ပီအက်ဂျီနဲ့ပွဲဟာ ကျွန်တော့်အတွက် နောက်ဆုံးပွဲစဉ် မဟုတ်ပါဘူး – ဇိဒန်း

ရီးရဲယ်မက်ဒရစ်နည်းပြ ဇနက်ဒင်းဇိဒန်းက ပီအက်ဂျီနဲ့ပွဲစဉ်အတွက် သူ့အနေနဲ့ ဘာမှစိတ်ပူပန်ခြင်းမရှိဘူးလို့ဆိုသွားခဲ့ပြီး ပြင်သစ်ကလပ်ကို ရှုံးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာ၇မယ့် အရေးကို ဖိအားအဖြစ် မခံစားရဘူးလို့ ဆိုသွားပါတယ်။

“ဒါဟာ ကျွန်တော့်အတွက် ဖိုင်နယ်မဟုတ်ပါဘူး။ ပီအက်ဂျီနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ် နှစ်ပွဲက တစ်ပွဲလို့ပဲ ကျွန်တော်မှတ်ယူပါတယ်။ ကျွန်တော်တို့ လုပ်သွားရမယ့်အရာ ကျွန်တော့်ကို စိတ်ဝင်စားစေတာကတော့ အကောင်းဆုံးကစားသွားနိုင်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ အသင်းဟာ နောက်တဆင့်ကို တက်ရောက်ဖို့အတွက် အခွင့်အရေး ကောင်းရှိနေလို့ပါပဲ။”

ရီးရဲယ်ကွင်းလယ်လူဟောင်းဂူတီဟာ ဇိဒန်းထွက်ခွာ သွားခဲ့တဲ့ အခါ ရီးရဲယ်မက်ဒရစ်နည်းပြရာထူးအတွက် စိတ်ဝင်စားတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး အဆိုပါကိစ္စနဲ့ပက်သက်ပြီး ဇိဒန်းက ယခုလိုပြောသွားပါတယ်။

“သူဟာ ဒီအလုပ်ကို ကောင်းကောင်းလုပ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ အခုသူလုပ်နေတဲ့အရာဖြစ်ပြီး တစ်နေ့မှာ ရီးရဲယ်နည်းပြရာထူးကိုဆက်ခံဖို့ သူပြင်ဆင်နေပါတယ်။ သူအကောင်းဆုံးလုပ်နေပါတယ်။ သူဟာ မထူးချွန်တဲ့ နည်းပြလို့ ကျွန်တော်မထင်ပါဘူး။
သူဟာကလပ်မှာ အမြဲလိုလိုရှိနေပြီး တစ်နေ့မှာ ရီးရဲယ်ကို ကိုင်တွယ်သွားဖို့ ဟာ သူ့ရဲ့အိမ်မက်ပါပဲ။ ဘာလို့မဖြစ်နိုင်ရမှာလဲ?

လူတော်တော်များများကတော့ ဇိဒန်းရဲ့ နည်းပြရာထူး တည်မြဲရေးဟာ ဒီရာသီဥရောပအောင်မြင်မှုနဲ့ သက်ဆိုင်တယ်လို့ယူဆနေကြပြီး ပြင်သစ်နည်းပြကတော့ “ရိုးရိုးသားသားပြောရရင် ကျွန်တော့်ရဲ့အနာဂတ်အတွက် ကြိုတင်မတွေးထားပါဘူး။ ပီအက်ဂျီနဲ့ပွဲကိုသာ အာရုံစိုက်ထားပါတယ်။ ကျန်တာအားလုံးကို ကျွန်တော်ထိန်းချုပ်လို့ မရပါဘူး။ ကျွန်တော်လုပ်နိုင်တာကတော့ ဒီပွဲအတွက်ပြင်ဆင်သွားဖို့ပါ။ ဒီပွဲနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေဟာ ကျွန်တော့်အတွက် အရေးပါပါတယ်။ အနာဂတ်အရေးဟာ ကိစ္စမရှိပါဘူး။”

BBC တိုက်စစ်နဲ့ပက်သက်ပြီး “ကျွန်တော်စိတ်ဝင်စားတာကတော့ ရီးရဲယ်အသင်း ဒီပွဲအတွက် အာရုံစိုက်ထားဖို့ပါ။ ကျွန်တော်တို့ရဲ့ ဘီဘီစီ (ဘေး ဘန်ဇီးမား စီရော်နယ်ဒို) တို့ကစားသွားမလားဆိုတာ မနက်ဖြန်မှာ မြင်ရမှာပါ။ ကျွန်တော့်အတွက် system ကအရေးမကြီးပေမယ့် ကျွန်တော်တို့ဘယ်လို ကစားသွားမလဲဆိုတာကအရေးပါပါတယ်။

စီရော်နယ်ဒို နေမာ တို့ရဲ့အားပြိုင်မှု
“ကျွန်တော်တို့ဟာ အကြီးကြယ်ဆုံးကစားသမား နှစ်ဦးအကြောင်းကို ပြောနေတာပါ။ ဒါပေမယ့် မနက်ဖြန်မှာတော့ ပီအက်ဂျီ နဲ့ ရီးရဲယ်မက်ဒရစ်ပွဲပါပဲ။ စီရော်နယ်ဒို နဲ့ နေမာရဲ့ပွဲမဟုတ်ပါဘူး။ သူတို့ကိုအခုချိန်မှာ နှိုင်းယှဉ်သွားမှာမဟုတ်ပါဘူး။ စီရော်နယ်ဒိုဟာ အလွန်ထူးကဲပြောင်မြောက်တဲ့အရာတွေကို အောင်မြင်ခဲ့ပြီးသားပါ။ သူဟာ ဘလွန်းဒီအော ငါးဆုပိုင်ဆိုင်ထားပါတယ်။

နေမာ ဘာလုပ်နိုင်သလဲဆိုတာ ကျွန်တော်တို့အားလုံးသိထားပြီးသားပါ။ သူဟာအရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားပြီး ခြားနားမှုကို ပြုလုပ်နိုင်သူပါ။ ဒါပေမယ့် ဒါဟာ ရီးရဲယ်မက်ဒရစ် Vs ပီအက်ဂျီ ပွဲပါပဲ။” လို့ ဇိဒန်းကေပြောသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *