထပ် လိုက်ဟဲဗီးဝိတ်ခါးပတ်ကိုပါ ရယူနိုင်လိုက်တာကြောင့် သူ့ရဲ့ရည်မှန်းချက်တွေ နှစ်ဆအောင်မြင်ခဲ့တာလို့ ဆိုရမှာပါပဲ။
အောင်လနဲ့ မချာဒိုတို့နှစ်ယောက်လုံးဟာ ဂျူဂျစ်စုသမားတွေဖြစ်နေတာ တူညီကြပါတယ်။ ကန်ကြောက်ထိုးကျိတ်တာတွေထက် ဖမ်းချုပ်ပြီးထိုးသတ်တာတွေ ကောင်းကောင်းနားလည်ကြပါတယ်။

ချဲလ်ဆီး နဲ့ ပွဲ မတိုင်ခင် မှာ ကွန်တီ ရဲ့ အကြောင်း မော်ရင်ဟို ဘာတွေ ပြောခဲ့ သလဲ

မန်ချက် စတာ ယူနိုက်တက် အသင်း နည်းပြကြီး ဟိုဆေး မော်ရင်ဟို ဟာ လာမယ့် အပတ် မှာ ရင်ဆိုင် ကစား မယ့် ချဲလ်ဆီး အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်း ပွဲ ကို ပြုလုပ် သွားခဲ့ ပါတယ် ။ ချဲလ်ဆီး နည်းပြ ကွန်တီ နဲ့ မော်ရင်ဟို တို့ ဟာ ပြီးခဲ့တဲ့ ကာလ တွေ မှာ စကား စစ်ထိုးမှု ၊ အငြင်းပွားမှု တွေ အပြန် အလှန် ရှိခဲ့ ကြပါတယ် ။ ဒါပေမယ့် ယခု ပွဲကြို သတင်းစာ ရှင်းလင်း ပွဲမှာတော့ မော်ရင်ဟို က ကွန်တီ နဲ့ ပတ်သက်ပြီး မှတ်ချက် တစ်စုံ တစ်ရာ ပေးဖို့ ငြင်းဆန် သွားခဲ့ ပါတယ် ။

“ဒီ အကြောင်းတွေ ကျွန်တော် မပြောချင် ပါဘူး ။ ဒီ အတွက် ပြောဖို့ လာတာ မဟုတ် ပါဘူး ။ အခု လာတဲ့ ကိစ္စ မှာ ဒါတွေ မပါ ပါဘူး ။ သူ ( ကွန်တီ ) ဟာ အရမ်း တော်တဲ့ နည်းပြ တစ်ယောက် ဖြစ်ပြီး ချဲလ်ဆီး ဟာလည်း အသင်းကောင်း တစ်သင်း ပါ ။ ဒီအချက် တွေက ပဲ ကျွန်တော့ အတွက် အရေး ကြီးပါတယ်” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။
“ပြီးခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ် အတွင်းမှာ ယူနိုက်တက် နဲ့ ချဲလ်ဆီး အကြားမှာ ပွဲကြီးပွဲကောင်း တွေ ကစားခဲ့ ပါတယ် ။ ဒီ တစ်ကြိမ် ကလည်း နောက်ထပ် ပွဲကောင်း တစ်ပွဲပါပဲ ။ ဒါပေမယ့် အခြေအနေ က တော့ အရင် ကနဲ့ တူချင် မှ တူမှာပါ ။ အရင်တုန်းက တွေ့ဆုံမှု အများအပြား ဟာ ချန်ပီယံဆု အတွက် အဖြေဖြစ် ခဲ့ပေမယ့် ဒီတစ်ကြမ် မှာတော့ ၂ သင်းစလုံး ဟာ ဒီ ခေါင်းစဉ် အတွက် မဟုတ် တော့ဘူး ဆိုတာ ကို လက်ခံ ကြမယ် လို့ ထင်ပါတယ်”

“ဒါပေမယ့် ကျွန်တော်တို့ ၂ သင်းစလုံး ဟာ ထိပ်ဆုံး လေးသင်း ထဲကို ၀င်ဖို့ အတွက် ကြိုးစား နေကြတဲ့ အသင်း တွေ ဖြစ်ပြီး ဒီပွဲ ဟာ ပွဲကြီးပွဲ ကောင်း တစ်ပွဲ ဖြစ်လာ မှာပါ ။ ပြီးခဲ့တဲ့ နှစ်တုန်းက ချဲလ်ဆီး ဟာ ချန်ပီယံ အတွက် တိုက်ပွဲ ၀င် နေခဲ့ပြီး ကျွန်တော်တို့ က တော့ ထိပ်ဆုံး လေးသင်း အတွက် တိုက်ပွဲ ၀င် ခဲ့ရတာပါ” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။
အသင်းဟောင်း ဖြစ်တဲ့ ချဲလ်ဆီး ကို ပြန်လည် ရင်ဆိုင် ရမှာ ဖြစ်တာ ကြောင့် ခံစားချက်တွေ ရောထွေးနေ မလား ဆိုတဲ့ မေးခွန်း ကိုတော့ “ချဲလ်ဆီး နဲ့ ကစားဖို့ တွေးလိုက်တိုင်း ခံစား ချက်တွေ က တဖြည်းဖြည်း လျော့ လာခဲ့ ပါပီ ။ နောက် ၃ နှစ်လောက် ကြာရင် ကျွန်တော် ဟာ ချဲလ်ဆီး ဘောလုံး ကလပ် အသင်းရဲ့ နည်းပြ ဖြစ် ခဲ့ တယ် ၊ ဖြစ်ခဲ့ဖူး တယ် ဆိုတာ ထက် မပို လောက်တော့ ပါဘူး ။ ဒါမှ မဟုတ်လည်း ကျွန်တော့ရဲ့ အမည် က ပျောက်ဆုံး ချင်လည်း ပျောက်ဆုံး သွားမှာပါ”

“ဒါကြောင့် အခု ပွဲ ဟာ အင်္ဂလန် ရဲ့ အကောင်းဆုံး အသင်း ၂ သင်း ထိပ်တိုက်တွေ့ ဆုံ တဲ့ ပွဲကောင်း တစ်ပွဲ ပဲ ဖြစ်မှာပါ ။ အသင်း ကောင်း ၂ သင်းရဲ့ ပွဲကောင်း တစ်ပွဲ မျှပါပဲ” လို့ ဟိုဆေး မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။
မန်ချက် စတာ ယူနိုက်တက် အသင်းဟာ ပထမ ရာသီဝက် က ချဲလ်ဆီး ရဲ့ စတမ်းဖိုဒ့် ဘရစ် ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစား ခဲ့ပြီး မိုရာတာ ရဲ့ တစ်လုံးတည်း သော ဂိုးနဲ့ ရှုံးနိမ့် ခဲ့ ပါတယ် ။

လီဗာပူးကိုရောက်လာခဲ့တဲ့ ကော်တင်ဟို နဲ့ ဘာစီလိုနာကိုရောက်လာခဲ့တဲ့ ကော်တင်ဟို ရဲ့အကြား ခြားနားချက်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ လူးဝစ်ဆွာရက်

လီဗာပူးအသင်းရဲ့ ကွင်းလယ်လူ ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့ကာလကမှ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် 142 သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး၊ ယခင်ကစားဖော်ဟောင်း တိုက်စစ်မှုး လူးဝစ်ဆွာရက်နဲ့ နူးကမ့်မှာ ပြန်လည်လက်တွဲခွင့်ရရှိခဲ့ပါတယ်။ ဆွာရက်နဲ့ ကော်တင်ဟိုတို့ဟာ လီဗာပူးမှာ ရှိစဉ်ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့သူတွေဖြစ်တယ်လို့ လူသိများပြီး၊ ကော်တင်ဟို ဘာစီလိုနာကို ရောက်ရှိလာချိန်မှာတော့ အသင်းသစ်မှာ အလျှင်အမြန် အခြေကျဖို့အတွက် နေစရာ အိမ်ရှာဖွေတာကအစ ဆွာရက်က အစစ အရာရာ ကူညီပေးခဲ့ပါတယ်။
ကော်တင်ဟိုဟာ လက်ရှိအချိန်ထိ ဘာစီလိုနာနဲ့အတူ ကွင်းထဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး၊ စုစုပေါင်း 7 ပွဲပါဝင်ကစားပေးပြီးပြီ ဖြစ်ကာ၊ ကိုပါဒယ်ရေး ဖလားပြိုင်ပွဲမှာ 1 ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီဂိုးကိုတော့ တိုက်စစ်မှုး လူးဝစ်ဆွာရက်က ဖန်တီးပေးခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ လီဗာပူး ကစားသမားဘ၀ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့စဉ်ကလဲ ဆွာရက်ကပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

အသက် 31 နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှုးကြီး ဆွာရက်ကတော့ လီဗာပူးကို ရောက်လာခဲ့တဲ့ ကော်တင်ဟိုနဲ့ ဘာစီလိုနာကို ရောက်လာခဲ့တဲ့ ကော်တင်ဟို အကြား ကွာခြားတဲ့အချက်တွေကို အခုလိုပဲ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။
Barcelona Official Magazine နဲ့ အင်တာဗျူးမှာတော့ ဆွာရက်က “ ကျနော် ဘာစီလိုနာကို ပြောင်းဖို့ အကြောင်းဖန်လာတော့၊ ဂျရတ်ကို ကော်တင်ဟိုအပေါ် စောင့်ရှောက်ပေးဖို့ မှာဖြစ်ခဲ့ပါသေးတယ်။ ပြီးတော့ သူကလဲ အယ်လ်အေ ဂလက်ဆီကို ပြောင်းသွားခဲ့တယ်လေ။ ဒါကြောင့်မို့ ကော်တင်ဟိုခင်ဗျာ သူ့ဖာသာ ရှင်သန်နိုင်အောင် ကြိုးစားခဲ့ရသလို၊ အသင်းရဲ့ တာဝန်တွေကိုလဲ သူ့ပခုံးပေါ်မှာ ထမ်းထားခဲ့ရတာပါ။

ကျနော်ကတော့ သူဟာ လီဗာပူးရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့တာ မအံ့သြမိပါဘူး ဘာလို့လဲဆိုတော့ သူ့ရဲ့ အရည်အသွေးတွေကို ကျနော်က ကောင်းကောင်းသိထားပြီးသားလေ။ ဒါပေမယ့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသင်းကြီး တစ်သင်းရဲ့ တာဝန်ကို အပြည့်အ၀ယူနိုင်ခဲ့တဲ့ စိတ်ဓါတ်ကိုတော့ လေးစားအားကျမိပါတယ်။
သူ့ပုံစံကကွင်းထဲကို ၀င်လာပြီဆိုတာနဲ့ ပြောင်းသွားပါပြီ၊ အပြင်ကနေ ကြည့်တဲ့ ပရိသတ်တွေကတော့ ဒါကို သတိထားမိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကော်တင်ဟိုက အရှက်အကြောက်ကြီးသလို၊ အေးအေးဆေးဆေး နေတတ်သူပါ။ သူ့အနေနဲ့ ဒီထက်ပိုပြီး သူ့ကိုယ်သူ ယုံကြည်မှု ထားသင့်ပါတယ်။

ပြီးတော့ သူ လီဗာပူးကို စရောက်ခါစနဲ့ အခုပုံစံဟာ တော်တော်လေး ပြောင်းလဲလာခဲ့ပြီဆိုတာတော့ သတိထားမိပါတယ်။ အရှက်အကြောက်ကြီးတုန်းဆိုပေမယ့် တော်တော်လေးကို ရင့်ကျက်နေပြီဆိုတာ ကျနော် အသေအချာပြောရဲပါတယ်။ ပြီးတော့ သူဟာ ဘာစီလိုနာအတွက် အများကြီးစွမ်းဆောင်ပေးမယ့် ကစားသမားတစ်ဦးဆိုတာ ကျနော် ယုံကြည်ပြီးသားပါ။ သူ့မှာ အခြားကစားသမားတွေနဲ့ မတူတဲ့ စွမ်းဆောင်ရည်တွေ ရှိနေပြီးသားဆိုတာ ဘာစီလိုနာနဲ့ စပြီး ပွဲထွက်ကစားတဲ့နေကတည်းက ခင်ဗျားတို့ မြင်တွေ့လိုက်ရမှာပေါ့” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

တရုတ်​စူပါလိဂ်​ကို ​ရောက်​ရှိဖွယ်​ရှိ​နေတဲ့ အက်​သလက်​တီကို တိုက်​စစ်​မူး ​တော့ရက်


တရုတ်​စူပါလိဂ်​ ကလပ်​အသင်းဖြစ်​တဲ့ Dalian Yifang အသင်းဟာ အက်​လက်​တီကို အသင်းမှာ ​အသက်​အရွယ်​ရလာတဲ့ တိုက်​စစ်​မူး ဖာနန်​ဒို​တော့ရက်​ ကို လာမယ့်​​နွေရာသီမှာ ​ဝယ်​ယူ​တော့မယ်​ လို စပိန်​သတင်းစာ​တွေက ​ဖော်​​ပြ​နေပါတယ်​။
တရုတ်​ကလပ်​​တွေဟာ အက်​သလက်​တီကိုမှာ ကာရက်​စကို ကို ​ပြောင်း​ရွေ့​ကြေး ယူရိုသန်း၇၀ဖြင့်​ ​ခေါ်ယူရန်​ဆန္ဒ ရှိသလို နီကိုလက်​ ဂိုက်​တန်​ကို လည်း ​ခေါ်ယူရန်​ ​စောင့်​ကြည့်​​နေတယ်​လို့ သိရပါတယ်​။ မာကာရဲ့ ​ဖော်​ပြချက်​အရ ဖာနန်​ဒို ​တော့ရက်​ရဲ့ အ​ပြောင်းအ​ရွေ့သာအနီးစပ်​ဆုံး ဖြစ်​​နေတယ်​လို့ သိရပါတယ်​။

တော့ရက်​ဟာ မကြာ​သေးမီကမှ ၃၄နှစ်​​ပြည့်​ ​မွေး​နေ့ ကျင်းပခဲ့ပြီးတာ​ကြောင့်​ အနားယူရဖို့ ပိုပြီးနီးစပ်​လာပြီဖြစ်​ပါတယ်​။ ​ဖော်​ပြချက်​များအရ မ​နေ့က တရုတ်​ကလပ်​​တွေ ဟာ လာမယ့်​ ဇူလိုင်​လတွင်​ စာချူ ပ်​သက်​တမ်းကုန်​ဆုံး မယ့်​ ​တော့ရက်​ကို ကမ်းလှမ်းထားသလို ကစားသမား ဟာလည်း အ​လေးအနက်​ စဉ်းစား​နေတယ်​လို့ ​သိရပါတယ်​။
တော့ရက်​ဟာ ဒီနှစ်​ရာသီတွင်​ အက်​သလက်​ တီကို အသင်းအတွက်​၂၇ပွဲကစားထားပြီး ၅ဂိုးသွင်းယူထားပါတယ်​။ ချဲဆီးအသင်းမှ တစ်​​ကျော့ပြန်​ ပြန်​ လည်​ပူး​​ပေါင်းချိန်​မှစကာ ၃၃ဂိုးအထိ သွင်းယူထားတယ်​လို့ သိရပါတယ်​။ အက်​သလက်​တီကိုအသင်းတိုက်​စစ်​တွင်​ အန်​တိုနီဂရပ်​စ်​မန်း ဒီ​ယေဂို​ကော်​စတာ ဂါမဲရို တို့ ရှိ​နေခြင်း​ကြောင့်​ ​တော့ရက်​ ဟာ အဓိကတိုက်​စစ်​သုံးပြီးမှသာ အသင်းမှာ ​နေရာ ရ​နေခြင်းက အသင်း​ပြောင်း​ရွေ့လိမ့်​မယ်​လို့သိရပါတယ်​။

ပြီးခဲ့တဲ့ အပတ်​က ဆီမြွန်​နီ ကိုယ်​တိုင်​ က​တောရက်​ရဲ့အနာဂတ်​နှင့်​ ပတ်​သတ်​ပြီး ​မေးမြန်​ရာ မ​သေချာ​ကြောင်း​ပြောဆိုခဲ့ခြင်း​ကြောင့်​ ​တောရက်​ ဟာ တရုတ်​လိဂ်​မှာပဲ ကစားသမားဘဝကို အဆုံးသတ်​ရဖွယ်​ရှိ​နေတယ်​လို့ စပိန်​သတင်း​တွေ ​တော့ ​ဖော်​ပြလျက်​ရှိ​နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဒါမီယံ ကို ဂျုဗင်တပ် အသင်း ခေါ်ယူဖို့ သဘောတူညီခဲ့ပြီ


အီတလီ စီးရီးအေ ကလပ် ဂျုဗင်တပ် အသင်းဟာ မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ အီတလီ လက်ရွေးစင် နောက်ခံလူ မက်တီယို ဒါမီယံ ကို လာမယ့် နွေရာသီ မှာ ခေါ်ယူ ဖို့ အတွက် သဘောတူညီမှု ရရှိ ခဲ့ပြီ လို့ ယနေ့ ထုတ် အီတလီ သတင်းစာ တွေမှာ ဖော်ပြ လာခဲ့ ပါတယ် ။ ဒါမီယံ ဟာ မန်ချက် စတာ ယူနိုက်တက် ထံ ၂၀၁၅ ခုနှစ် က ရောက် ရှိ လာခဲ့သူ ဖြစ်ပြီး နည်းပြဟောင်း လူးဝစ် ဗန်ဟား ခေါ်ယူခဲ့ တာ ဖြစ် ပါတယ် ။

ဒါမီယံ ဟာ ယူနိုက်တက် နဲ့ ပထမဆုံး ရာသီမှာ ပရီးမီးယားလိဂ် ၂၄ ပွဲ အထိ ပါဝင် ကစား နိုင် ခဲ့ပေမယ့် လူးဝစ် ဗန်ဟား ရဲ့ နေရာကို ဆက်ခံ ခဲ့တဲ့ လက်ရှိ ယူနိုက်တက် နည်းပြ မော်ရင်ဟို လက်အောက် မှာ ကစားခွင့် ဆုံးရှုံး နေခဲ့ပြီး အသင်းရဲ့ အရံ စာရင်းမှာ ပင် ရံဖန် ရံခါသာ ပါဝင် နိုင် ခဲ့ ပါတယ် ။

အီတလီ အခြေစိုက် Corriere dello Sport သတင်းစာ ရဲ့ ဖော်ပြ မှု အရ မန်ချက်စတာ ယူနိုက်တက် နဲ့ ဂျုဗင်တပ် အသင်းတို့ ဟာ ဒါမီယံ ကို ရောင်းချဖို့ အတွက် အကြောင်း အရာ အားလုံး သဘောတူညီ ခဲ့ပြီ လို့ ဖော်ပြ သွားခဲ့ ပါတယ် ။
ဂျုဗင်တပ် ဟာ အသက် အရွယ် ကြီးမြင့် လာပြီ ဖြစ်ကာ ရာသီအကုန် မှာ အသင်းနဲ့ စာချုပ် ကုန်ဆုံး တော့မယ့် နောက်ခံလူ စတီဖင် လစ်ခ်ျရှတိုင်နာ ရဲ့ နေရာမှာ အစားထိုးဖို့ ဒါမီယံ ကို အလိုရှိ နေတာ ဖြစ်ပြီး ရိုးမား နဲ့ အေစီမီလန် တို့ကလည်း ဒါမီယံ ကို ခေါ်ယူ လိုကြတယ် လို့ သိရ ပါတယ် ။
ခံစစ် ရဲ့ ဘယ်လို နေရာမှာ မဆို ကစား နိုင်တဲ့ ဒါမီယံ ဟာ ဇန်န၀ါရီလ ၁ ရက်နေ့ က အဲဗာတန် ကို အနိုင် ရခဲ့တဲ့ ပွဲမှာ လူစားလဲ ၀င်ရောက် လာပြီး နောက်ပိုင်း ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် မှာ လုံးဝ မကစားရ သေးဘူးလို့ သိရ ပါတယ် ။ ဒါမီယံ ဟာ အသင်းရဲ့ ပြည်တွင်း ဖလား ပွဲစဉ် တွေမှာတော့ ပါဝင် ခွင့် ရရှိ ထားခဲ့ပြီး ဇန်န၀ါရိလ ၂၆ ရက်နေ့ က ယိုဗွီ အသင်း ကို ၄ ဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲဟာ ယူနိုက်တက် အတွက် နောက်ဆုံး ကစား ပေးထား ခဲ့တဲ့ ပွဲ ဖြစ် ပါတယ် ။

အီတလီ လက်ရွေးစင် အသင်းမှာ ပုံမှန် ပါဝင် နိုင်ဖို့ အတွက် ဒါမီယံ ကို အသင်းပြောင်း ရွှေ့ဖို့ အီတလီ ကစား သမားဟောင်း ကြီးတွေ က မကြာခဏ တိုက်တွန်း ခဲ့ပြီး ဒါမီယံ နဲ့ အီတလီ ကလပ် တွေ ရဲ့ သတင်းတွေ ဟာလည်း မကြာခဏ ဆိုသလို ထွက်ပေါ် နေခဲ့ ပါတယ် ။
အီတလီ သား ဖြစ်တဲ့ ဒါမီယံ ဟာ ခံစစ် ပိုင်း နည်းစနစ် အား ကောင်းသူ တစ်ဦး ဖြစ်ပေမယ့် တိုက်စစ် လိုက်ပါမှု အားနည်း သလို ပရီးမီးယားလိဂ် ရဲ့ မြန်နှုန်းနဲ့ ကာယ အသားပြု တိုက်စစ် သမားတွေကို ထိန်းချုပ် ရာမှာ အားနည်းချက်တွေ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ယမန်နှစ် က ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့ မော်ရင်ဟို ရဲ့ ယုံယုံ ကြည်ကြည် နေရာ ပေးမှု ကို ခံခဲ့ရပြီး အသင်းအတွက် ယူရိုပါလိဂ် ဖလား ကို ရယူ ပေးနိုင် ခဲ့ ပါတယ် ။

ဝီရှီးယားအပေါ် ဝေဖန်တဲ့ ရွိုင်ကိန်းကို တုန့်ပြန်လိုက်တဲ့ အာဆင်ဝင်းဂါး


ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကတော့ အောစတာဆန်းအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်အသင်းကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့သလို၊ ၀ီရှီးယားဟာလဲ အမွှန်းတင်ခံရလွန်းတဲ့ ကစားသမားတစ်ဦးသာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ITV Sports ရဲ့ အစီစဉ်မှာတော့ အာဆင်နယ်အသင်း ကစားသွားခဲ့ပုံနဲ့ ပတ်သက်ပြီး ရွိုင်ကိန်းရဲ့ ထင်မြင်ယူဆချက်ကို မေးမြန်းခဲ့ရာ “ ဘယ်ကနေ စပြီးပြောရမယ်မှန်းတောင် မသိတော့ပါဘူး၊ ကျနော့်အမြင်မှာတော့ ပွဲတစ်ပွဲကို အကောင်းဆုံးမစတင်နိုင်တဲ့ အသင်းကို ပြပါဆိုရင် အာဆင်နယ်ကိုပဲ ညွှန်ပြရမယ် ထင်ပါတယ်။ ဒီပွဲအကြောင်း ပြောရရင် ရှက်စရာတွေချည်းပါပဲ၊ ဘောလုံးကို ဘလော့ကာကြတဲ့အပိုင်းတွေမှာ နှေးကွေးနေသလို၊ စိတ်ဓါတ်ခံယူချက်တွေကလဲ ညံဖျင်းလွန်းပါတယ်။

အားလုံးက မန်နေဂျာကြောင့်ပါ။ ကစားသမားတွေက ခွန်အားပြည့် မသုံးချင်ကြဘူး၊ ဆုံးဖြတ်ချက်က ဘာတစ်မှ ပြတ်ပြတ်သားသား မရှိဘူး၊ အသင်းကို ဦးဆောင်ဖို့ စီနီယာ ကစားသမားတောင် မရှိတော့ဘူးလားဗျာ။ ၀ီရှီးယားက အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာတယ်ဆိုတော့ ၊ ကျနော့်အမြင်မှာတော့ သူဟာ ကမ္ဘာပေါ်မှာ အမွှန်းတင်ခံရဆုံး ကစားသမားတစ်ဦးထက် မပိုပါဘူး။

ကံကောင်းလို့ ပွဲအပြီးမှာ နောက်တစ်ဆင့်ကို တက်သွားနိုင်ပေမယ့်၊ ဘယ်လို အသင်းကြီးမျိုးပဲ ဖြစ်ပါစေ ပွဲအစပိုင်းမှာကတည်းက ကောင်းကောင်းမကစားနိုင်ခဲ့ရင် ပွဲကို ပြန်လည်စိုးမိုးထားဖို့ဆိုတော တော်တော်လေး မလွယ်ကူတဲ့ ကိစ္စပါပဲ” လို့.ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်ဝင်းဂါးရဲ့ ကတော့ သူ့ရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး “ မနေ့ညက နေအထားတွေက တော်တော်လေး ခက်ခဲပါတယ်။ ကျနော်ကတော့ ဂျက်ကို ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတစ်ဦးအဖြစ် အလေးအနက် အသိအမှတ်ပြုထားတာပါ။ ဒါပေမယ့် လူတိုင်းမှာ ကိုယ့်အမြင်နဲ့ကို ပြောပိုင်ခွင့်ရှိပါတယ်။ မနေ့ညက ပွဲမှာ တစ်သင်းရဲ့ ကစားပုံကမှ မကောင်းခဲ့တော့၊ ဂျက် အနေနဲ့လဲ ခြေစွမ်းပြ ကစားနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီပွဲက သူ့ရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်လားဆိုရင်တော့ လုံးဝ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာ ဘယ်ကစားသမားမဆို အခုလို ပွဲမျိုးတွေ ရင်ဆိုင်ရနိုင်တယ်ဆိုတာ ရွိုင်ကိန်းလဲ ကောင်းကောင်းသိပြီးသား ဖြစ်မှာပါ” လို့ တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး နည်းပြကြီး အာဆင်းက “ ကစားသမား အနည်းအငယ် အပြောင်းအလဲလုပ်ခဲ့တော့ အသင်းရဲ့ စွမ်းဆောင်ရည်က အနည်းအငယ် ကျသွားခဲ့တာပေါ့။ အားလုံးကို ခြုံပြောရရင် မကြာခင်မှာ ဗိုလ်လုပွဲ တစ်ပွဲလဲ ကစားရမယ်၊ ပထမအကျော့ကလဲ 3-0 နဲ့ အနိုင်ရထားတယ်ဆိုတော့ ကစားသမားတွေရဲ့ အာရုံစူးစိုက်မှုက အပြည့်အ၀ မရှိပဲ ဖြစ်နေတာ နေမှာပါ။ ပြီးတော့ ကျနော်တို့ ရင်ဆိုင်ကစားခဲ့တဲ့ အသင်းကလဲ အသင်းကောင်းတစ်သင်းလေ။
4 ဂိုးလောက် ပြန်အသွင်းခံရပြီး၊ ပြိုင်ပွဲကနေ ထွက်ခဲ့ရနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကတော့ လက်မခံနိုင်ပါဘူး။ ကစားချိန်အတွင်း ကျနော်တို့ရဲ့ တစ်ချို့အခိုက်အတန့် တုန့်ပြန်မှုတွေက နောက်တစ်ဆင့်ကို တက်ရောက်ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်တွေ ရှိခဲ့တယ်ဆိုတာ ကျနော် ယုံကြည်မှု အပြည့်နဲ့ ပြောရဲပါတယ်။ ကျနော့်အတွက် အဓိက အာရုံစိုက်ထားတာကလဲ ဗိုလ်လုပွဲမှာ ပြင်းပြတဲ့ ဆန္ဒတွေနဲ့ ကစားပြီး နိုင်ပွဲရယူနိုင်ဖို့အတွက်ပါပဲ” လို့ ထပ်မံပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီး နဲ့ ကစားမယ့် အဆိုပါ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာတော့ ကွင်းလယ်လူတွေဖြစ်တဲ့ အိုဇေးနဲ့ ရမ်ဆေးတို့ဟာ ပါဝင်ကစားပေးဖို့ 100% ကြီး မသေချာသေးဘူးလို့ နည်းပြကြီး အာဆင်းက အခုလို ရှင်းလင်းပြောဆိုသွားခဲ့ ပါသေးတယ်။
“ ရမ်ဆေးရဲ့ အနေအထားက စနေနေ့ရောက်မှပဲ ဆုံးဖြတ်ချက် ချရမှာပါ။ သူ့ပုံစံကြည့်ရတာ အားလုံး ကောင်းမွန်နေတယ်လို့ ယူဆရပေမယ့်၊ မနက်ဖြန်ရောက်မှပဲ အသေးစိတ်သိရမှာပါ။ အိုဇေးကတော့ မနေ့က လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီကနေ့မှာ ဘာတွေ ထပ်ပြီး တိုးတက်မှုတွေ ရှိလာဦးမလဲ စောင့်တော့ကြည့်ရဦးမှာပါ။ ကျနော့်အမြင်မှာတော့ သူ ကစားပေးနိုင်လောက်ပါတယ်” လို့ေပြောဆိုသွားခဲ့ပါတယ်။

လီ​ဗာပူးသတင်းတိုများ


လီ​ဗာပူးတိုက်​စစ်​မှုး ​ရော်​ဘတ်​တိုဖာမီနို ဟာ ဇန်​န၀ါရီလအတွက်​ Standard Charter တစ်​လတာအ​ကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ဒီရာသီ ဒီဆုကို ရရှိခဲ့တဲ့ အခြားကစားသမား နှစ်​ဦးက​တော့ မိုဟာမက်​ဆာလက်​ (၄ကြိမ်​) ဒီဂျန်​လို​ဗန်​ တို့က ဆွတ်​ခူးခဲ့ပါတယ်​။
ကာရီရက်​စ်​က “​​ဗန်​ဒိုက်​ ​ဆောင်းရာသီကအသင်းကို​ရောက်​လာခဲ့ပြီး သူအခုဘယ်​လိုအထိုင်​ကျ​နေ​ကြောင်း ​တွေ့နိုင်​ပါတယ်​။ ဒါ​ပေမယ့်​ ပထမပွဲအနည်းငယ်​မှာ သူအထိုင်​ကျဖို့ အချိန်​လိုအပ်​​ကြောင်း​တွေခဲ့ရပါတယ်​။

လီ​ဗာပူး​နောက်​ခံလူဒီဂျန်​လို​ဗန်​က သူ့အ​နေနဲ့ ကလပ်​ရဲ့စံချိန်​တင်​​ပြောင်း​ရွေ့​ကြေးရှင်​ ​ဗာဂျယ်​​ဗန်​ဒိုက်​ နဲ့တွဲဖက်​ကစားရင်း အ​ကောင်းဆုံး တွဲဖက်​ခံစစ်​ကို တည်​​ဆောက်​နိုင်​မယ်​လို့ ယုံကြည်​​ကြောင်း ​ပြောသွားပါတယ်​။

လီ​ဗာပူးဟာ အသင်းရဲ့ပစ်​မှတ်​ကစားသမားဖြစ်​ခဲ့ဖူးသူ နာပိုလီ ကွင်းလယ်​လူ ဇီလင်​စကီးကို ​ခေါ်ယူဖို့ စိတ်​ဝင်​စား​နေကာ ကယ်​​ဗင်​ဒီဘရိုင်းလက်​သစ်​လို့ တင်​စားခံ​နေတဲ့ ဇီလင်​စကီးအတွက်​ နာပိုလီ ဘက်​က ​ပေါင်​သန်း ၄၀ သတ်​မှတ်​ထားပါတယ်​။
မက်​​လောရန်​ဆန်​က​တော့ လီ​ဗာပူးအသင်းဟာ လာမည့်​ဝက်​စ်​ဟမ်းအသင်းနဲ့ပွဲကို လွယ်​လွယ်​ကူကူ ပဲ အနိုင်​ရသွားလိမ့်​မယ်​လို့ ခန့်​မှန်းလိုက်​ပြီး ရလဒ်​ကို​တော့ ၃ဂိုးဂိုးမရှိ လို့ ခန့်​မှန်းထားပါတယ်​။

၎င်းရဲ့ဒီရာသီ အ​ကောင်းဆုံး သွင်းဂိုးနဲ့ပက်​သက်​ပြီး ဖာမီနိုက “မန်​စီးတီးနဲ့ပွဲကသွင်းဂိုးပါ။ အထူးသဖြင့်​ ဒီလိုပွဲမျိုးမှာ အသင်းရဲ့ကစားပုံ​ကြောင့်​ပါ။ တစ်​သင်းလုံးရဲ့စွမ်း​ဆောင်​ရည်​ဟာ အဲဒီ​နေ့မှာ အနိုင်​ရလဒ်​ ရယူနိုင်​ခဲ့တာပါ။”
အီတလီကလာတဲ့သတင်း​တွေအရ လီ​ဗာပူးအသင်းအ​နေနဲ့ ရိုးမားအသင်းရဲ့ ဘရာဇီးလက်​​ရွေးစင်​ဂိုးသမား အယ်​လီဆင်​ဘက်​ကာ ကို​ခေါ်ယူချင်​ပါက ​ပေါင်​သန်း ၉၀ ​ပေး​ချေသွားရမယ်​လို့ သိရပါတယ်​။
ပြီးခဲ့တဲ့ ဇန်​န၀ါရီအ​ပြောင်းအ​ရွေ့က ဘာ​နေ​ဗျူးမှ မထွက်​ခွာဖြစ်​ခဲ့တဲ့ ရီးရဲယ်​ကွင်းလယ်​လူ ဒါနီဆီဘယ်​​လော့ ဟာ လာမည့်​​နွေရာသီမှာ လီ​ဗာပူး အသင်းကို ​ပြောင်းရန်​ မျက်​စိကျ​နေတယ်​လို့ သိရပါတယ်​။

ကာရီရက်​စ်​က “နံပါတ်​တစ်​ဂိုးသမားအဖြစ်​ဆက်​ရှိ​နေဖို့အတွက်​ ကျွန်​​တော့်​အ​နေနဲ့ အပတ်​တိုင်း အပတ်​တိုင်း အ​ကောင်းဆုံး လုပ်​​ဆောင်​​နေဖို့လိုပါတယ်​။ ဒါမှသာ ​နောက်​ကိုပြန်​မသွားဖို့အတွက်​ အခွင့်​အ​ရေးရှိမှာပါ။ ​ရှေ့မှာအ​ရေးကြီးပွဲ​တွေ အများကြီး ကစားရဖို့ရှိ​နေပြီး အပတ်​တိုင်း အ​ကောင်းဆုံး အ​နေအထားမှာ ရှိ​နေဖို့လိုအပ်​ပါတယ်​။

မန်စီးတီး သတင်းတိုများ


“ ကျနော့်ကတော့ မန်ဒီဟာ အသင်းနဲ့အတူ နောက် 3 ပတ်အတွင်း ပြန်လည်ပူးပေါင်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သူသာ အမြန်ဆုံးသက်သာပြီး ပြန်ကစားပေးနိုင်မယ်ဆိုရင် သူ့ရဲ့ ကမ္ဘာ့ဖလား ပါဝင်ကစားခွင့်ကလဲ မျှော်လင့်ချက်တော့ ရှိလာမှာပါ။ ကံတရားအတိုင်းပဲပေါ့ဗျာ။ သူ ပြန်ကစားပေးနိုင်တော့မယ့် သတင်းကတင် ကျေနပ်စရာဖြစ်နေပါပြီ။ သူကတော့ ကမ္ဘာ့ဖလားကို ပါဝင်ကစားခွင့် ရချင်နေရှာတာပါ”
 


ဘာနာဒိုဆေးဗား
* ၀ီဂန်ပရိသတ် ဖက်က ရန်စခဲ့တာ မှန်ခဲ့သော်လဲ တိုက်စစ်မှုး အဂွေးရိုးဟာ ရှေ့နေတွေနဲ့ တိုင်ပင်အပြီးမှာတော့ အဲဒီပရိသတ်ကို တရားစွဲဆိုမှုတွေ ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

* မန်စီးတီးဟာ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ရှက်တာဒိုးနက်အသင်းရဲ့ ဘရာဇီးကွင်းလယ်လူ အသက် 24 နှစ်အရွယ် ဖရက်ကို ယူရို သန်း 50 ၀န်းကျင်နဲ့ အပြီးသတ်ခေါ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ သတင်းအချို့က ဖော်ပြလာနေကြပါတယ်။

* ရီးရဲမက်ဒရစ်အသင်းဟာ မန်စီးတီးတောင်ပံကစားသမား စတာလင်ရဲ့ စာချုပ်သစ်အနေအထားကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကစားသမားဟာ မန်စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သော်လဲ အခုချိန်ထိ တရားဝင် မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ မစတင်နိုင်သေးပါဘူး။ သူ့ရဲ့ လက်ရှိစာချုပ်ဟာ 2020 ခုနှစ်မှာ ကုန်ဆုံးမှာပါ။
* “ပက်ဂွါဒီယိုလာလို ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးဆီက ချီးကျူးစကားကြားရတာ အရမ်းကျေနပ်စရာပေါ့ဗျာ၊ ချန်ပီယံလိဂ် အုပ်စုပွဲအစဉ်အပြီးမှာတုန်းက ကျနော်တို့နှစ်ယောက် တွေ့ဆုံခဲ့ဖြစ်ခဲ့သလို၊ သူကလဲ ကျနော့်စွမ်းဆောင်ရည်ကို ချီးကျူးမိကြောင်း ပြောဆိုသွားခဲ့တာပါ။ အဲဒီအတွက် သူ့ကို အများကြီး ကျေးဇူးတင်ပါတယ်။

ကျနော့်အနာဂတ်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုမရှိပါဘူး။ အေးဂျင့်ဖြစ်သူက အားလုံးကို တာဝန်ယူဆောင်ရွက်သွားပါလိမ့်မယ်။ လက်ရှိမှာတော့ ကျနော်ရဲ့ စာချုပ်ဟာ ရှက်တာဒိုးနက် ချုပ်ဆိုတာမို့ ဒီအသင်းအတွက်ပဲ အာရုံစိုက်နေတာပါ”
ဖရဒ် (ရှက်တာဒိုးနက်ကွင်းလယ်လူ) ရဲ့ ရိုးမားနဲ့ ပွဲအပြီး ပြောစကား
* မန်ဒီရဲ့ ကမ္ဘာ့ဖလား ကစားခွင့်နဲ့ ပတ်သက်ပြီး ပြင်သစ်နည်းပြ ဒက်ချမ့်ကတော့
“ ဒီလိုအချိန်အမှာတော့ ကျနော့်မှာလဲ သူ့အတွက် တိကျတဲ့ အဖြေတစ်ခု မရှိသေးသလို၊ သူ့ဆီမှာလဲ တိကျတဲ့ အဖြေတစ်ခု မရှိသေးပါဘူး။ အားလုံးက သူ ပြန်ကစားပေးနိုင်မယ့်အပေါ်မှာပဲ မူတည်နေပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့သွားခဲ့ပါတယ်။