ပရီးမီးယားလိဂ်မှာ ဆက်နေရင်အာဆင်နယ်အသင်းကို သစ္စာဖောက်သလိုဖြစ်သွားလိမ့်မယ်လို့အာဆင်ဝင်းဂါးဆို

အာဆင်နယ်အသင်းကို ၂၂နှစ်ကြာ ကိုင်တွယ်ခဲ့အပြီး စွန့်ခွာတော့မယ့် နည်းပြအာဆင်ဝင်းဂါးက ပရီးမီးယားလိဂ်ရဲ့အခြားအသင်း တစ်သင်းကိုပြောင်းရွှေ့ကိုင်တွယ်ခဲ့ပါက အာဆင်နယ်အသင်းကို သစ္စာဖောက်သလို ခံစားမိလိမ့်မယ်လို့ ရင်ဖွင့်သွားခဲ့ပါတယ်။ အာဆင်ဝင်းဂါးဟာ ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ ဟက်ဒါစဖီးလ် အသင်းကို အနိုင်ရရှိခဲ့အပြီး အသင်းကနေ နှုတ်ထွက်ထားခဲ့တာဖြစ်ပြီး၊ နည်းပြသစ်ဖြစ်လာဖို့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အာတီတာ က ရေပန်းအစားဆုံးမှာ ရှိနေပါတယ်။ Goal ရဲ့ဖော်ပြချက်အရ အာဆင်ဝင်းဂါးဟာ ကလပ်အသင်းတသင်းကို စီမံကိုင်တွယ်သွားဖို့ထက်၊ အားကစားဒါရိုက်အဖြစ်သာ လုပ်ကိုင်သွားဖွယ်ရှိနေပြီး၊ ဒါမှမဟုတ်နိုင်ငံလက်ရွေးစင် အသင်းတသင်းကို တာဝန်ယူသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ မူလသတင်းတွေအရ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီ အသင်းဟာ အာဆင်ဝင်းဂါးကို နည်းပြသစ်အဖြစ် လျာထားနေခဲ့တယ်လို့ သိရပေမယ့် အခုချိန်မှာတော့ ဒေါ့မွန်နည်းပြဟောင်း သောမက်စ်တူချယ်ကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဝက်ဘ်ဆိုက်ဒ် နဲ့အင်တာဗျူးမှာ အာဆင်ဝင်းဂါးက အာဆင်နယ်အသင်းမရှိတော့ပဲ ရှေ့ဆက်ရမယ့်ဘဝဟာ ကျွန်တော့်အတွက် အရမ်းခက်ခဲမယ်ဆိုတာ …

ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ် ကြည်ခွင့်ရဖို့ ပရိသတ်နှစ်ဦးကို လက်မှတ် နှစ်စောင်ပေးခဲ့တဲ့ ချန်ဘာလိန်

ချန်ဘာလိန်ဟာ လီဗာပူးလ်အသင်းပရိသတ်တွေဖြစ်တဲ့ သားအဖနှစ်ဦးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ လက်မှတ်ပေးခဲ့ပါတယ်။ ချန်ပီလိဂ်ပွဲစဉ်သွားကြည့်မယ် အုပ်စုတစ်ခုအတွက် ပွဲကြည့်လက်မှတ် ၁၆၆၂၆ သာ ဝေခွဲရခဲ့သဖြင့် ပရိသတ်အများစုဟာ စိတ်ပျက်ခဲ့ကြပါတယ်။ ချန်ဘာလိန်ဟာ လက်မှတ်ဝယ်ဖို့ လွဲချော်ခဲ့တဲ့ ပရိသတ်နှစ်ဦးကို တွေခဲ့အခါ ကူညီဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ချန်ဘာလိန်ဟာ ဂျာကာ နှင့် သူ့ရဲ့သား ဘိုဘီကို မန်စီးတီး အသင်းနှင့်ပွဲစဉ်တုန်းကလည်း သူ့ရဲ့အကျီ င်္ပေးခဲ့ပြီး သားအဖနှစ်ဦးဟာ ချန်ဘာလိန်ရဲ့ရက်ရောမှုကို ခံစားခဲ့ဖူးတဲ့သူတွေဖြစ်ပါတယ်။ ချိန်ဘာလိန်က သူ့ရဲ့နောက်ဆုံး ကြင်နာမှုကို ပြသပြီးနောက် ဖခင်ဖြစ်သူ ဂျာကာက ကျွန်တော် နှင့် ကျွန်တော့်သားလေး ဘိုဘီတို့ လက်မှတ်အတွက် အခက်အခဲရှိတယ်လို့ ချန်ဘာလိန် သိသွားတဲ့အခါ ကျွန်တော်တို့ကို သူလက်မှတ် ၂ စောင်ပေးခဲ့ပါတယ်လို့ တွမ်တာတွင် ရေးခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဂျာဂာာက “ …

ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလား ပဏာမလူစာရင်းထွက်လာပါပြီ

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – ဂိုသမား – အန်သော်နီလုပ်စ်(လိုင်ယွန်)၊ဘီတို(ဂို့ဇ်တီပီ)၊ ရူအီပက်ထရီစီယို(စပို့တင်း) ခံစစ်- အန်ကျူးန်စ်(ဂီတာဖေး)၊ ဘရူနိုအဲဗက်စ်(ရိန်းဂျားစ်)၊ စီဒရစ်ခ်ျ(ဆောက်သမ်တမ်)၊ ဂျောင်းကန်ဆယ်လို(အင်တာ)၊ဖွန်တေ(ဒါလီယန် ယီဖန်း)၊ …

အာဆင်နယ်အသင်းရဲ့ လိဂ်ဂိုး စံချိန်တခုကို ချိုးဖြတ်နိုင်ခဲ့တဲ့ အူဘာမီယန်

ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ရောက်ရှိလာတဲ့ တိုက်စစ်မှူးအူဘာမီယန်ဟာ ဟက်ဒါဖီးလ်နဲ့ ပွဲစဉ်မှာ တလုံးထဲသော အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အတွက် လိဂ်ဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တဲ့ အူဘာမီယန်ဟာ အာဆင်နယ်အသင်အတွက် အဆိုပါ သွင်းဂိုးပမာဏကို ပွဲအရေအတွက်အနည်းဆုံး ၁၃ပွဲနဲ့ သွင်းယူနိုင်သူ အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အသက်၂၈နှစ်အရွယ် ဒီဂါဘွန်တိုက်စစ်မှူးဟာ အာဆင်နယ်အတွက် ပထမဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာကတည်းက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး၊ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၃ ပွဲဆက်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့လိဂ်ဂိုးအရေအတွက်ဟာ မန်စီးတီးတောင်ပံကစားသမားဆာနေး၊ စပါးကွင်းလယ်လူ အဲရစ်ဆင်၊ လီဗာပူးလ်တောင်ပံတိုက်စစ်မှူး မာနေးတို့ရဲ့သွင်းဂိုးနဲ့ တူညီသွားခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဆန်းချက်ထက်သွင်းဂိုးတဂိုးပိုမို ရရှိခဲ့တာဖြစ်ပြီး၊ ချဲလ်ဆီး တိုက်စစ်မှူးမိုရာတာရဲ့သွင်းဂိုးထက် တဂိုးလျော့နည်းခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာပါဝင်ခွင့်မရှိခဲ့ခြင်းဟာ အူဘာမီယန်ကို လိဂ်ပြိုင်ပွဲမှာ ပိုမိုအခွင့်အရေး ရစေခဲ့တာဖြစ်ပြီး ၊အာဆင်နယ် အသင်းအတွက်ဒီရာသီလိဂ်ဂိုးအများဆုံး …

လီဝင်ဒေါစကီးအနေနဲ့ နည်းပြဟေးနက်ကို လေးစားရမယ်လို့ ဘိုတန်ပြောဆို

ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကိုလုံးအသင်းတို့ ပွဲစဉ်မှာ ဘိုင်ယန်က ၃-၁ဖြင့်အနိုင်ရခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့တဲ့ ဘိုင်ယန်တိုက်စစ်မှူး လီဝင်ဒေါစကီးဟာ ပွဲပြီးဖို့ ၁၃မိနစ်အလိုမှာ လူစားလဲခံရပြီး ကွင်းထဲကထွက်ချိန်မှာ နည်းပြဖြစ်သူ ဂျက်ဟေးနက်စ်ကို လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိခဲ့ပါဘူး။အဆိုပါအပြုအမူနဲ့ ပက်သတ်ပြီး နောက်ခံလူဘိုတန်က လီဝင်ဒေါစကီးအနေနဲ့ ခံစားချက်ကို ထိန်းချုပ်ပြီး နည်းပြဖြစ်သူအပေါ် လေးစားမှုရှိရမယ်လို့ ပြောဆိုလိုက်ပါတယ်။ ” နည်းပြဂျက်ဟေးနက်စ်က ကျွန်တော်တို့ ရဲ့ ဆရာပါ။ ကစားသမားတစ်ယောက်အနေနဲ့ တခါတရံမှာ စိတ်ခံစားချက်တွေ ပြင်းထန်နေတတ်ပါတယ်။လီဝင်ဒေါစကီးကတော့ တစ်ဂိုး၊၂ဂိုးလောက်ထပ်သွင်းချင်တဲ့ပုံပါပဲ။ ဒါပေမဲ့ ဒါကို တခြားနည်းနဲ့ ဖြေရှင်းလို့ရပါတယ်။ နည်းပြမှာ ဆုံးဖြတ်ချက်တွေချပိုင်ခွင့်တွေအပြည့်ရှိတယ်ဆိုတာ ရှင်းပါတယ်။ သူက ကျွန်တော်တို့အပေါ် လုံးဝသြဇာလွှမ်းမိုးနေတဲ့သူပါ။”လို့ ဘိုတန်ကပြောဆိုခဲ့ပါတယ်။ လီဝင်ဒေါစကီး ဟာ လက်ရှိဘွန်ဒက်လီဂါမှာ သွင်းဂိုး၂၉ဂိုးဖြင့် ထိပ်ဆုံးမှရပ်တည်နေပါတယ်။

ပထမဆုံး ရွှေလက်အိတ်ဆု ဆွတ်ခူးခဲ့တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စူပါ ဂိုးသမား ဒီဂီယာဟာ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ကစားသမားဘဝ ပထမဆုံး ရရှိခဲ့တယ်လို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို ၄ ကြိမ်တိုင်ရရှိထားနိုင်တဲ့ ဒီဂီယာဟာ သူ့ရဲ့ တစ်ဦးချင်းအကောင်းဆုံးဆု အရေအတွက်ကို ထပ်မံတိုးချဲ့နိုင်ခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဝက်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ၀-၀ ဖြင့် Clean Sheet ရယူနိုင်ခဲ့ပြီး ဒါဟာ စပိန် ဂိုးသမား ဒီဂီယာအတွက် ပရီးမီးယားလိဂ်မှာ ၁၈ ကြိမ်မြောက် Clean Sheet ရယူနိုင်ခဲ့ခြင်းပါ။သူ့ရဲ့နောက်မှာတော့ မန်စီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆင်က Clean Sheet ၁၆ ကြိမ်သာ ရယူနိုင်ပါသေးတယ်။ ဒီဂီယာက”ဒီဆုကို ရရှိတာဟာ ကျွန်တော်တို့အသင်း အကောင်းဆုံး ခံစစ်ကို ရရှိတာနဲ့ တူတူပါပဲ။အဲ့တာအတွက် ကျွန်တော် …

လီဗာပူးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့တဲ့ ဆာလတ်

လီဗာပူးအသင်းရဲ့ ကြယ်ပွင့်ကစားသမား မိုဟာမတ် ဆာလတ်ဟာ လီဗာပူးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အီဂျစ်နိုင်ငံသားဟာ စီးရီးအေကလပ် ရိုးမားအသင်းကနေ လီဗာပူးအသင်းကို နွေရာသီက ပြောင်းရွှေ့ခဲ့သူပါ။သူရောက်လာချင်းမှာဘဲ အသင်းမှာ ခြေစွမ်းပြဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှုအဖြစ် လီဗာပူးအသင်းကို ချန်ပီယံလိဂ် ဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဆိုပါ အကောင်းဆုံး ဆုကိုတော့ အသင်း ပရိတ်သတ်တွေက ကလပ်အသင်းရဲ့ ဝက်ဆိုက်မှာ မဲပေးခဲ့ကြတာဖြစ်ပြီး အသင်းဖော်တွေရဲ့ ရွေးချယ်မှုလည်းပါဝင်ခဲ့ပါတယ်။သူဟာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားပြီး ၄၃ ဂိုးသွင်းယူနိုင်ခဲ့ကာ စံချိန်ပေါင်း မြောက်မြားစွာ ချိုးဖျက်နိုင်ခဲ့ပါသေးတယ်။နောက်ပြီး သူဟာ PFA ဆု၊ PWA Player Of the Year ဆုတွေကို ရခဲ့ပြီး …

ရက်ဖို့ဒ်ကို ယူနိုက်တက်ကနေ ထွက်ခွာသင့်တယ်လို့ ရှရင်ဟမ်အကြံပေးပြောဆို

မန်ချက်စတာယူနိုက်တက်ကို ဆန်းချက်ရောက်ရှိလာချိန်မှစ၍ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတော့တဲ့ လူငယ်အင်္ဂလန်ကစားသမားလေး မားကပ်စ်ရက်ဖို့ဒ်ကို ယူနိုက်တက်ကစားသမားဟောင်း တက်ဒီရှရင်ဟမ်က လာမယ့်အပြောင်းအရွှေ့မှာ အသင်းကနေထွက်ခွာဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ရက်ဖို့ဒ်ဟာ ဆန်းချက်ရောက်လာချိန်မှစ၍ ပွဲချိန်ပြည့်ကစားရတာ ၃ပွဲသာရှိခဲ့ပြီး အရံခုံမှာသာအချိန်ကုန်နေတာဖြစ်ပါတယ်။ ဒါကြောင့် ရှရင်ဟမ်က ရက်ဖို့ဒ်အား အတွေ့အကြုံကောင်းကောင်းရဖို့ ကစားရဖို့လိုအပ်တဲ့အတွက်ကြောင့် ယူနိုက်တက်ကနေထွက်ခွာသင့်တယ်လို့ အကြံပြုလိုက်တာဖြစ်ပါတယ်။ ယူနိုက်တက်ကို trebleရရှိအောင် ကူညီစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ရှရင်ဟမ်က” ကျွန်တော် ရာသီအစတုန်းကရက်ဖို့ဒ်နဲ့ပက်သတ်ပြီး ပွဲများများကစားဖို့လိုအပ်ကြောင်း ပြောခဲ့ဖူးပါတယ်။ သူကွင်းထဲမှာ ကွင်းထဲကနေသာရနိုင်တဲ့အတွေ့အကြုံတွေ၊သူဘာကိုလုပ်နိုင်လဲ၊ဘာကိုမလုပ်နိုင်ဘူးလဲဆိုတာ သင်ယူဖို့လိုပါတယ်။ တခြားလူကစားတာတွေကိုကြည့်နေပြီးတော့ သင်ယူလို့မရပါဘူး။ ကစားသမားတွေဘယ်လောက်ကောင်းတယ်ဆိုတာ ဂရုမစိုက်ပါဘူး။ဒါတွေဟာ အတွေ့အကြုံကနေ ဖြစ်လာတာပါ။ အမှားတွေလုပ်တယ်၊တစိပတ်ပြီးတစ်ပတ်ကစားလာမယ်ဆိုရင်၊ဒီတစ်ရာသီပြီးသွားရင် နောက်တစ်ရာသီမှာ ဘယ်လိုကောင်းအောင်ပြင်ဆင်ရမလဲဆိုတာတွေကို သိလာမှာပါ။ ဒါပေမဲ့ အတွေ့အကြုံသာမရှိဘူးဆိုရင်တော့ အခွင့်အရေးလည်းရှိမှာမဟုတ်ပါဘူး။နောက်ပိုင်းကျမှ ဘာတွေအမှားလုပ်ခဲ့တယ်ဆိုတာ ထိုင်သာကြည့်နေလိုက်တော့ပေါ့။ သူကအခုချိန်မှာ သင်ယူဖို့လိုနေတယ်။ကျွန်တော့အမြင် သူ့မှာ မယုံနိုင်စရာကောင်းတဲ့အရည်အသွေးတွေရှိနေတယ်။ သူပွဲထွက်လူစာရင်းမှာ အမြဲပါဝင်ပြီးကစားနေရဖို့ အခြားနေရာတစ်ခုလိုအပ်ပါတယ်။”လို့ …

ပေါင်သန်း(၅၀)တန် ကစားသမား(၄)ဦးလောက် လစ်ဗာပူးလ် ထပ်ဝယ်ရပါမယ်#အယ်လ်ဒါးရစ်ခ်ျ

လစ်ဗာပူးလ် ဂန္တဝင်တိုက်စစ်မှူးဟောင်း ဂျွန်အဲဒါးရစ်ခ်ျက လစ်ဗာပူးလ်အနေနဲ့ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ အရည်အသွေးရှိ ကစားသမားအချို့ကို ထပ်မံခေါ်ယူဖို့ ငွေကြေးရင်းနှီးမြုပ်နှံမှု လုပ်ဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းလိုက်ပါတယ်။ လစ်ဗာပူးလ်အနေနဲ့ နောက်နှစ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နိုင်ဖို့ ပေါင်သန်း (၅၀) တန် ကစားသမား (၄) ယောက်လောက် ထပ်မံဖြည့်တင်းရဦးမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ယာဂန်ကလော့ရဲ့ လစ်ဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ အတိုင်းအတာ တစ်ခုအထိအောင်မြင်ခဲ့တဲ့အသင်းလို့ဆိုလို့ရပြီး ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအထိရောက်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ဇန်နဝါရီလမှာ ဗန်ဒိုက်ကို ပေါင် (၇၅) သန်းနဲ့ ခေါ်ယူခဲ့ပြီး ဖြစ်သလို လာမယ့် ရာသီအကုန်မှာ အသင်းဆီလာရောက်ပူးပေါင်းမယ့်် RB လိုက်ဘ်ဇစ်ကွင်းလယ်လူ ကီတာကိုလည်း ပြီးခဲ့တဲ့ နှစ်ကတည်းက ငွေကြေးအမြောက်အများပေးချေကာ ခေါ်ယူခဲ့ပြီး …

မန်ယူဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေပါပြီ #ရိုင်ယန်ဂစ်စ်

မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်စ်က လက်ရှိရာသီအကုန်မှာ အဆင့်(၂) နေရာနဲ့ ပြီးဆုံးနိုင်ချေရှိတဲ့ မန်ယူအသင်းဟာ အောင်မြင်ဖို့ လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ အချိန်တော်တော်ကြာအထိထိန်းထားနိုင်ခဲ့တဲ့ အပြင် FA ဖလားဗိုလ်လုပွဲကိုလည်း တက်ရောက်ထားတာ ဖြစ်တဲ့အတွက်လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေတယ်လို့ ဂစ်စ် အနေနဲ့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုအနေနဲ့ အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်လည်ထိပ်တိုက် ရင်ဆိုင်ရမယ့် FA ဖလားဗိုလ်လုပွဲမှာ မန်ယူအသင်းအတွက် ဆုဖလားရယူပေးနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာလည်း မန်ယူဟာ ကွန်မြူနတီဒိုင်း၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ အပြင်လက်ရှိရာသီမှာလည်း အသင်းရဲ့အခြေအနေဟာ တိုးတက်မှုတွေရှိလာတယ်လို့ ပြောကြားလိုက်ပါတယ်။ “လက်ရှိရာသီမှာ ဒုတိယနေရာနဲ့ အဆုံးသတ်ပြီး FA ဖလားရရှိမယ်ဆိုရင်တော့ …