မာဆီရယ်အတွက် ကမ်းလှမ်းမှုများကို မန်ယူနားစွင့်နေ


 

Unicode

မန်ယူ အသင်းဟာ ၎င်းတို့ အသင်း တိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီမာဆီရယ် အတွက် ကမ်းလှမ်းမှုတွေကို စောင့်မျှော် နားစွင့်နေကြောင်း သိရပါတယ်။ ဒါပေမယ့် မန်ယူ အသင်း အနေဖြင့် အဆိုပါ ပြင်သစ် ကစားသမား ဖြစ်သူကို ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေထံသို့ ရောင်းဖို့ အစီအစဉ် မရှိကြောင်း သိရပါတယ်။ မာဆီ ရယ်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ် အသင်း လူစာရင်းမှာလည်း ချန်လှပ်ခံထားရပြီး ၎င်းရဲ့ ကလပ်အသင်း ကစားသမား ဘဝ အနာဂတ်ဟာလည်း ပိုပြီး လှုပ်ခတ် လာပါ တယ်။ လက်ရှိမှာတော့ မာဆီရယ်ကို ချဲလ်ဆီး အသင်းက ခေါ်ယူဖို့ အတွက် စိတ်ဝင်စား နေပါတယ်။ မန်ယူ အသင်း နည်းပြ မော်ရင်ဟိုကလည်း အသင်းဟောင်း ချဲလ်ဆီး အသင်းမှ ၀ီလျံကို စိတ်ဝင်စားနေလို့ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့် မန်ယူ အသင်းကတော့ မာဆီရယ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်း အထိ တောင်းဆိုလာဖို့ ရှိနေတယ်လို့လည်း သတင်းများက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *