နေမာ အ​ကြောင်းပဲ ​တွေး​နေ​ရင်​ အန္တရယ်​ပိုများတယ်​လို့ ဒုတိယအသင်း​ခေါင်း​ဆောင်​မာဆယ်​လို​ပြောကြား

ရီးရဲယ်​မက်​ဒရစ်​ အသင်းဟာ ယ​နေ့ညမှာ ဆိုရင်​ ပီအက်​ဂျီ အသင်းကို အိမ်​ကွင်းမှာ လက်​ခံ ယှဉ်​ပြိုင်​ ကစားရမှာ ဖြစ်​ပါတယ်​။ ရီးရဲယ်​အသင်းရဲ ဒုတိယအသင်း​​​ခေါင်း​ဆောင်​ဖြစ်​သူ မာဆယ်​လိုဟာ ပီအက်​ဂျီအသင်းနှင့်​ ရင်​ဆိုင်​ရမယ့်​ ပွဲအတွက်​ အားလုံး ကို သတိကြီးကြီးဖြင့်​ရင်​ဆိုင်​ကစားရမှာ ဖြစ်​တာ​ကြောင့်​ အာရုံ စိုက်​ကစားကြဖို့ သတင်းစာရှင်းလင်းပွဲ မှာ ​ပြောဆိုခဲ့ပါတယ်​။


” ပွဲအတွင်း မပြိုင်​ခင်​ကတည်းက ကျ​နော်​​တို့အားလုံး တက်​တက်​ကြွကြွနှင့်​ ကစားဖို့ စိတ်​အားထက်​သန်​​နေပါတယ်​။ ဘာလို့ဆို​တော့ ဥ​ရောပ ရဲ့ အသင်း​ကောင်းတစ်​သင်းကို လက်​ခံ ယှဉ်ပြိုင်​ ရ​တော့မှာ ပါ၊ ဒီပွဲမှာ အနိုင်​ရဖို့ က အရမ်းအ​ရေးကြီးပါတယ်​။

ရီးရဲယ်​မက်​ဒရစ်​ အသင်းဟာ ဆုဖလား​တွေ အများကြီး သိမ်းပိုက်းထားနိုင်​ပြီး ​သမိုင်း​ကြောင်း​ကောင်းတဲ့ အသင်းတစ်​သင်းပါ။ ​နောက်​ထပ်​ဆုဖလား​တွေ ရရှိဖို့အတွက်​ ပဲ ထပ်​မံ ပြင်​ဆင်​​နေအုံးမှာပါ။ ရရှိခဲ့တဲ့ ​အောင်​မြင်​မူ​တွေ ကပဲ ဆက်​လက်​တိုက်​ပွဲဝင်​စိတ်​ကို နိုးကြား​စေခဲ့တာပါ။ လက်​ရှိချန်​ပီယံဆိုတဲ့ ဂုဏ်​ပုဒ်​ကို ကာကွယ်​နိုင်​ဖို့ က အရမ်းအ​ရေးကြီးပါတယ်​။”


ရီးရဲယ်​မက်​ဒရစ်​ ဝါ ယခုနှစ်​ရာသီတွင်​ မနှစ်​က​အောင်​မြင်​မူများကို သာယာပြီး ရလဒ်​ဆိုး​နေသလား​မေးခွန်းများအတွက်​ မာဆယ်​လိုက” No.,လုံးဝမဟုတ်​ပါဘူး။ ကျ​နော့်​အထင်​​တော့ ရီးရဲယ်​အသင်းက အများကြီး လုပ်​မပြရ​သေးဘူးလို့ ထင်​မိပါတယ်​။ ​နောက်​ထပ်​ဘာ​တွေ လုပ်​နိုင်​တယ်​ဆိုတာ ကျ​နော်​​ကောင်း​ကောင်းသ​ဘော​ပေါက်​ပြီးသားပါ။

ရီးရဲယ်​အသင်းကို လူ​တွေ ခဏဏ​ဝေဖန်​တာ ခင်​များတို့လည်း အမြင်​ပဲ​လေ။ ဒါ​တွေက အရမ်းအ​ရေးမကြီးသလို အသင်းရဲ့ ရလဒ်​အတွက်​ ပို​ကောင်းမလာ​စေပါဘူး ။ ပွဲအတွက်​ ပဲ အာရုံစိုက်​ကစားဖို့ ပဲ အမြဲ ပြင်​ဆင်​​နေပါတယ်​။ ​ဝေဖန်​မူ​တွေ က ​ကောင်း​ကောင်းဆိုးဆိုး အမြဲရှိ​နေတာပါ။

ဇီဒန်းနှင့်​ ပတ်​သတ်​ရင်​လည်း ကျ​နော့်​တို့အားလုံးသူ့ကို ​လေးစား မူအပြည့်​ရှိပြီးသား​ထောက်​ခံပြီးသားပါ။ သူဟာ နည်းပြတစ်​​ဦးဆိုတာထက်​ ကျ​နော့်​အတွက်​​တော့ ရင်​နှီးတဲ့ မိတ်​​ဆွေတစ်​ဦးလိုပါပဲ။ သူဟာ ကစားသမား​တွေအ​ပေါ်​ပေါင်းသင်းဆက်​ဆံ​ရေးအစ အကုန်​​ကောင်းပါတယ်​။

ကျ​နော်​ရီးရဲယ်​​ရောက်​ကတည်းကဘသူ့အကူအညီ​တွေ မကင်းခဲ့ပါဘူး။ အခုထိလည်း သူ့​ကျေးဇူး​တွေ တစိတ်​တပိုင်း အဖြစ်​ကျ​နော်​မှာ ပါဝင်​​နေဆဲပါ။ လက်​ရှိအ​ခြေအ​နေ ကအားရစရာမဟုတ်​​​ပေမယ့်​ သူလည်း အသင်းအတွက်​ အများကြီးလုပ်​ပြ ထားတာ ကို ​သတိရသင့်​ပါတယ်​။ သူ့ဟာ ရင့်​ကျက်​မူ သည်းခံမူအပြည့်​အဝ ရှိသလို သူကို ကစားသမား​တွေ အားလုံး​ထောက်​ခံ ပြီးသားပါ။ သူဘာ​ပြော​ပြော ကျ​နော့်​ လိုက်​နာဖို့ ကအသင့်​ပါ။

နေမာ တစ်​​ယောက်​အ​ကြောင်းပဲ​တွေး​နေရင်​ ပိုအန္တရယ်​များတာအ​သေချာပါ။သူတို့အသင်းမှာ ကစားသမား​ကောင်း​တွေ အများ ကြီး ရှိသလို ​နောက်​ထပ်​ သတိထားရမယ့်​ ကစားသမား​တွေလည်း ရှိပါတယ်​။ ​နေမာ ဟာ ဒီနှစ်​ရာသီမှာ ထူးထူးခြားခြား လုပ်​ပြလာသလို အသင်းလိုက်​ဖွဲ့စည်းမူကလည်း အား​ကောင်း​နေပါတယ်​။ တစ်​သင်းလုံးနှင့်​ ရင်​ဆိုင်​ရမှာဆို​တော့ တစ်​သင်းလုံးကို ဂရုစိုက်​ကစားဖို့ လိုအပ်​ပါတယ်​။

နောက်​ဆုံးအ​နေနဲ ရီးရဲယ်​ပရိတ်​သတ်​​တွေ ကို ​ပြောချင်​တာ က ဘာ​နေဗျူး အမြဲ တက်​တက်​ကြွကြွနှင့်​ ကစားခဲ့သလို ပရိတ်​သတ်​​တွေ အား​ပေးမူ​တွေနှင့်​အတူ ​အောင်​ပွဲ​တွေ ဆက်​နိုင်​ခဲ့တဲ့ ​အောင်​​မြေပါ။ ကမ္ဘာ့အ​ကောင်းဆုံးကစားသမား​တွေနဲ ဖွဲ့စည်းထားတဲ့အတွက်​ ဘာမဆို လုပ်​ပြနိုင်​ပါတယ်​။ မနက်​ဖြန်​မှာ ပရိတ်​သတ်​​တွေ အား​ပေးမူက အရမ်းအ​ရေးပါတယ်​ ။ အမြဲ အား​ပေး​နေပါ။ ဒါက ​နောက်​ထပ်​ တစ်​ဆင့်​ အတွက်​ နိုင်​ပွဲ​တွေအတွက်​ အရမ်းအ​ရေးပါ​နေလို့ပါ။”လို့ မာဆယ်​လို ကသတင်းစားရှင်းလင်းပွဲ မှာ ​ပြောဆိုခဲ့ပါတယ်​။

Leave a Reply

Your email address will not be published. Required fields are marked *