ရက်ဖို့ဒ်ကို ယူနိုက်တက်ကနေ ထွက်ခွာသင့်တယ်လို့ ရှရင်ဟမ်အကြံပေးပြောဆို

မန်ချက်စတာယူနိုက်တက်ကို ဆန်းချက်ရောက်ရှိလာချိန်မှစ၍ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတော့တဲ့ လူငယ်အင်္ဂလန်ကစားသမားလေး မားကပ်စ်ရက်ဖို့ဒ်ကို ယူနိုက်တက်ကစားသမားဟောင်း တက်ဒီရှရင်ဟမ်က လာမယ့်အပြောင်းအရွှေ့မှာ အသင်းကနေထွက်ခွာဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ရက်ဖို့ဒ်ဟာ ဆန်းချက်ရောက်လာချိန်မှစ၍ ပွဲချိန်ပြည့်ကစားရတာ ၃ပွဲသာရှိခဲ့ပြီး အရံခုံမှာသာအချိန်ကုန်နေတာဖြစ်ပါတယ်။ ဒါကြောင့် ရှရင်ဟမ်က ရက်ဖို့ဒ်အား အတွေ့အကြုံကောင်းကောင်းရဖို့ ကစားရဖို့လိုအပ်တဲ့အတွက်ကြောင့် ယူနိုက်တက်ကနေထွက်ခွာသင့်တယ်လို့ အကြံပြုလိုက်တာဖြစ်ပါတယ်။ ယူနိုက်တက်ကို trebleရရှိအောင် ကူညီစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ရှရင်ဟမ်က” ကျွန်တော် ရာသီအစတုန်းကရက်ဖို့ဒ်နဲ့ပက်သတ်ပြီး ပွဲများများကစားဖို့လိုအပ်ကြောင်း ပြောခဲ့ဖူးပါတယ်။ သူကွင်းထဲမှာ ကွင်းထဲကနေသာရနိုင်တဲ့အတွေ့အကြုံတွေ၊သူဘာကိုလုပ်နိုင်လဲ၊ဘာကိုမလုပ်နိုင်ဘူးလဲဆိုတာ သင်ယူဖို့လိုပါတယ်။ တခြားလူကစားတာတွေကိုကြည့်နေပြီးတော့ သင်ယူလို့မရပါဘူး။ ကစားသမားတွေဘယ်လောက်ကောင်းတယ်ဆိုတာ ဂရုမစိုက်ပါဘူး။ဒါတွေဟာ အတွေ့အကြုံကနေ ဖြစ်လာတာပါ။ အမှားတွေလုပ်တယ်၊တစိပတ်ပြီးတစ်ပတ်ကစားလာမယ်ဆိုရင်၊ဒီတစ်ရာသီပြီးသွားရင် နောက်တစ်ရာသီမှာ ဘယ်လိုကောင်းအောင်ပြင်ဆင်ရမလဲဆိုတာတွေကို သိလာမှာပါ။ ဒါပေမဲ့ အတွေ့အကြုံသာမရှိဘူးဆိုရင်တော့ အခွင့်အရေးလည်းရှိမှာမဟုတ်ပါဘူး။နောက်ပိုင်းကျမှ ဘာတွေအမှားလုပ်ခဲ့တယ်ဆိုတာ ထိုင်သာကြည့်နေလိုက်တော့ပေါ့။ သူကအခုချိန်မှာ သင်ယူဖို့လိုနေတယ်။ကျွန်တော့အမြင် သူ့မှာ မယုံနိုင်စရာကောင်းတဲ့အရည်အသွေးတွေရှိနေတယ်။ သူပွဲထွက်လူစာရင်းမှာ အမြဲပါဝင်ပြီးကစားနေရဖို့ အခြားနေရာတစ်ခုလိုအပ်ပါတယ်။”လို့ …

ပေါင်သန်း(၅၀)တန် ကစားသမား(၄)ဦးလောက် လစ်ဗာပူးလ် ထပ်ဝယ်ရပါမယ်#အယ်လ်ဒါးရစ်ခ်ျ

လစ်ဗာပူးလ် ဂန္တဝင်တိုက်စစ်မှူးဟောင်း ဂျွန်အဲဒါးရစ်ခ်ျက လစ်ဗာပူးလ်အနေနဲ့ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ အရည်အသွေးရှိ ကစားသမားအချို့ကို ထပ်မံခေါ်ယူဖို့ ငွေကြေးရင်းနှီးမြုပ်နှံမှု လုပ်ဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းလိုက်ပါတယ်။ လစ်ဗာပူးလ်အနေနဲ့ နောက်နှစ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နိုင်ဖို့ ပေါင်သန်း (၅၀) တန် ကစားသမား (၄) ယောက်လောက် ထပ်မံဖြည့်တင်းရဦးမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ယာဂန်ကလော့ရဲ့ လစ်ဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ အတိုင်းအတာ တစ်ခုအထိအောင်မြင်ခဲ့တဲ့အသင်းလို့ဆိုလို့ရပြီး ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအထိရောက်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ဇန်နဝါရီလမှာ ဗန်ဒိုက်ကို ပေါင် (၇၅) သန်းနဲ့ ခေါ်ယူခဲ့ပြီး ဖြစ်သလို လာမယ့် ရာသီအကုန်မှာ အသင်းဆီလာရောက်ပူးပေါင်းမယ့်် RB လိုက်ဘ်ဇစ်ကွင်းလယ်လူ ကီတာကိုလည်း ပြီးခဲ့တဲ့ နှစ်ကတည်းက ငွေကြေးအမြောက်အများပေးချေကာ ခေါ်ယူခဲ့ပြီး …

မန်ယူဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေပါပြီ #ရိုင်ယန်ဂစ်စ်

မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်စ်က လက်ရှိရာသီအကုန်မှာ အဆင့်(၂) နေရာနဲ့ ပြီးဆုံးနိုင်ချေရှိတဲ့ မန်ယူအသင်းဟာ အောင်မြင်ဖို့ လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ အချိန်တော်တော်ကြာအထိထိန်းထားနိုင်ခဲ့တဲ့ အပြင် FA ဖလားဗိုလ်လုပွဲကိုလည်း တက်ရောက်ထားတာ ဖြစ်တဲ့အတွက်လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေတယ်လို့ ဂစ်စ် အနေနဲ့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုအနေနဲ့ အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်လည်ထိပ်တိုက် ရင်ဆိုင်ရမယ့် FA ဖလားဗိုလ်လုပွဲမှာ မန်ယူအသင်းအတွက် ဆုဖလားရယူပေးနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာလည်း မန်ယူဟာ ကွန်မြူနတီဒိုင်း၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ အပြင်လက်ရှိရာသီမှာလည်း အသင်းရဲ့အခြေအနေဟာ တိုးတက်မှုတွေရှိလာတယ်လို့ ပြောကြားလိုက်ပါတယ်။ “လက်ရှိရာသီမှာ ဒုတိယနေရာနဲ့ အဆုံးသတ်ပြီး FA ဖလားရရှိမယ်ဆိုရင်တော့ …

ချယ်လ်ဆီးမှားကြောင်း ကျွန်တော်အမြဲ သက်သေပြချင်ခဲ့ပါတယ်#ဆာလာ

လစ်ဗာပူးလ်အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်တဲ့ မိုဟာမက်ဆာလာက တစ်ချိန်က ချယ်လ်ဆီးအသင်းမှာ ကစားခဲ့ပြီး အဲ့ဒီတုန်းကချယ်လ်ဆီး အသင်းရဲ့ ယုံကြည်ခြင်းကို မခံခဲ့ရပဲ နောက်ဆုံးမှာ ထုတ်ရောင်းခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆာလာတစ်ယောက် ရိုးမားကနေ လစ်ဗာပူးလ်ကို ပေါင် ၃၅သန်းခန့်နဲ့ ပြန်လည် ရောက်ရှိလာပြီး လစ်ဗာပူးလ်အသင်းအတွက် ဂိုးတွေ သွင်းပေးနေခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်အသင်း ချန်ပီယံလိဂ် ဖိုင်နယ်ရောက်အောင်လည်း ကူညီပေးထားနိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ ဆာလာဟာ လစ်ဗာပူးလ်အသင်းက ပေးတဲ့ တစ်နှစ်တာအကောင်းဆုံးဆုနဲ့ လစ်ဗာပူးလ် ကစားသမားတွေပေးတဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဆာလာဟာ တစ်နေ့ သူ့ကို ထုတ်ရောင်းခဲ့တဲ့ ချယ်လ်ဆီးမှားကြောင်း သက်သေပြဖို့ အရင်တည်းက ဆုံးဖြတ်ထားကြောင်းဆိုခဲ့ပါတယ်။ “ကျွန်တော် လွန်ခဲ့တဲ့ ၄နှစ်က အင်္ဂလန်မှာရှိခဲ့ပြီး ဒီက လူတော်တော်များများက ကျွန်တော် ပရီးမီးယားလိဂ်မှာ …

ဟာဇက်ကို လူစာရင်းကနေ ချန်လှပ်ခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့တဲ့ ကွန်တီ

ချဲလ်ဆီးနည်းပြအန်တိုနီယိုကွန်တီက ပြီးခဲ့တဲ့ ဟက်ဒါစ်ဖီးလ်ကို (၁-၁) ဂိုးနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ တိုက်စစ်ကစားသမားဟာဇက်ကို အရံလူစာရင်းကနေပဲ ဘာလို့ ထားကစားခဲ့ရသလဲဆိုတဲ့ အကြောင်းကို ရှင်းပြသွားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာတော့ တိုက်စစ်မှူးမိုရာတာနဲ့ အတူ ဝီလီယံနဲ့ ပက်ဒရိုတို့က ချဲလ်ဆီးအသင်းအတွက် ပွဲထွက်လာခဲ့တာ ဖြစ်ပြီး အဆိုပါကစားသမားသုံးဦးစလုံးဟာ အဲဒီပွဲစဉ်မှာ ပုံမှန်ခြေစွမ်းအောက်ရောက်ရှိခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နိုင်ပွဲတစ်ပွဲရဖို့ အရေးကြီးနေတဲ့ အချိန်မှာ သရေရလဒ်သာ ရရှိခဲ့တဲ့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်စပြီး ငါးမိနစ်အကြာမှာပဲ ဟက်ဒါစ်ဖီးလ်အသင်းအတွက် ဦးဆောင်ဂိုးကို လောရင့် ဒီပွိုက်တာက သွင်းယူသွားခဲ့ပါတယ်။ပွဲချိန် (၆၂) မိနစ်မှာမှ မားကို့စ်အလွန်ဆိုဟာ ချဲလ်ဆီးအသင်းအတွက် ခြေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဟာဇက်အနေနဲ့ ပွဲချိန် (၅၉) မိနစ်အရောက်မှာ ချဲလ်ဆီးအသင်းအတွက် လူစားလဲလှယ် ဝင်ရောက်ကစားပေးပြီး မကြာမီမှာပဲ …

မန်ယူ၊ လစ်ဗာပူးလ်တို့လို အောင်မြင်တဲ့သမိုင်းကြောင်းရဖို့ ကြိုးစားမယ်ဆိုတဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက လက်ရှိဘောလုံးရာသီရဲ့ ချန်ပီယံမန်စီးတီးအနေနဲ့ အင်္ဂလန်နိုင်ငံရဲ့ အကောင်းဆုံးအသင်းဖြစ်လာဖို့ လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားပြီး နောင်နှစ်ဘောလုံးရာသီတွေမှာလည်း နိုင်ပွဲတွေ ရရှိဖို့ လိုအပ်တယ်လို့ အသင်းကို တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ယမန်နေ့ မနက်က ကစားခဲ့တဲ့ ဘရိုက်တန်ကို (၃-၁) ဂိုးနဲ့ အနိုင်ရရှိပြီးတဲ့ ပွဲစဉ်အပြီးမှာတော့ စံချိန်အသစ် သုံးခုထပ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ တစ်ရာသီ ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ အသင်းဖြစ်လာပြီး တစ်ရာသီအတွင်း နိုင်ပွဲအများဆုံး ရရှိတဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းအမှတ်အများဆုံး ရရှိထားတဲ့ အသင်းလည်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ နောက်တစ်ပတ်မှာလည်း ဆောက်သမ်တန်ကို နိုင်ခဲ့မယ်ဆိုပါက အမှတ် (၁၀၀) ပြည့်မြောက်တော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်းမန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ မန်စီးတီးအနေနဲ့ …

ဘာစီလိုနာသာ ခေါ်ခဲ့မယ်ဆိုရင် ကျွန်တော် သေချာပေါက် ပြန်သွားမှာပါ #ယာယာတိုရေး

လက်ရှိဘောလုံးရာသီအကုန်မှာ ချန်ပီယံ မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူယာယာတိုရေးက ပြီးခဲ့တဲ့မန်စီးတီး အိမ်ကွင်းနောက်ဆုံးပွဲစဉ်အပြီးမှာတော့ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ချင်ကြောင်း အရိပ်အမြွက်ပြောကြားသွားခဲ့ပါတယ်။ အသက်(၃၄) နှစ်အရွယ် အိုင်ဗရီကို့စ်ကစားသမား တိုရေးဟာ မန်စီးတီးအသင်းမှာ ဘောလုံးရာသီ (၈)ရာသီကြာ ကစားပေးခဲ့ပြီးနောက်မှာတော့ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းတစ်သင်းဆီထွက်ခွာသွားတော့မှာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတင် တိုရေးကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ အများအပြားရှိပြီး ကစားသမားကိုယ်တိုင်ကလည်း စိန်ခေါ်မှုရှိတဲ့ ပရီးမီးယားလိဂ်မှာသာ ပြန်ကစားလိုကြောင်း ဝန်ခံထားပါတယ်။ ဒါပေမယ့်လည်း ယာယာတိုရေးက ဘရိုက်တန်နဲ့ ပွဲအပြီးမှာတော့ လာလီဂါမှာ ကစားခဲ့တဲ့ အချိန်တွေကို ပြန်လည်သတိရမိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ “တကယ်လို့ ဘာစီလိုနာသာ ကျွန်တော့်ကို ခေါ်မယ်ဆိုရင် ကျွန်တော် သေချာပေါက် ပြန်သွားမှာပါ၊ မက်ဆီနဲ့ အင်နီယက်စတာတို့ကိုကျွန်တော် အရမ်းသတိရပါတယ်၊ ဘာစီလိုနာအသင်းဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အရေးအပါဆုံး အသင်းဖြစ်ပါတယ်၊ …

မန်ယူ၊ လစ်ဗာပူးလ်တို့လို အောင်မြင်တဲ့သမိုင်းကြောင်းရဖို့ ကြိုးစားမယ်ဆိုတဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက လက်ရှိဘောလုံးရာသီရဲ့ ချန်ပီယံမန်စီးတီးအနေနဲ့ အင်္ဂလန်နိုင်ငံရဲ့ အကောင်းဆုံးအသင်းဖြစ်လာဖို့ လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားပြီး နောင်နှစ်ဘောလုံးရာသီတွေမှာလည်း နိုင်ပွဲတွေ ရရှိဖို့ လိုအပ်တယ်လို့ အသင်းကို တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ယမန်နေ့ မနက်က ကစားခဲ့တဲ့ ဘရိုက်တန်ကို (၃-၁) ဂိုးနဲ့ အနိုင်ရရှိပြီးတဲ့ ပွဲစဉ်အပြီးမှာတော့ စံချိန်အသစ် သုံးခုထပ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ တစ်ရာသီ ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ အသင်းဖြစ်လာပြီး တစ်ရာသီအတွင်း နိုင်ပွဲအများဆုံး ရရှိတဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းအမှတ်အများဆုံး ရရှိထားတဲ့ အသင်းလည်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ နောက်တစ်ပတ်မှာလည်း ဆောက်သမ်တန်ကို နိုင်ခဲ့မယ်ဆိုပါက အမှတ် (၁၀၀) ပြည့်မြောက်တော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်းမန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ မန်စီးတီးအနေနဲ့ …