မန်​စီးတီး ပစ်​မှတ်​ မာရက်​ဇ်​ အမှားပြုလုပ်​ခဲ့တယ်​လို့ ​ပြောလိုက်​တဲ့ လက်​စတာ နည်းပြ ပူအယ်

လက်​စတာစီးတီး နည်းပြ က​လော်​ဒီပူအယ်​က ​တောင်​ပံကစားသမား ရီရက်​မာရက်​ဇ်​ဟာ မန်​ချက်​စတာစီးတီး အသင်းကို ​ပြောင်း​ရွေ့ချင်​တဲ့ ၎င်းရဲ့ စိတ်ဆန္ဒကို ကိုင်​တွယ်​​ဖြေရှင်းရာမှာ အမှား​တွေပြုလုပ်​ခဲ့​ကြောင်း ​ပြောသွားခဲ့ပါတယ်​။

အယ်​ဂျီးရီးယား လက်​​ရွေးစင်​ ဟာ ပြီးခဲ့တဲ့ ဇန်​န၀ါရီအ​ပြောင်းအ​ရွေ့ ​နောက်​ဆုံးရက်​မှာ ပရီးမီးယားလိဂ်​ မှာ ဦး​ဆောင်​​နေသူ မန်​စီးတီး ကို ​ပြောင်းရန်​ သတင်းကြီးခဲ့ပြီး အီတီဟတ်​ ကလပ်​ ဘက်​က စီးတီးကို မာရက်​ဇ်​အတွက်​ ​ပေါင်​သန်း ၆၀နဲ့ ကမ်းလှမ်းခဲ့​ပေမယ့်​ လက်​စတာ အသင်းလိုချင်​တဲ့ ​ပေါင်​သန်း ၉၀နဲ့ကွာဟ​နေတာ​ကြောင့်​ အ​ပြောင်းအ​ရွေ့ မဖြစ်​​ပေါ်ခဲ့ပါဘူး

မာရက်​ဇ်​ဟာ လက်​စတာက အဲ​ဗာတန်​ ကို ရှုံးနိမ့်​ခဲ့တဲ့ပွဲ ဆွမ်​ဆီးနဲ့ တစ်​ဂိုးစီသ​ရေကျခဲ့တဲ့ပွဲ​တွေကို လွဲ​ချော်​ခဲ့ပြီး ပြီးခဲ့တဲ့တစ်​ပတ်​က​တော့ အယ်​ဂျီးရီးယားလက်​​ရွေးစင်​က လက်​စတာရဲ့အ​ပြောင်းအ​ရွေ့ ပိတ်​ပင်​မှုအ​ပေါ် ဆန္ဒပြ​နေခဲ့တာဆိုတဲ့ သတင်း​တွေကိုငြင်းပယ်​သွားခဲ့ပါတယ်​။

မာရက်​ဇ်​ဟာ ပြီးခဲ့တဲ့စ​နေ​နေ့က မန်​စီးတီးကို ၅ဂိုး ၁ဂိုးနဲ့ရှုံးနိမ့်​ခဲ့တဲ့ ပွဲစဉ်​မှာ​တော့ လက်​စတာအတွက်​ လူစားဝင်​ ကစားသွားခဲ့ပြီး က​လော်​ဒီပူအယ်​က မာရက်​ဇ်​အ​နေနဲ့ အဆိုပါအ​ပြောင်းအ​ရွေ့အတွက်​ ကိုင်​တွယ်​ပုံမှားယွင်းခဲ့​ပေမယ့်​လည်း ဒါ​တွေကို​မေ့ပစ်​ပြီး အသင်းအတွက်​ ဆက်​လက်​အာရုံစိုက်​သွားဖို့သာ အလိုရှိ​နေပါတယ်​။

က​လော်​ဒီပူအယ်​က “ကျွန်​​တော့်​အထင်​က​တော့ ဒီအ​ခြေအ​နေအစမှာကတည်းက ကျွန်​​တော်​တို့အတွက်​ ကိုင်​တွယ်​ဖို့ခက်​ခဲခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ဒီအ​ပြောင်းအ​ရွေ့ကိစ္စနဲ့ပက်​သက်​ပြီး မာရက်​ဇ်နဲ့ပက်​သက်​ပြီး ကျွန်​​တော်​တို့ တစ်​ချိန်လုံး ဆက်လက် ​​ညီညွှတ်​​အောင်​ လုပ်​​ဆောင်​နိုင်​ခဲ့ပါတယ်​။

ဒါဟာအ​ရေးကြီးဆုံးအရာ တစ်​ခုပါ။ တစ်​ခါတစ်​ရံမှာ ကစားသမား​တွေ အမှားပြုလုပ်​တက်​ပါတယ်​။ ဒါဟာသူ့အတွက်​ ပထမဦးဆုံးဖြစ်​ခဲ့ပြီး ဒါဟာအမှားဖြစ်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ အ​ရေးကြီးဆုံးအရာက​တော့ ဆက်​လက်​​ရှေ့ဆက်​သွားဖို့ဖြစ်​ပြီး မှန်​ကန်​တဲ့လမ်း​ကြောင်း​ပေါ်ကို​ရောက်​ရှိ​အောင်​ လုပ်​သွားရမှာပါ။

သူဟာအသင်းအတွက်​ အရမ်းကို​ကောင်းမွန်​လှတဲ့ ကစားသမား ဖြစ်​ပါတယ်​။ သူ့ရဲ့ အသင်း​ဖော်​ ​တွေ နဲ့ ပရိတ်​သ​တ်​ ​တွေအတွက်​လည်းတူတူပါပဲ။ သူအသင်းအတွက်​ ပြန်​ကစားတာကိုကြည့်​ရတာ အရမ်းစိတ်​​ကျေနပ်​စရာ ​ကောင်းပါတယ်​။ ကျွန်​​တော်​တို့ အသင်း အတူတကွ ​ရှေ့ဆက်​သွားဖို့်​ အ​ရေးကြီးပါတယ်​။” လို့​​ပြောသွားခဲ့ပါတယ်​။

Leave a Reply

Your email address will not be published. Required fields are marked *