ယူရိုပါလိဂ် ဖလားရပီးနောက် တောရက်စ်ရဲ့ ပြောစကား

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အက်သလက်တီကို အသင်းရဲ့တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ဟာ မနေ့ညက အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ရရှိနိုင်ခဲ့တာဟာ ကလေးဘဝက အိပ်မက်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
တောရက်စ်က”ဒါဟာ ရှင်းပြဖို့ ခက်ခဲတဲ့ ပျော်ရွှင်မှုပါ။အချိန်တွေအကြာကြီး ကုန်လွန်ပြီးနောက် ဒီအသင်းကို ပြန်လာပြီး ချန်ပီယံဖြစ်လာခဲ့ပါပြီ။ကျွန်တော့်ရဲ့ ကလေးဘဝက အိပ်မက်တစ်ခုကို အမှတ်ရစေပါတယ်။ဒါဟာ အသင်းအတွက် အောင်မြင်ခြင်းရဲ့ လမ်းစပါ”
“ဒီဖလားက ကျွန်တော့်အတွက် လွမ်းမောတမ်းတဖွယ် ဖြစ်နေမှာပါ။ဒါပေမယ့် ကျွန်တော့်မှာ ငယ်ကတည်းက အိပ်မက် ခိုင်ခိုင်မာမာ ရှိပါတယ်။အသင်းနဲ့ ဆုဖလားတွေဆွတ်ခူးဖို့ပေါ့။ကျွန်တော် အသင်းကနေ ထွက်တုန်းက ကျွန်တော် လုပ်နိုင်မယ်ဆိုတာကို မထင်ခဲ့ပါဘူး။အခုပြန်လာတော့ အိပ်မက်တွေ ပြည့်ဝသွားသလိုပါပဲ။ဒါဟာ အသင်းက ပေးတဲ့ အရာပါ။ဂုဏ်ယူနေမှာပါ”

Leave a Reply

Your email address will not be published. Required fields are marked *