မန်စီးတီး သတင်းတိုများ

* နောက်တန်းကစားသမား လာပေါ်တေးဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့သော်လဲ ဘေဆယ်ကိုတော့ အသင်းရဲ့ကစားသမားတွေနဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။

* ဆေးဗားနဲ့ ဖေဘီယန်ဒဲ့ဖ်ဟာလဲ ဒီကနေ့မှာပဲ လေ့ကျင်းခန်းတွေ ပြန်လည်လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂျီဆပ်ကတော့ အနားယူနေရဆဲပါ။

* CIES ရဲ့ ဖော်ပြမှုမှာတော့ မန်စီးတီးအသင်းဟာ လက်ရှိကစားသမား စုဖွဲ့မှုကို ပိုင်ဆိုင်ဖို့အတွက် အပြောင်းအရွှေ့စာရိတ် ယူရို 878 သန်းကို သုံးစွဲခဲ့တယ်လို့ တွက်ချက်ဖော်ပြလိုက်ပြီး၊ အဲဒီပမာဏဟာ ဥရောပ ထိပ်သီးလိဂ် ၅ ခုထဲမှာ အများဆုံး သုံးစွဲထားတဲ့ ပမာဏအဖြစ် ရပ်တည်လျှက် ရှိနေပါတယ်။

* ဘေဆယ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ဆွီဒင် ဒိုင်လူကြီး ဂျိုးနတ် အဲရစ်ဆင်က တာဝန်ယူ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ သူဟာ မန်စီးတီးက ဘာစီလိုနာကို 2-0 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နဲ့ နာပိုလီကို 1-1 သရေကျတဲ့ ပွဲစဉ်တွေမှာ တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

* Happy Birthday အော်တာမန်ဒီ…….ဒီရာသီမှာ ဆုဖလားတွေ အများကြီး သိမ်းပိုက် နိုင်ပါစေကွာ

* မန်စီးတီးဟာ ရှက်တာကွင်းလယ်လူ ဖရက်ကို ခေါ်ယူဖို့အတွက် ပေါင် သန်း 50 နဲ့ အလွန်ကို နီးစပ်နေပြီဖြစ်တယ်လို့ Times က အခိုင်အမာဖော်ပြသွားခဲ့ပါတယ်။

* ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းထားသူများ –

23 – ဟယ်ရီကိန်း
22 – ဆာလတ်
21 – အဂွေးရိုး

ဒီတစ်ရော ရွှေဖိနပ်ကို ဘယ်သူ ရယူသွားမယ် ထင်လဲဗျ

* ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲမှာလဲ ပါဝင်ခွင့်မရခဲ့သလို၊ ဂျူဗီနဲ့ ရင်ဆိုင်မယ့် ကစားသမား စာရင်းကနေလဲ ချန်လှပ်ခံလိုက်ရတဲ့ စပါးအသင်းရဲ့ နောက်တန်းကစားသမား အယ်လ်ဒါဝီရယ်ရဲ့ အနာဂတ်ဟာ အသင်းမှာ ဆက်ရှိဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။ သူ့ကိုခေါ်ယူဖို့ မန်စီးတီးနဲ့ ချဲဆီးတို့က စိတ်ဝင်စားခဲ့ဖူးသလို၊ စပိန်အင်အားကြီး ရီးရဲမက်ဒရစ်ကလဲ စောင့်ကြည့်နေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။

* ဒီဘရိုင်းလဲ ဘလွန်းဒီအော် မှန်းလို့ရတယ်လို့ ပြောဆိုလိုက်တဲ့ ပက်ဂွာဒီယိုလာ

“ ဒီဘရိုင်းလဲ ဘလွန်းဒီအော်ဆုကို မှန်းလို့ရတယ်ဆိုတာ သံသယ ဖြစ်နေစရာ မလိုပါဘူး။ ဒီဆုက တစ်ပွဲထဲကြည့်ပြီးပေးတာ မဟုတ်သလို၊ တစ်ရာသီလုံးမှာ 3 ရက် 1 ပွဲနှုန်းလောက် ကစားရတဲ့ ပွဲတွေရဲ့ ခြေစွမ်းအပေါ် အကဲခတ်ပြီးပေးတာပါ။

ကျနော်အပါအ၀င်၊ ခင်ဗျားတို့ပါ သိထားတဲ့အချက်က ဒီဆုကို ရဖို့ဆိုရင် ဖလားတွေ ဆွတ်ခူးပြဖို့ လိုသေးတယ်မလား။ လက်ရှိ သူကစားပေးနေတဲ့ ခြေစွမ်းမျိုးနဲ့ တန်းတူကစားပေးနိုင်တဲ့ နောက်ထပ် ကစားသမားမျိုး ဥရောပမှာတောင် ရှာဖွေဖို့ ခက်ခဲပါတယ်” #ပက်

* ပွဲစဉ် 27 ကစားအပြီးမှာတော့ မန်စီးတီးအသင်းဟာ နောက်ထပ် နိုင်ပွဲ 6 ပွဲသာ ရရှိခဲ့ပါက ပရီးမီးယားလိဂ် ဆုဖလားကြီးကို သိမ်းပိုက်သွားတော့မှာ ဖြစ်ပါတယ်။ WOW

* ဒီမနက်သတင်းတွေမှာတော့ PFA အကောင်းဆုံးကစားသမားဆုအတွက် မန်စီးတီးက ဒီဘရိုင်းကို အကောင်းဆုံး ယှဉ်ပြိုင်မယ့် ကစားသမားဟာ လီဗာပူးက ဆာလတ်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

* လက်ရှိဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ကစားပေးနိုင်ခြင်းမရှိသော်လဲ ပရီးမီးယားလိဂ် ဖလားဆွတ်ခူးနိုင်ခဲ့ပါက အသင်းခေါင်းဆောင် ကွန်ပနီကပဲ ဆုဖလားကို ကိုင်မြောက်လိမ့်မယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းတွေက ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *