ပီအက်​ဂျီအသင်းအ​နေဖြင့် အ​တွေ့အကြုံ ပိုင်းမှာ ရီးရဲယ်​ကို ယှဉ်​နိုင်​ လိမ့်​မယ့်​မထင်​ဘူး ​#​ရော်​နယ်​ဒို

ရီးရဲယ်​မက်​ဒရစ်​ အသင်းဟာ ပီအက်​ဂျီ အသင်းမှာ အိမ်​ကွင်းမှာ လက်​ခံ ယှဉ်​ပြိုင်​ ရ​တော့ မှာ ဖြစ်​ပါ တယ်​​။
ပီအက်​ဂျီအသင်းဟာ အင်​အား ကြီး အသင်းတစ်​သင်းဖြစ်​လို့တယ်​လို့  ​ရော်​နယ်​ဒို က ချီးကျူး​ပြောဆိုလိုက်​ ပြီး
ရီးရဲယ်​မက်​ဒရစ်​ အသင်းဟာလည်း အင်​အားကြီးအသင်းဖြစ်​တာ​ကြောင့်​ အ​တွေ့အကြုံ ပိုင်းမှာ ရင့်​ကျက်​မူ အပြည့်ရှိ​နေတယ်​လို့​ပြောဆိုလိုက်​ပါတယ်​​။


ရော်​နယ်​ဒို ဟာ ယခုနှစ်​ရာသီ တွင်​ ပုံစံ​ကောင်းများ ​ပျောက်​ဆုံး​နေ​ပေမယ့်​ ပြီးခဲ့တဲ့ ရီးရဲယ်​ဆိုစီဒက်​ ကို ဂိုး ပြတ်​အနိုင်​ ရရှိခဲ့တဲ့ ပွဲတွင်​ ဟက်​ထရစ်​ရယူ ထားနိုင်​ခဲ့ သလို တခဏအ​တောအတွင်းမှာပဲ ​ရော်​နယ်​ဒို ရဲ့ သွင်းဂိုးဟာ ၁၁ဂိုးထိရှိပြီး ပြိုင်​ပွဲစုံသွင်းဂိုးဟာ အဓိကပြိုင်​ဘက်​ မက်​ဆီ ထက်​ ၅ဂိုးပဲ ​လျော့နည်း လာပါ​တော့တယ်​။

ချန်​ပီယံလိဂ်​မှာ ဆိုရင်​လည်း ​ရော်​နယ်​ဒို ဟာ ၉ ဂိုးအထိ သွင်းယူ ကာ ဂိုးအများဆုံးကစားသမားအဖြစ်​ ဦး​ဆောင်​​နေပါတယ်​။ အုပ်​စုအဆင့်​တွင်​ ပြိုင်​ဘက်​အသင်းအားလုံးကို ဂိုးသွင်းယူနိုင်​တဲ့ ပထမဆုံးကစားသမားအဖြစ်​စံချိန်​တင်​ထား နိုင်​တဲ့ ​ရော်​နယ်​ဒို ဟာ ပီအက်​ဂျီနှင့်​ ပွဲအတွက်​ သူ့ရဲ့အမြင်​​တွေ ကို​ပြောဆိုလိုက်​ပါတယ်​။


” အ​ကောင်းဆုံး ကစားသမား​တွေ ရှိတဲ့ အသင်း​ကောင်းတစ်​သင်းကို ရင်​ဆိုင်​ရ​တော့မှာပါ။ ရီးရဲယ်​အသင်းကလည်း အုပ်​စုအဆင့်​မှာ ကတည်းက အ​ကောင်းဆုံးပုံစံပြသထားတယ်​ဆို တာ မ​မေ့​စေချင်​ပါဘူး။ အ​တွေ့အကြုံပိုင်း အရ PSGအသင်းထက်​ ပိုမို သာလွန်​​နေမှာ အ​သေချာပါပဲ။

နောက်​တစ်​ဆင့်​ တက်​ ဖို့ကအလွန်​အ​ရေးကြီးပါတယ်​။ နှစ်​​ကျော့လုံးကို အာရုံစိုက်​ကစားဖို့ လိုအပ်​ပါတယ်​။ ပီအက်​ဂျီ အသင်းဟာ အသင်း​ကောင်းဖြစ်​သလို ဘယ်​ပြိုင်​ဘက်​မဆို ခက်​ခဲ​စေတဲ့ အသင်းမျိုးပါ။

ပြင်းပြင်းထန်​ထန်​ ကြိုးစားရမယ့်​ ပွဲပါ။ ကျ​နော့်​ရဲ့ အ​တွေ့အကြုံ အရ ရင့်​ကျက်​ မူ​တွေ ရှိလာသလို ပိုပြီး ကြိုးစားဖြစ်​ဖို့အ​တွေ့ အကြုံက ​နေ အမြဲ သင်​ယူ​နေပါတယ်​။ချန်​ပီယံလိဂ်​မှာ ရီးရဲယ်​အသင်းဘာ​တွေ လုပ်​ပြမလဲ ဆိုတာ ​စောင့်​ကြည့်​ထားသင့်​ပါတယ်​။”လို့ ​ရော်​နယ်​ဒိုက​ပြောဆိုခဲ့ပါတယ်​။


စပိန်​ အာဂျင်​တီနား ပြင်​သစ်​ ဂျာမနီ ဘရာဇီးတို့ဟာ ​ကမ္ဘာ့ ဖလားအတွက်​ ​ရော်နယ်​ဒို ရဲ့ စိတ်​ကြိုက်​ အသင်း​ဖြစ်​တယ်​လို့ဆိုပါတယ်​။ ဘယ်​ဘူမှ ​မျှော်​လင့်​မထားတဲ့ ​ပေါ်တူဂီအသင်းနှင့်​အတူ အမှတ်​တရလုပ်​ပြ ချင်​​သေးတယ်​လို့ ​ရော်​နယ်​ဒိုက ​ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *