ပေါ့ဘာ အနေဖြင့် ဂွာဒီယိုလာ လက်အောက်မှာ ကစားပါက ထိပ်တန်းဆင့် ခြေစွမ်းကို ပြသနိုင် မယ် လို့ ဂျေမီရက်နက် ပြောဆို

မန်ချက် စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ ဟာ နယူးကာဆယ် အသင်း ကို ၁ – ၀ ဖြင့် ရှုံးနိမ့် ခဲ့တဲ့ ပွဲက ခြေစွမ်းတွေ အတွက် ဝေဖန် ပြောဆို မှုတွေ ခံ နေခဲ့ ရ ပါတယ် ။ ပေါ့ဘာ ဟာ အဆိုပါ ပွဲမှာ ခြေစွမ်း မပြ သနိုင် ခဲ့ဘဲ လူစားလဲ ခံခဲ့ရပြီး ရွှင်လန်းခြင်း မရှိတဲ့ ပေါ့ဘာ ရဲ့ မျက်နှာ ကို ကင်မရာ တွေ က လိုက်လံ ရိုက်ပြ ခဲ့ ပါတယ် ။

Sky Sports ရဲ့ The Debate အစီအစဉ် မှာ ပါဝင် ခဲ့တဲ့ ဘောလုံး ဝေဖန် သုံးသပ်သူ ဂျေမီရက်နက် က တော့ ပေါ့ဘာ ဟာ မန်ချက်စတာ စီးတီး နည်းပြ ဂွာဒီယိုလာ ရဲ့ လက်အောက်မှာသာ ကစား ခဲ့ရပါက ထိပ်တန်း အဆင့် ခြေစွမ်းတွေကို ပြသ နိုင် လိမ့်မယ် လို့ ပြောဆို သွားခဲ့ပြီး ပေါ့ဘာ ရဲ့ လက်ရှိ ဝေဖန် ခံရမှုတွေ ဟာ မော်ရင်ဟို ရဲ့ တာဝန်တွေ သာ ဖြစ် တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

“အခု လို အခြေအနေ ကို မြန်မြန်ကြီး ရောက်လာမယ် လို့ ကျွန်တော် တို့ မထင် ထားခဲ့ ပါဘူး ။ အာဆင်နယ် ကို အနိုင် ရခဲ့တဲ့ ပွဲမှာ ပေါ့ဘာ အထုတ် ခံ ခဲ့ရ တော့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပေါ့ဘာ မရှိဘဲ ကစား လို့ အဆင် ပြေမှာ မဟုတ်ဘူးလို့ အားလုံးက တွေးထင် ခဲ့ကြ ပါတယ် ။ အဲ့တုန်းက လူတိုင်းဟာ ပေါ့ဘာ ရဲ့ လွှမ်းမိုးမှု ကို ကောင်းကောင်း သိမြင် ခဲ့ကြပါတယ် ။ ဒါပေမယ့် အခု အချိန်မှာတော့ သူဟာ သုံးစားလို့ မရတဲ့ သူ တစ်ယောက် ဖြစ် နေပြန်ပါပီ”

“ပေါ့ဘာ ဟာ ပရီးမီးယားလိဂ် အတွက် ဒီရာသီမှာ ဝေဖန်မှု နဲ့ ချီးကျုးမှု တွေကို အမြင့်ဆုံး ခံ ခဲ့၇တဲ့သူပါ ။ ခြေစွမ်းပြ နေချိန်မှာဆိုရင် ပေါ့ဘာ ဟာ ကမ္ဘာ့အကောင်းဆုံး ဖြစ်နေပြီး ခြေစွမ်းမပြ နိုင်တဲ့ အချိန်မျိုးမှာတော့ သုံးစားလို့ မရတဲ့ သူတစ်ယောက် ဖြစ် သွားခဲ့ ပါတယ် ။ ဒါတွေ က သူ့ရဲ့ ကြေးကြီးလွန်းလှတဲ့ အပြောင်း အရွှေ့ ပမာဏ ကြောင့်လည်း ဖြစ် နိုင်ပါတယ်”

“ကျွန်တော့ အမြင် မှာတော့ ပေါ့ဘာ ရဲ့ လက်ရှိ ပုံစံတွေ အတွက် မော်ရင်ဟို မှာ တာဝန် ရှိတယ် လို့ ထင် ပါတယ် ။ လူတိုင်းက ပေါ့ဘာ ကို အကောင်းဆုံး ကွင်းလယ် လူတစ်ယောက် အဖြစ် မြင်ချင် ခဲ့တာပါ ။ ဒီ လို ဖြစ် ဖို့ အတွက် လူတွေ ရဲ့ ချစ်ခင် နှစ်သက်မှု ကို ပေါ့ဘာ လိုအပ် ပါတယ်”

“စပါး နဲ့ ပွဲမှာ ပေါ့ဘာ ကို လူစားလဲ လိုက်တာမျိုးဟာ သူ့ရဲ့ စိတ်ဓါတ်တွေ ကို သတ်လိုက်တာပါပဲ ။ နယူးကာဆယ် နဲ့ ပွဲမှာ ပေါ့ဘာ ရဲ့ ပုံစံ ဟာ အရမ်း ကျဆင်း နေခဲ့ တာ ကို အားလုံး တွေ့ရမှာပါ ။ မော်ရင်ဟို ရဲ့ ကစားသမားတွေကို ကိုင်တွယ်ပုံကို ကျွန်တော် မသိပါဘူး ။ ဒါပေမယ့် ဂွာဒီယိုလာ ဆိုရင်တော့ ပေါ့ဘာ ကို အကောင်းဆုံး ကိုင်တွယ် နိုင်မယ် ထင် ပါတယ် ။ မန်စီးတီး မှာ ပေါ့ဘာ ဖြစ်သလိုမျိုး ဒီနှစ် ထဲမှာ မမြင် မိပါဘူး”

“တကယ်လို့ ပေါ့ဘာ သာ မန်စီးတိးမှာ ကစားမယ် ဆိုရင် သူတို့ အသင်းရဲ့ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ် နေမှာ သေချာပါတယ် ။ ပက်ဟာ ကစားသမားတွေ ရဲ့ စိတ်တွေ ကို ပျော်ရွှင် အောင် ထားနိုင် တဲ့ နေရာမှာ မော်ရင်ဟို ထက် ပို သာပါတယ် ။ အခု မော်ရင်ဟို ကိုင်တွယ် နေတဲ့သူဟာ ကလေး လေး တစ်ယောက် မဟုတ် ပါဘူး ။ ကမ္ဘာ့ ကြေးအမြင့်ဆုံး ဖြစ်ခဲ့ဖူးတဲ့ ဘောလုံးသမား တစ်ယောက်ပါ”

“မော်ရင်ဟို အနေနဲ့ လက်ရှိ ကစားသမားတွေ နဲ့ တိုက်ပွဲဝင် မယ် ဆိုရင်တော့ ပေါ့ဘာ ရဲ့ အသင်းဖော်တွေ အပေါ် လွှမ်းမိုးမှု ကို ဂရုစိုက်ဖို့ လိုအပ် ပါတယ် ။ အသင်းသား တွေထဲမှာ ပေါ့ဘာ နဲ့ အရမ်းရင်းနှီးတဲ့ ကစား သမားတွေ အများကြီး ရှိသလို အ၀တ်လဲခန်းထဲမှာလည်း ပေါ့ဘာ ရဲ့ အခန်းကဏ္ဍ က အရေးပါ နေပါတယ် ။ ၀မ်းနည်းနေတဲ့ ကိုယ့်ရဲ့ စတား ကစားသမား တစ်ယောက်ဆီ ကနေ အကောင်းဆုံး ပုံစံ ကို ဘယ်တော့မှ ရနိုင် မှာ မဟုတ်ပါဘူး” လို့ ဂျေမီ ရက်နက် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် အပတ် မှာ FA Cup ပွဲစဉ် အဖြစ် ဟတ်ဒါဖီးလ်တောင်း အသင်းနဲ့ ယှဉ်ပြိုင် ကစား သွားရမှာ ဖြစ်ပြီး အဆိုပါ ပွဲ အပြီးမှာတော့ ဆီဗီးလား နဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပွဲစဉ် တွေကို ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *