ဂါရတ်ဘေးလ် ဟာ နေမာ လောက် တန်ကြေး ရှိပါတယ် လို့ အေးဂျင့် ပြောကြား

ရီးရဲ မက်ဒရစ် အသင်းရဲ့ တောင်ပံ ကစားသမား ဂါရတ်ဘေးလ် ဟာ ဘာစီလိုနာ က နေ PSG အသင်းထံ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ပြောင်းရွှေ့ သွားခဲ့တဲ့ ဘရာဇီး စတား နေမာ ရဲ့ တန်ကြေး နဲ့ ညီမျှ တဲ့ ကစား သမား ဖြစ်ကြောင်း အေးဂျင့် ဖြစ်သူက ပြောဆို သွားခဲ့ ပါတယ် ။ နေမာ ဟာ ပြီးခဲ့တဲ့ နွေရာသီ က ဘာစီလိုနာ အသင်း က နေ PSG အသင်းထံ ပေါင် ၁၉၈ သန်း ( ယူရို ၂၂၂ သန်း ) ဖြင့် ပြောင်းရွှေ့ သွားခဲ့ တာ ဖြစ်ပြီး ဘောလုံး အားကစား သမိုင်းတစ် လျောက် ကြေးအမြင့်ဆုံး အပြောင်း အရွှေ့ အဖြစ် မှတ်တမ်း စံချိန် ၀င် သွားခဲ့ ပါတယ် ။

ဂါရတ်ဘေးလ် ရဲ့ အေးဂျင့် ဖြစ်သူ ဂျွန်နသန် ဘားနတ် က တော့ အီတလီ အားကစား သတင်းစာ Tuttosport နဲ့ အင်တာဗျုးခန်းမှာ ဘေးလ် ရဲ့ တန်ကြေး ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပြီး သူ့ရဲ့ ကစားသမား ဟာ ရီးရဲ မက်ဒရစ် အသင်းမှာပဲ ပျော်ရွှင် နေပါတယ် လို့ လည်း ဆိုသွားခဲ့ ပါတယ် ။

“ဘေးလ် ဟာ အနည်းဆုံး ယူရို ၂၂၂ သန်း တန်ပါတယ် ။ နေမာ ရဲ့ ပြောင်းရွှေ့ ကြေးလောက် ပေါ့ ။ ဒါပေမယ့် သူ အခု ရီးရဲမက်ဒရစ် မှာ အရမ်း ပျော်နေ ပါတယ် ။ ဘေးလ် ဟာ မက်ဒရစ် ကို ချစ် ပါတယ် ။ သူ ဒီမှာ ဆက် နေဖို့ အတွက် ရိုနယ်လ်ဒို ထွက်သွား ပေးဖို့လည်း မလိုပါဘူး ။ ဘေးလ် ဟာလည်း ရီးရဲ မက်ဒရစ် ရဲ့ စတား တစ်ယောက် ပါပဲ” လို့ ဂျွန်နသန် ဘားနက် က ပြောဆို သွားခဲ့ ပါတယ် ။

ဘေးလ် ဟာ ရီးရဲ အသင်းမှာ ဒဏ်ရာ ပြဿနာ တွေ နဲ့ ရုန်းကန် ခဲ့ရပြီး နည်းပြ ဇီဒန်း လက်အောက်မှာ ပုံမှန် ပွဲထွက် ခွင့် မရရှိ ဖြစ်နေသူ ဖြစ် ပါတယ် ။ ဒီရာသီ မှာ ဘေးလ် ဟာ အသင်း အတွက် ပွဲ ၂၀ သာ ပါဝင် ကစား ပေးထားခဲ့ ရပါတယ် ။ ဒါပေမယ့်လည်း ဘေးလ် ဟာ ၉ ဂိုး အထိ သွင်းယူ ပေးထား ခဲ့ပြီး ၅ ဂိုး ဖန်တီပေး ထားခဲ့ ပါတယ် ။

ဂါရတ် ဘေးလ် ကို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်း က စိတ်ဝင် တစား စောင့် ကြည့်နေပြီး လာမယ့် ရာသီ သစ်အတွက် ခေါ်ယူဖို့ စဉ်းစား ထားတဲ့ ကစားသမား တစ်ဦး ဖြစ်တယ် လို့လည်း သိရ ပါတယ် ။

ဘေးလ် ဟာ ရီးရဲ အသင်းထံ မပြောင်းရွှေ့ မီ စပါး အသင်းမှာ ကစား နေစဉ် က အီတလီ စီးရီးအေ ကလပ် အသင်း တစ်သင်းထံ ပြောင်းရွှေ့ ဖို့ နီးစပ် ခဲ့ဖူး ကြောင်း ဘားနက် က ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။ ဒါပေမယ့် လက်ရှိ အချိန် ( သို့ ) မဝေးလှတဲ့ အနာဂါတ် မှာ စီးရီးအေ ကို ပြောင်းရွှေ့ လာဖို့ ဖြစ်နိုင် မလား ဆိုတဲ့ မေးခွန်း ကို တော့ ဘားနက် က ငြင်းဆန် သွားခဲ့ ပါတယ် ။

“ဘောလုံး မှာ အရာ အားလုံးက လျှင်လျှင် မြန်မြန် ပဲ ဖြစ်ပျက် သွား တက် ပါတယ် ။ ဘာတွေ ဖြစ်မလဲ ဆိုတာ ကိုယ်ကို တိုင်တောင် မသိနိုင် ပါဘူး ။ ဒါပေမယ့် အရိုးသား ဆုံး ပြောရရင် တော့ လက်ရှိ အချိန်မှာ ဘယ် အီတလီ အသင်းကမှ ဘေးလ် ကို မတက်နိုင် ( ၀ယ်ယူဖို့ ) ပါဘူး” လို့ ဘားနက် က ဖြေကြား သွားခဲ့ ပါတယ် ။

ဘေးလ် ဟာ ရီးရဲမက်ဒရစ် အသင်းးထံ စပါး အသင်းကနေ ၂၀၁၃ ခုနှစ် က ပြောင်းရွှေ့ လာခဲ့ သူ ဖြစ်ပြီး လာလီဂါ ချန်ပီယံ ၁ ကြိမ် ၊ ကိုပါဒယ်ရေး ဖလား ၁ ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၃ ကြိမ် ၊ ဥရောပ စူပါဖလား ၂ ကြိမ် နဲ့ ဖီဖ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ် ရယူ ထားနိုင် ခဲ့ ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *