မိုက်​ကယ်​အိုဝင်​ရဲ့ ချန်​ပီယံလိဂ်​ ခန့်​မှန်းချက်​များ

ချန်​ပီယံလိဂ်​ပွဲစဉ်​​တွေ ပြန်​လည်​​ရောက်​ရှိလာခဲ့ပါပြီ။ ယခုတစ်​ပတ်​မှာ ကစားရမယ့်​ ၁၆သင်းရှုံးထွက်​အဆင့်​ မှာ​တော့ ပရီးမီးယားလိဂ်​ အသင်းသုံးသင်းဖြစ်​တဲ့ မန်​ချက်​စတာစီးတီး ​တော့တင်​ဟမ်​ နဲ့ လီ​ဗာပူး ပွဲစဉ်​​တွေပါဝင်​​နေပြီး ရီးရဲယ်​မက်​ဒရစ် Vs ပီအက်​ဂျီ ပွဲဟာလည်း စိတ်​လှုပ်​ရှားစရာပါ။ BetVictor ရဲ့ မိုက်​ကယ်​အိုဝင်​ က​တော့ ယခုတစ်​ပတ်​ ချန်​ပီယံလိဂ်​ ပွဲ​တွေကို ယခုလိုပဲခန့်​မှန်​လိုက်​ပါတယ်​။

ဘေဆယ်​ Vs မန်​စီးတီး
ဘေဆယ်​ဟာ ချန်​ပီယံလိဂ်​ ၁၆သင်းရှုံးထွက်​အဆင့်​ က​နေတစ်​ခါမှ မ​ကျော်​ဖြတ်​နိုင်​ခဲ့ပါဘူး။ St Jacob park မှာကစားခဲ့တဲ့ပွဲပြီးရင်​​တော့ မန်​စီးတီးအသင်း ကွာတားဖိုင်​နယ်​ကို ​ခြေတစ်​ဖက်​လှမ်းနိုင်​မယ်​လို့ ကျွန်​​တော်​ထင်​ပါတယ်​။

စီးတီးဟာ ချန်​ပီယံလိဂ်​ ရှုံးထွက်​အဆင့်​​တွေမှာ အ​ဝေးကွင်း ​ခြောက်​ပွဲမှာ တစ်​ပွဲသာအနိုင်​ရရှိခဲ့ပြီး clean-sheets လည်းတစ်​ပွဲမှ မရယူနိုင်​​သေးပါဘူး။ ဒါ​ပေမယ့်​ စီးတီးဟာ လက်ရှိမှာ ​ဘေဆယ်​နဲ့​ခြေစွမ်းခြင်းကွာခြားလွန်း​နေပြီး ဆွစ်​ဇာလန်​ကလပ်​ကို အ​ဝေးကွင်း မှာ ဂိုး​တွေသွင်းယူနိုင်​ပါလိမ့်​မယ်​။

ဘေဆယ်​က​တော့ ​နောက်​ဆုံး ချန်​ပီယံလိဂ်​ အိမ်​ကွင်း ငါးပွဲမှာ ​လေးပွဲနိုင်​ခဲ့တယ်​ဆိုတဲ့ စိတ်​ဓာတ်​နဲ့ အင်္ဂလန်​ကလပ်​ကို ရင်​ဆိုင်​သွားမှာဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​ စီးတီိးဟာ ချန်​ပီယံလိဂ်​ပြိုင်​ပွဲနဲ့ တစ်​ဖြည်းဖြည်း အသားကျလာခဲ့ပြီး ၎င်းတို့​ရောက်​ခဲ့ဖူးတဲ့ ဆီမီးဖိုင်​နယ်​အဆင့်​ထက်​ ပိုမိုတိုးတက်​ဖို့်​ ဒီရာသီမှာ ပစ်​မှတ်​ထား​နေပါတယ်​။

ခန့်​မှန်းချက်​ – ​ဘေဆယ်​ 1 – 4 မန်​စီးတီး

ဂျူ​ဗင်​တပ်​ Vs စပါး
ဂျူ​ဗင်​တပ်​အသင်းဟာ ​ချန်​ပီယံလိဂ်​ မှာ ​နောက်​ဆုံး အိမ်​ကွင်း ၂၂ပွဲဆက်​ရှုံးနိမ့်​ထားခဲ့ခြင်းမရှိဘဲ Juventus Stadium မှာကစားခဲ့တဲ့​နောက်​ဆုံး ချန်​ပီယံလိဂ်
အိမ်​ကွင်း ၁၄ပွဲမှာ ၉ပွဲထိ Clean-sheets ရယူထားနိုင်​ခဲ့ပါတယ်​။ စပါးအသင်းဟာ ဆိုရင်​လည်း ဒီရာသီ ချန်​ပီယံလိဂ်​ အုပ်​စုအဆင့်​မှာ ရှုံးပွဲမရှိခဲ့တဲ့ ​လေးသင်းထဲတစ်​သင်းဖြစ်​ပြီး သူတို့တူရင်​မှာ ဂိုးသွင်းနိုင်​မယ်​လို့ ကျွန်​​တော်​ခံစားမိပါတယ်​။

ဟယ်​ရီကိန်းဟာ ဒီပြိုင်​ပွဲမှာ စပါးအသင်း ရရှိခဲ့တဲ့ သွင်းဂိုး ​တွေရဲ့ ထက်​ဝက်​​ကျော်​​လောက်​ပါဝင်​ပက်​သက်​ခဲ့ပြီး စပါးအသင်းရဲ့ ၁၅ဂိုးမှာ ၆ဂိုး သွင်းကာ ၂ဂိုး ဖန်​တီး​ပေးခဲ့ပါတယ်​။ ​ခြေစွမ်းညီတဲ့အသင်း နှစ်​သင်း ဒီအဆင့်​မှာ လာ​ရောက်​​တွေ့ဆုံ​နေတာဖြစ်​ပြီး နှစ်​သင်းစလုံး ဂိုး​တွေသွင်းယူနိုင်​ကြမယ့်​အပြင်​ အရမ်း​ကောင်းတဲ့ပွဲတစ်​ပွဲ ဖြစ်​လာမယ်​လို့ ကျွန်​​တော်​ ​မျှော်​လင့်​ထားပါတယ်​။

ခန့်​မှန်းချက်​ – ဂျု​ဗင်​တပ်​ 2 – 1

ပေါ်တို Vs လီ​ဗာပူး

လီ​ဗာပူးအသင်းဟာ ၎င်းတို့​ရောက်​​နေကျဖြစ်​တဲ့ ချန်​ပီယံလိဂ်​ရှုံးထွက်​အဆင့်​ ကို လွန်​ခဲ့တဲ့ ၂၀၀၈-၀၉ ​နောက်​ပိုင်း ပထမဦးဆုံးအကြိမ်​ တက်​​​ရောက်​နိုင်​ခဲ့တာဖြစ်​ပါတယ်​။ လီ​ဗာပူး ဟာ ​ပေါ်တူဂီ ချန်​ပီယံ နဲ့​နောက်​ဆုံး​တွေ့ဆုံခဲ့တဲ့ ​လေးကြိမ်​စလုံးရှုံးပွဲမရှိခဲ့ဘဲ လာမည့်​​ဗုဒ္ဓဟူး​နေ့ ​မှာ​တော့ ငါးကြိမ်​​မြောက်​မှတ်​တမ်းရရှိသွားမယ်​လို့ ကျွန်​တော်​ထင်​ပါတယ်​။

လီ​ဗာပူး ဟာ ချန်​ပီယံလိဂ်​ အုပ်​စု ၆.ပွဲမှာ ၂၃ဂိုးထိသွင်းယူခဲ့​ပေမယ့်​ ​ပေါ်တိုဟာ အိမ်​ကွင်းမှာ clean-sheet ရယူကာ အန်​ဖီးမှာသွား​ရောက်​ကစားဖို့ ​မျှော်​လင့်​ချက်​နဲ့ ထိန်းကစားသွားမယ်​လို့ ကျွန်​​တော်​ထင်​ပါတယ်​။ ယာဂန်​က​လော့ရဲ့အသင်းကွာတားဖိုင်​နယ်တက်​မယ်​လို့ ကျွန်​​တော်​ယုံကြည်​ထား​ပေမယ့်​ သူတို့ ပထမအ​ကျော့အ​ဝေးကွင်း ပွဲစဉ်​မှာ ​သ​ရေရလဒ်​နဲ့ ​ကျေနပ်​ခဲ့ရရင်​လည်း ကျွန်​​တော်​ အံ့သြမိမှာမဟုတ်​ပါဘူး။

ခန့်​မှန်းချက်​ – ​ပေါ်တို 1 – 1 လီ​ဗာပူး

ရီးရဲယ်​မက်​ဒရစ် Vs ပီအက်​ဂျီ

ရီးရဲယ်​မက်​ဒရစ် ဟာ ပြီးခဲ့တဲ့ ၇ရာသီလုံး အနည်းဆုံး ဆီမီးဖိုင်​နယ်​ အဆင့်​ထိ တက်​လှမ်းနိုင်​ခဲ့ပါတယ်​။ ပြီးခဲ့တဲ့ ရာသီက​တော့ ရီးရဲယ်​မက်​ဒရစ် ဟာ လွန်​ခဲ့တဲ့ ၂၀၁၀ ခုနှစ်​​နောက်​ပိုင်း ရှုံးထွက်​အဆင့်​​ကို အုပ်​စု ဒုတိယ​နေရာနဲ့တက်​​ရောက်​နိုင်​ခဲ့ပြီး ချန်​ပီယံလိဂ်​ဖလား ​ဗိုလ်​စွဲခဲ့တဲ့ ပထမဦးဆုံး ကလပ်​ဖြစ်​လာခဲ့ပါတယ်​။

ဒီပွဲစဉ်​ဟာ ချန်​ပီယံလိဂ်​ ၁၆.သင်းရှုံးထွက်​အဆင့်​ မှာ စိတ်​ဝင်​တစား ​စောင့်​ကြည့်​သွားရမယ့်​ပွဲစဉ်​တစ်​ခုပါပဲ။ ပီအက်​ဂျီအသင်းဟာ ​နောက်​ဆုံး ချန်​ပီယံလိဂ်​ အ​ဝေးကွင်းပွဲ​တွေမှာ ရလဒ်​မ​ကောင်းခဲ့ တာ​ကြောင့်​ ပဲရစ်​မှာကစားရမယ့်​ ဒုတိယအ​ကျော့ မတိုင်​မီ ရီးရဲယ်​အသင်း ဦး​ဆောင်​ထားနိုင်​မယ်​လို့ကျွန်​​တော်​ထင်​ပါတယ်​။

ခရစ်​စတီယာနို​ရော်​နယ်​ဒို ယခုတစ်​ပတ်​မှာ ဟက်​ထရစ်​ သွင်းယူထားတာကို ကျွန်​​တော်​သတိပြုမိပါတယ်​။ ဒီရီးရဲယ်​အသင်းဟာ မှန်​ကန်​တဲ့အချိန်​မှာ ဘယ်​လိုအမြင့်​ဆုံးစွမ်းရည်​ကို ပြသရမလဲဆိုတာ သိ​နေပါတယ်​။ ရီးရဲယ်​အသင်း အိမ်​ကွင်းမှာ နိုင်​ပွဲရမယ်​လို့ကျွန်​​တော်​​မျှော်​လင့်​ထားပါတယ်​။

ခန့်​မှန်းချက်​ – ရီးရဲယ်​မက်​ဒရစ် 2 – 1

Leave a Reply

Your email address will not be published. Required fields are marked *