ဂရစ်စမန်း ဒီမှာ ပျော်ဖို့ မျှော်လင့်ပါတယ်(ဆီမြွန်နီ)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အက်သလက်တီကို မတ်ဒရစ် အသင်းရဲ့ နည်းပြ ဆီမြွန်နီက အသင်းရဲ့တိုက်စစ်ကစားသမား ဂရစ်စမန်း အသင်းမှာပျော်ရွှင်ဖို့ မျှော်လင့်ကြောင်း ဘာဆီလိုနာ အသင်းနဲ့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ အပေါ်ပြောကြားခဲ့ပါတယ်။
ဂရစ်စမန်းဟာ မနေ့ညက ယူရိုပါလိဂ် ဖိုင်နယ်အဖြစ် လိုင်ယွန်မှာ ကစားခဲ့တဲ့ မာဆေးအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပြီး အသင်းကို ယူရိုပါလိဂ် ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဆီမြွန်နီက”ဂရစ်စမန်းဟာ သူဘယ်လောက် ကောင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။သူ ကျွန်တော် အသင်းမှာ ပျော်ရွှင်ဖို့၊ ကျွန်တော်တို့နဲ့ အတူရှိဖို့ မျှော်လင့်ပါတယ်”
ဆီမြွန်နီဟာ အက်သလက်တီကိုအသင်းအတွက် ၆ ကြိမ်မြောက် ဖလားကို ရယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားကတော့ ဒုတိယအကြိမ်မြောက်ပါ။
“ကျွန်တော် ပျော်ရွှင်နေပါတယ်။ကျွန်တော်တို့ နှစ်တိုင်း အလုပ်ကြိုးစားလုပ်နေခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ် ၂ ပွဲမှာ ဖလားရဖို့လည်း နီးစပ်ခဲ့ပါတယ်။ဒီနေ့မှာတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ”ဟုဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *