အာဆင်နယ် တိုက်စစ်မှုး သစ် အော့ဘာမီးယန်း ကြောင့် လာကာဇက်တီ ရဲက စိတ်ပိုင်းဆိုင် ရာ ထိခိုက်မှု ရှိ နေ ဟု အာဆင်ဝင်းဂါး ပြောဆို

အာဆင်နယ် အသင်း ထံ ဒေါ့မွန် တိုက်စစ်မှုး ပီယာ အင်းမရစ် အော့ဘာမီးယန်း ပြောင်းရွှေ့ လာမှု ဟာ အသင်း ရဲ့ တိုက်စစ်မှုး အလက်ဇန်းဒါး လာကာ ဇက်တီ အပေါ် စိတ်ပိုင်း ဆိုင်ရာ သက်ရောက်မှု ဖြစ်စေ ခဲ့တယ် လို့ နည်းပြ ကြီး အာဆင်ဝင်းဂါး က ပြောဆို သွားခဲ့ ပါတယ် ။ လာကာဇက်တီ ဟာ အာဆင်နယ် အသင်းထံ ပြီးခဲ့တဲ့ နွေရာသီက ပေါင် ၅၃ သန်း ဖြင့် ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး အသင်း အတွက် ၂၉ ပွဲ ကစားပေး အပြီးမှာ ၉ ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဇန်န၀ါရီ အပြောင်း အရွှေ့ အတွင်းက ဒေါ့မွန် တိုက်စစ်မှုး အော့ဘာမီးယန်း ရောက်ရှိ လာအပြီးမှာ တော့ လာကာဇက်တီ ဟာ ဒုတိယ ဦးစားပေး တိုက်စစ်မှုး ဖြစ်သွားခဲ့ ရပြီး နောက်ပိုင်း ပွဲစဉ်တွေ မှာ လူစားလဲ အဖြစ် သာ ပါဝင် ခွင့် ရလာ ခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ စပါး အသင်းကို ၀င်ဘာလေ မှာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ လာကာဇက်တီ ဟာ ဒုတိယပိုင်းမှာ လူစားလဲ ၀င်ရောက်လာ ခဲ့ပြီး ပွဲပြီး ခါနီးမှာ ရရှိ ခဲ့တဲ့ အပိုင် အခွင့် အရေး ကို လွဲချော် ခဲ့ရ ပါတယ် ။

နည်းပြကြီး အာဆင် ၀င်းဂါး က တော့ အော့ဘာမီးယန်း ရောက်ရှိ လာခဲ့မှု ဟာ လာကာဇက်တီ အတွက် စိတ်ပိုင်း ဆိုင် ရာ ထိခိုက် မှု ရှိကောင်း ရှိနိုင် လိမ့်မယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“လာကာဇက် ဟာ ဂိုးမုဆိုး တစ်ယောက် ပါ ။ ဂိုးသမား နဲ့ တစ်ယောက် ချင်း အနေအထား ဆိုတာ သူ ပြင်သစ် မှာ သွင်းယူ နေကျ ပုံစံမျိုးပါပဲ ။ ဘာတွေ ဖြစ်သွား ခဲ့သလဲ ဆိုတာ ကျွန်တော် သေချာ မမြင် လိုက်ပါဘူး ။ သူ ဘောလုံး ကို ကောင်းကောင်း မထိ လိုက်တာလည်း ဖြစ် နိုင်ပါတယ် ။ ဒါမျိုးက ဖြစ်တက် ပါတယ် ။ စက္ကန့် ပိုင်း အတွင်းမှာ အထိအတွေ့ လေးတစ်ခု တည်းက အားလုံး ကို ပြောင်းလဲ သွားတက် ပါတယ်”

“ဒါမှ မဟုတ် လာကာဇက်တီ ရဲ့ ယုံကြည်မှု တွေ လျော့ကျ နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ ဘာလို့ လည်းဆိုတော့ သူ့ အတွက် ယှဉ်ပြိုင်မှုတွေ ရောက် လာခဲ့ လို့ပါ ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေ ဟာ လာကာဇက် အတွက် ခက်ခဲ တဲ့ ကာလ တွေ ဖြစ် ခဲ့မှာပါ ။ သူ အခု အရင်ကထက် ပိုပြီး ကြိုးစားနေပြီး သူ့ရဲ့ အဆုံးသတ်မှု အပိုင်း အတွက် ပိုပြီး တိုးတက် အောင် လုပ်ဆောင် နေပါတယ်” လို့ အာဆင်ဝင်းဂါးက ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်းဟာ စပါး အသင်း ကို ရှုံးနိမ့် ခဲ့မှု ကြောင့် ၂၇ ပွဲ ကစား အပြီးမှာ ရမှတ် ၄၅ မှတ်သာ ရရှိ ထားပြီး အဆင့် ၆ နေရာ မှာ ရပ်တည် နေခဲ့ ပါတယ် ။ အာဆင်နယ် ဟာ အဆင့် ၄ နေရာက စပါး အသင်းနဲ့ ၇ မှတ် အထိ ကွာဟ နေတာ ကြောင့် လာမယ့် ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် အတွက် စိတ်မအေး နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ် ။

အာဆင်နယ် ဟာ လာမယ့် ပွဲစဉ် ၂၈ မှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ကို ဦးဆောင် နေတဲ့ မန်ချက်စတာ စီးတီး အသင်း ကို အိမ်ကွင်းမှာ လက်ခံ ကစား ရမှာ ဖြစ် ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *