`ဂျူ​ဗင်​တပ်​ ကို တူရင်​မှာ လာပြီး လွှမ်းမိုးကစားနိုင်​တဲ့အသင်း များများစားစား မရှိဘူး´ လို့ဆိုသွားခဲ့တဲ့ ပိုချက်​တီနို

တော့တင်​ဟမ်​ မန်​​နေဂျာ ​မော်​ရီစီယိုပိုချက်​တီနို က မ​နေ့ညက ကစားခဲ့တဲ့ ချန်​ပီယံလိဂ်​ ၁၆ သင်းရှုံးထွက်​အဆင့်​ ပွဲစဉ်​မှာ ဂျူ​ဗင်​တပ်​ အသင်းကို ပွဲအစကိုးမိနစ်​မှာတင်​ နှစ်​ဂိုးပြတ်​နဲ့ရှုံးနိမ့်​​နေခဲ့​ပေမယ့်​လည်း ၎င်းရဲ့အသင်း အ​ကောင်းဆုံး ပြန်​လာနိုင်​ခဲ့ပြီး သ​ရေရလဒ်​ကိုယူ​ဆောင်​နိုင်​ခဲ့ကာ အီတလီကလပ်​ရဲ့ နိုင်​ပွဲဆက်​​နေမှုကို ရပ်​တန့်​နိုင်​ခဲ့တဲ့အတွက် အသင်းသား​တွေရဲ့ စွမ်းေ​​​​ဆာင်ရည်ကို ကျေနပ်​​နေပါတယ်​။

ဂျူ​ဗင်​တပ်​ နဲ့ စပါးတို့ ​တွေ့ဆုံခဲ့တဲ့ ချန်​ပီယံ ၁၆ သင်းရှုံးထွက်​အဆင့်​ ပွဲစဉ်​မှာ အိမ်​ရှင်​အသင်းဟာ ကိုးမိနစ်​မှာတင်​ ဂွန်​ဇာလိုဟီဂွာအင်​ ရဲ့ဂိုး​တွေနဲ့အတူ ၂ဂိုးပြတ်​နဲ့ဦး​ဆောင်​ထားနိုင်​ခဲ့ပြီး ပွဲကိုထိန်းချုပ်​နိုင်​ခဲ့​ပေမယ့်​လည်း ဟယ်​ရီကိန်း ခရစ်​ရှန်​အဲရစ်​ဆင်​ တို့က ​ချေပဂိုး​တွေ ပြန်​လည်​သွင်းယူခဲ့ပြီး လာမည့်​လ ဝင်​ဘာ​လေမှာ ကစားရမယ့်​ ဒုတိယအ​ကျော့ မတိုင်​မီ အနည်းငယ်​အသာစီး ရယူသွားနိုင်​ခဲ့ပါတယ်​။

ဟယ်​ရီကိန်းရဲ့ ဂိုးဟာ ပြီးခဲ့တဲ့ နှစ်​ နိုဝင်​ဘာလ ၅ရက်​​နောက်​ပိုင်း ဂျူ​ဗင်​တပ်​အသင်း အိမ်​ကွင်းမှာ ပထမဦးဆုံး ​ပေးလိုက်​ရတဲ့ဂိုးဖြစ်​တဲ့အပြင်​ အဆိုပါ သ​ရေရလဒ်​ဟာ ဂျူ​​ဗင်​တပ်​အသင်း ​နောက်​ဆုံး ၁၁ပွဲမှာ ပထမဦးဆုံး နိုင်​ပွဲ​ပျောက်​ခဲ့တာပဲဖြစ်​ပါတယ်​။

ပိုချက်​တီနိုက “ကျွန်​​တော်​အရမ်းကို ဂုဏ်​ယူမိပါတယ်​။ ပြီးခဲ့တဲ့ သုံးနှစ်​အတွင်း ချန်​ပီယံလိဂ်​ ဖိုင်​နယ်​ နှစ်​ကြိမ်​တက်​​ရောက်​နိုင်​ခဲ့တဲ့အသင်း ကွင်းတွင်းအ​တွေ့အကြုံများစွာကြွယ်​ဝတဲ့ အသင်းနဲ့ရင်​ဆိုင်​ခဲ့ရာမှာ ကျွန်​တော့်​တို့ ကြီးကြယ်​တဲ့ စရိုက်​လက္ခဏာ ပြသနိုင်​ခဲ့ပါတယ်​။ ကျွန်​​တော်​တို့ဟာ ဒီပြိုင်​ပွဲမှာ အ​တွေ့အကြုံ နုနယ်​​သေးတဲ့အသင်းပါ။ ဒီလိုကစားပုံ ကို ပြသနိုင်​ခဲ့တာဟာ ဂုဏ်​ယူစရာပဲဖြစ်​ပြီး အ​ကောင်းဆုံး ကစားသွားခဲ့​တဲ့ ကစားသမား​တွေကို ဂုဏ်​ပြုလိုပါတယ်​။

ကျွန်​​တော်​အသင်းကို ချီးကျူးဖို့်​ပဲ တက်​နိုင်​ပါတယ်​။ အသင်းရဲ့လုပ်​အားဟာ Amazing ပါပဲ။ သူတို့်​အတွက်​ အရမ်းကို ဂုဏ်​ယူမိပါတယ်​။ နှစ်​ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်​​​နေခဲ့တာ​ကြောင့်​ ဒီလိုကစားပုံ လုပ်​အားကိုပြသဖို့အတွက်​ စွမ်းအင်​​တွေအများကြီိး လိုအပ်​ပါတယ်​။

ကျွန်​​တော်​တို့ဟာ အ​တွေ့အကြုံရှိလာပြီဖြစ်​တဲ့အသင်းဖြစ်​​ပေမယ့်​ ဒီပြိုင်​ပွဲမှာ ဂျူ​ဗင်​တပ်​နဲ့ နှိုင်းယှဉ်​လို့မရပါဘူး။ ကျွန်​​တော်​တို့ ပွဲအစပိုင်းမှာ မ​ကောင်းခဲ့ပါဘူး။ ဒါ​ပေမယ့်​ ကျွန်​​တော်​တို့ ဒီပြိုင်​ပွဲမှာ ယှဉ်​ပြိုင်​ဖို့လုံ​လောက်​မှု ရှိတယ်​ဆိုတာ ပြသနိုင်​ခဲ့ပါတယ်​။ ​ကောင်း​တဲ့အရာ​တွေက​တော့ ချန်​ပီယံလိဂ်​မှာ ကျွန်​​တော်​တို့ ​လေးကြိမ်​​မြောက်​ဖြစ်​ပြီး ကျွန်​​တော်​တို့ မတူညီတဲ့ ကဏ္ဍ​ပေါင်းစုံက​နေတိုးတက်​လာခဲ့ပါတယ်​။ ဒါဟာ​နောက်​ဆုံး ကဏ္ဍပါ။ ဒါ​ပေမယ့်​ ဒီပြိုင်​ပွဲမှာ ဆက်​ရှိ​နေဖို့ ကြိုးစားသွားရမှာဖြစ်​ပြီး ကြီးမားတဲ့​အောင်​မြင်​မှု​တွေအတွက်​ တိုက်​ပွဲဝင်​သွားရမှာပါ။

စော​စောစီးစီး ၂ဂိုး ရှံး​နေချိန်​မှာ ကျွန်​​တော့်​ခံစားချက်​မ​ကောင်းခဲ့ပါဘူး။ ပထမဂိုးကို ဒီလို ပေးရမယ်​လို့ မထင်​ထားခဲ့ပါဘူး။ လူကျွံ​ဘောဖြစ်​နိုင်​​ပေမယ့်​ ကျွန်​​တော်​ဘယ်​​တော့မှ ​စောဒကမတက်​ပါဘူး။ ကျွန်​​တော်​တို့ ဒီလို​ခြေ​ချော်​လို့်မရပါဘူး။ ကျွန်​​တော်​တို့ ပိုမိုမာ​ကျောဖို့်​လိုပါ​သေးတယ်​။ ဒါ​ပေမယ့်​ ဂျူ​ဗင်​တပ်​ အသင်းကို ၈၃မိနစ်​​လောက်​လွှမ်းမိုးကစားထားနိုင်​တာကို​တော့ ချီးကျူးရမယ့်အရာပါ။ ဂျူ​ဗင်​တပ်​ ကို တူရင်​မှာ လာပြီး လွှမ်းမိုးကစားနိုင်​တဲ့အသင်း များများစားစား မရှိပါဘူး။” လို့​ပြောသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *