ကော်​တင်​ညို ထွက်​ခွာသွားပြီး​နောက်​ပိုင်း ဖာမီနို ဟာပိုမိုအသိအမှတ်ပြု ခံ​လာရတယ်​လို့ ဆိုလိုက်​တဲ့ ယာဂန်​က​လော့

လီ​ဗာပူး မန်​​နေဂျာ ယာဂန်​က​လော့က တိုက်​စစ်​မှူး ​ရော်​ဘတ်​တိုဖာမီနို ဟာ ဖိလစ်​ပီ​ကော်​တင်​ညို အန်​ဖီးက​နေထွက်​ခွာသွားပြီး​နောက်​ပိုင်း ပိုမိုအသိအမှတ်​ပြု တန်ဖိုးထား ​ခံလာရတယ်​လို့ဆိုသွားပါတယ်​။ အသက်​ ၂၆နှစ်​အရွယ်​ ဘရာဇီး တိုက်​စစ်​မှုး ဟာ ၎င်းရဲ့ လီ​ဗာပူး ကစားသမား ဘဝ အ​ကောင်းဆုံး ရာသီတစ်​ခုကို ပိုင်​ဆိုင်​​နေပြီး ဒီရာသီ အန်​ဖီးကလပ်​အတွက်​ ပြိုင်​ပွဲစုံ သွင်းဂိုး ၂၀ ကို ပြီးခဲ့တဲ့ ​ဆောက်​သမ်​တန်​ ကိုနိုင်​ခဲ့တဲ့ပွဲမှာ ရရှိခဲ့ပါတယ်​။

ကော်​တင်​ညိုဟာ ပြီးခဲ့တဲ့ ဇန်​န၀ါရီ အ​ပြောင်းအ​ရွေ့ မှာ ဘာစီလိုနာ အသင်းကို ​ပြောင်း​ရွေ့​ကြေးယူရို သန်း ၁၆၀နဲ့​ပြောင်​​ရွေ့သွားခဲ့တာဖြစ်​ပြီး ယာဂန်​က​လော့က​တော့ ​ကော်​တင်​ညို ရဲ့ထွက်​ခွာမှုဟာ ဖာမီနို ကို လီ​ဗာပူးပိုမို ​ရေပန်းစားလာ​စေခဲ့တယ်​လို့ ဆိုသွားပါတယ်​။

လီ​ဗာပူးဟာ ယ​နေ့ညမှာ​တော့ ချန်​ပီယံလိဂ်​ ၁၆ သင်းရှုံးထွက်​အဆင့်​ ပွဲစဉ်​ ပထမအ​ကျော့အဖြစ်​​ ​ပေါ်တိုကို အ​ဝေးကွင်း မှာ သွား​ရောက်​ကစားရမှာဖြစ်​ပြီး ဖာမီနို ဟာ ​ခြေစစ်​ပွဲ အဆင်​အပါအဝင်​ ချန်​ပီယံလိဂ်​ ၈ ပွဲမှာ ၆ဂိုးသွင်းယူထားခဲ့ပါတယ်​။

ယာဂန်​က​လော့က “ကျွန်​​တော်​ လီ​ဗာပူး ကို ​ရောက်​လာခဲ့တုန်းက ဖာမီနို ဒီမှာ ရှိ​နေလို့ ​ပျော်​ရွှင်​တယ်​ဆိုတာ ချက်​ချင်း ​ပြောခဲ့ပါတယ်​။ သူမကြာ​သေးမီကမှ ထိပ်​တန်း အဆင့်​ကို တက်​လှမ်းနိုင်​ခဲ့တာ မဟုတ်​ပါဘူး။ အခုက​တော့ သူ့ရဲ့ အရည်​အ​သွေး ဟာ ပိုမိုထင်​ရှားလာခဲ့တာ ဖြစ်​နိုက်​ပါတယ်​။ ဘာလို့လဲဆို​တော့ ဖိလစ်​ပီ​ကော်​တင်​ညို ရဲ့ အ​ခြေအ​နေ​တွေဟာ သူ့ကို ဖုံးကွယ်​ထားမှု မရှိ​တော့လို့ပါ။ အခု​တော့ မြင်​ရတဲ့အတိုင်းပါပဲ။

သူဟာအရမ်းအ​ရေးကြီးတဲ့ ကစားသမားပါ။ သူဟာ အမြဲတမ်း ထူးချွန်​​ပြောင်​​မြောက်​​စွာ ချွန်ထွက်​​နေဖို့မလိုအပ်​ပါဘူး။ သူတက်​နိုင်​သ​လောက်လုပ်​တယ်​​ဆိုရင်​ပဲ ​ကောင်းပါတယ်​။ သူဟာအရည်​အ​သွေးရှိ​ပေမယ့်​ ကွယ်​​ပျောက်​​နေသူလား? ကျွန်​​တော်​က​တော့ ဒီလိုမထင်​ပါဘူး။ အခြားသူ​တွေဖာမီနိုအ​ပေါ် ဘယ်​လိုယူဆ​နေသလဲဆိုတာ ကျွန်​​တော်​မသိပါဘူး။ ဒါ​ပေမယ့်​ ​ဘောလုံး ဥာဏ်​ရှိတဲ့သူ​တွေ ဟာ သူ့ကိုမှန်​ကန်​စွာ ဆုံးဖြတ်​သွားပါလိမ့်​မယ်​။” လို့ဆိုသွားပါတယ်​။

ဖာမီနိုဟာ ဒီရာသီ လီ​ဗာပူး အသင်းအတွက်​ ၃၆ပွဲကစားထားရာမှာ သွင်းဂိုး ၂၀ အပြင်​ အသင်း​ဖော်​​တွေအတွက်​ ဂိုးဖန်​တီးမှု ၁၁ကြိမ်​ထိ ပြုလုပ်​​ပေးထားခဲ့ပါတယ်​။

#SM

Leave a Reply

Your email address will not be published. Required fields are marked *