အသင်းကစားပုံ စုတ်ပြတ်နေတောင်မှ ရီးရဲလ်အသင်းဟာ အမှတ်တွေ ရနိုင်တယ်လို့ မက်ဆီပြောကြား

ဘာဆီလိုနာ အသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ ကမာ့္ဘဖလားစတင်ဖို့ တစ်လအလို TyC sport ကို ဘာဆီလိုနာအသင်းရဲ့ ဒီရာသီအကြောင်းတွေကို ပြန်လည် ထောက်ပြသွားခဲ့ပါတယ်။
အဆိုပါ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ၂၀၁၈ ရုရှားမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းကို အောင်မြင်အောင် ဦးဆောင်ရမယ့် အနေအထားမှာရှိနေတယ်။ဒါပေမယ့် သူကတော့ ရီးရဲလ်မတ်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် အကြောင်းကို ပြောပြသွားခဲ့ပါတယ်။
မက်ဆီက”ရီးရဲလ်မတ်ဒရစ်အသင်းဟာ နေရာ တစ်နေရာချင်းဆီ အကောင်းဆုံး ကစားသမားတွေရှိပါတယ်။ကျွန်တော်တို့လိုပါပဲ။ကစားပုံ ဆိုးရွားနေရင်တောင်မှ အမှတ်ရနိုင်သေးတယ်လေ”
“ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကို ပြောမနေပါနဲ့ ဗျာ။ကျွန်တော်တို့ရဲ့ အားသာချက်တွေကို ပေးလိုက်ရသလိုပါပဲ။ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို ရောက်သင့်ပါတယ်။အဲ့တာကို တော်တော်ကြီး စိတ်ပျက်ပါတယ်။ကျွန်တော်တို့ အရမ်းကို နီးစပ်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *