ဂျူဗင်တပ်အသင်း က ပေါ့ဘာ ကို ပြန်လည်ခေါ်ယူတော့မည်


Unicode

ဂျူဗင်တပ် အသင်း နည်းပြ မက်ဆီမိုအလီဂရီက ၎င်းအနေဖြင့် ယခုနွေရာသီမှာ မန်ယူ အသင်း ကွင်းလယ်လူ ပေါ့ဘာကို ပြန်လည် ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားနေကြောင်း သတင်းများက ဆိုပါတယ်။ မန်ယူ အသင်း ကွင်းလယ်လူ ပေါ့ဘာဟာ ၎င်းအနေဖြင့် လာမယ့်ရာသီ အသင်းမှာ ဆက်လက် ရှိနေဖို့ မသေချာကြောင်း ပြောဆိုခဲ့ပြီးတဲ့ နောက်မှာ အဆိုပါ ပြင်သစ် ကွင်းလယ်လူရဲ့ အနာဂတ်ဟာ ပိုပြီး လှုပ်ခတ်လာခဲ့ပါတယ်။ Tuttosports မှ ဆိုရာမှာတော့ ဂျူဗင်တပ် အသင်း နည်းပြ မက်ဆီမိုအလီဂရီဟာ ၎င်းတို့ ကစားသမားဟောင်း ဖြစ်သူ ပေါ့ဘာကို ပြန်လည် ခေါ်ယူဖို့ အတွက် ကြိုးစားနေကြောင်း သတင်းများက ဆိုပါတယ်။ မန်ယူ အသင်း ကွင်းလယ်လူ ပေါ့ဘာဟာ ၂၀၁၂ ခုနှစ်မှာ ဂျူဗင်တပ် အသင်းကို ရောက်လာခဲ့ပြီးနောက် ၄ နှစ်ကြာ ကစားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ မန်ယူကို ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် ရောက်လာခဲ့သလို လက်ရှိ မန်ယူ အသင်းမှာလည်း ရုန်းကန်နေရသူ ဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *