သူ့နှလုံးသားထဲမှာ ဘာစီလိုနာက နေရာယူထားတယ်လို့ ပြောဆိုလိုက်တဲ့ ဂျပ်စတင်ကလွိုက်ဘတ်

အေဂျက်အသင်းရဲ့ ဆယ်ကျော်သက် လူငယ် တောင်ပံကစားသမား ဂျပ်စတင် ကလွိုက်ဗက်တော့ သူ့အနေနဲ့ လာမယ့် နှစ်အနည်းငယ်အတွင်း ပရီးမီးယားလိဂ် ကလပ်တွေမှာ ကစားဖွယ်ရှိတယ်လို့ ပြောဆိုလိုက်သလို၊ ဘာစီလိုနာကလဲ သူ့ရဲ့ နှလုံးသားထဲက ကလပ်အသင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။


သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းက သတင်းတွေထွက်ပေါ်ထားခဲ့ဖူးသလို၊ ကနဦး ပြောင်းရွှေ့ကြေး ပေါင် 10 သန်းဝန်းကျင်နဲ့ ကြိုးစားနေတဲ့အကြောင်း မကြာခင်ကမှ သတင်းတွေ ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်။

သူဟာ ဒီရာသီမှာ အေဂျက်အတွက် စုစုပေါင်း 16 ပွဲပါဝင်ကစားပေးထားပြီး၊ 6 ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု 4 ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့သလို၊ အေဂျက်အသင်းကိုလဲ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။


Helden နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဂျပ်စတင်က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး “ တကယ်တမ်း ကောင်းမွန်တဲ့ ကမ်းလှမ်းမှုမျိုး ရလာရင် ဘာတွေဖြစ်လာမလဲဆိုတာ ပြောထားလို့ မရသေးပါဘူး။

အင်္ဂလန်က ကလပ်တွေကတော့ ကျနော့်ကို စိတ်ဝင်စားတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်၊ စပါး၊ ချဲဆီး နဲ့ ယူနိုက်တက်တို့ကတော့ အသင်းကောင်းတွေဖြစ်တာမို့ ၊ မကြာခင်နှစ်တွေအတွင်း ကျနော်လဲ အဲဒီ ကလပ်မျိုးတွေမှာ ကစားပေးနိုင်ဖို့ အခွင့်အရေးတွေ ရလာနိုင်ပါတယ်။

ကျနော် ဘယ်နိုင်ငံပဲ သွားသွား လူတိုင်းက ကျနော့်အဖေကို သိနေကြတာဗျ။ သူကလဲ ကျနော့်ကို ဘာစီလိုနာကို သွားကစားပါ့လားဆိုပြီး အမြဲတိုက်းတွန်းနေသလို၊ နူးကမ်းကွင်းကြီးထဲ အလည်သွားချင်ရင်လဲ စီစဉ်ပေးမယ်လို့ ပြောထားပါတယ်။


ကျနော့် ဆန္ဒကတော့ ရီးရဲမက်ဒရစ်ထက်စာရင် ဘာစီလိုနာမှာပဲ ကစားပေးချင်ပါတယ်။ ဘာစီလိုနာက ကျနော့်ရဲ့ နှလုံးသားထဲက ကလပ်ပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဂျပ်စတင်ရဲ့ ဖခင် ပက်ထရစ် ကလွိုက်ဗတ်ဟာ ဘာစီလိုနာအသင်းမှာ ကစားပေးခဲ့ဖူးပြီး၊ လာလီဂါဖလားရယူပေးခဲ့သလို၊ စုစုပေါင်း 124 ဂိုးအထိ သွင်းယူပေးထားတဲ့ တိုက်စစ်မှုးဟောင်းလဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *