ဒုတိယနေရာဟာ ယူနိုက်တက်အတွက် အမှန်တကယ် မလုံလောက်ကြောင်း ဒီဂီယာဝန်ခံ

မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာက အက်ဖ်အေဖလားဖိုင်နယ်တွင် အနိုင်ရဖို့  ရည်ရွယ်ထားသော်လည်း ပရီးမီးယားလိဂ်တွင်ဒုတိယနေရာရရှိတာဟာ အသင်းအတွက် လုံလောက်မှု မရှိကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။
ဂျိုဆေးမော်ရင်ဟိုဦးဆောင်တဲ့အသင်းဟာ လာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သော်လည်း ပြိုင်ဘက်မန်စီးတီးအသင်းနောက် ၁၉ မှတ်အကွာဖြင့် ဒုတိယနေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
စနေနေ့ မှာ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေဖလားဖိုင်နယ်ယှဉ်ပြိုင် ကစားရမှာဖြစ်ပေမယ့်လည်း ယခုနှစ်အတွင်းများစွာ မျှော်လင့်ထားခဲ့ကြောင်း ဒီဂီယာကပြောပါတယ်။
စပိန်ဂိုးသမားက ယူနိုက်တက်တီဗွီကနေတစ်ဆင့် ပြောရာတွင် ယူနိုက်တက်လိုအသင်းမျိုးအတွက် ဒုတိယနေရာကတောင် လုံးဝလုံလောက်မူမရှိဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။
ကျွန်တော်တို့ ဖလားတစ်ခုခုရရှိဖို့  “တိုက်ပွဲဝင်သွားရပါမယ်။ ပြီးတော့လာမယ့်အပတ် အက်ဖ်အေဖလား ဖိုင်နယ်မှာ ကျွန်တော်တို့ 
အခွင့်အရေးရှိပါတယ်။ ဒီကလပ်ဟာဖလားဖိုင်နယ်တွေကို တက်ရောက်နိုင်ဖို့ တာဝန်ရှိပါတယ်။ သူတို့ ကိုအနိုင်ယူဖို့ သွားရပါမယ်။ ဆုဖလားတွေနဲ့ အတူ ကလပ်အသင်းကို ဒီထက်ပိုကြီးမားလာအောင် လုပ်ရမှာပါ။ ဒါဟာအရေးကြီးဆုံးအရာဖြစ်ပြီး အမြဲတမ်နှိုးဆော်နေရမယ်။ ဖလားတွေအတွက်တိုက်ပွဲဝင်ပြီးယူနိုက်တက်ဟာအလွန့် အလွန်ကို
ဂုဏ်ရှိန်ကြီးမားတဲ့ ကလပ်အသင်းဆိုတာ လုပ်ရပါမယ်”
ယူနိုက်တက်ဟာလိဂ်ဖလားဆွတ်ခူးဖို့ အခက်အခဲများရှိခဲ့သော်လည်း ဒီဂီယာဟာတစ်ဦးချင်းအလိုက် နောက်ထပ်မမေ့နိုင်စရာ ရာသီတစ်ခုရရှိခဲ့ပါတယ်။
အိုးထရစ်ဖို့ဒ်တွင်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့သလို လိဂ်ပြိုင်ပွဲတွင်ပေးဂိုးမရှိ ၁၈ ပွဲဖြင့် ပထမဆုံးရွှေလက်အိတ်ဆုကို ရရှိခဲ့ပါတယ်။
“ကျွန်တော်အတွက်လုံးဝပြီးပြည့်စုံတဲ့ကာလပါ။ ကလပ်ကိုရောက်ရှိပြီးနောက်ပိုင်း ကျွန်တော်ရဲ့ အကောင်းဆုံးလို့  ထင်ပါတယ်ဟု အသက်၂၇နှစ်အရွယ် စပိန်လက်ရွေးစင် ဂိုးသမားကဆိုပါတယ်။ ကလပ်အသင်းအတွက်ကူညီနိုင်တာဟာ
အမြဲတမ်းကောင်းမွန်ပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံး အဆင့်အနေအထားနဲ့ ကလပ်အသင်းရဲ့ အမှတ်တွေရယူပါတယ်”
“ဒါဟာသင်လုပ်နိုင်တဲ့နည်းလမ်းတွေမှာ အသင်းကိုကူညီဖို့ အရေးကြီးဆုံးအရာပါဘဲ။ ပြီးတော့ ကျွန်တော် ယုံကြည်လက်ခံထားတဲ့ လက်စွမ်းကိုရေရှည်ထိန်းသိမ်းသွားဖို့ အတွက်က မတူညီတဲ့အရာတွေကို လုပ်ရမှာပါ”ဟု ဒီဂီယာက ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *