စာချုပ်သက်တမ်း တိုးစေချင်ပါက ကစားသမားကောင်းတွေ ခေါ်ယူပေးရန် ဟာဇက်တိုက်တွန်း

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှုးအီဒင်ဟာဇက်ကစာချုပ်သစ်တိုးဖို့ အတွက် အသင်းဟာဆုဖလားတွေ စိန်ခေါ်နိုင်ရန် ကစားသမားကောင်းတွေ ခေါ်ယူသွားသင့်ကြောင်း တိုက်တွန်းပြောကြားလိုက်ပါတယ်။
အသက်၂၇ နှစ်ရှိ ဟာဇက်ဟာ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့်လည်း ထိပ်သီးအသင်းများစုဟာ အဆိုပါဘယ်ဂျီယံကြယ်ပွင့်ကိုခေါ်ယူဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
ဘယ်အရာကသူကို စာချုပ်သစ်ထပ်တိုးဖို့ ဆွဲဆောင်နိုင်မလဲဆိုတဲ့ မေးခွန်းကိုဟာဇက်က လာမယ့် ရာသီမှာ ကျွန်တော်
ကစားသမားသစ်တွေကို စောင့်မျှော်နေပါတယ်။
“ကျွန်တော် ကစားသမားကောင်းတွေ အလိုရှိပါတယ်။ ဘာလို့ လဲဆိုတော့နောက်နှစ်မှာ ပရီးမီးယားလိဂ်ဖလား ကျွန်တော်ရယူချင်လိုပါ။ ၂၀၁၂ခုနှစ်က လိုင်လီအသင်းကနေ ပေါင်၃၂သန်းဖြင့်
လန်ဒန်ကိုရောက်ရှိလဲာ့တဲ့ဟာဇက်က ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်ပေါ်နေသော်လည်းစတန်းဖို့ တ်ဘရစ်ခ်ျမှာ ပျော်ရွှင်နေတယ်လို့ အခိုင်အမာဆိုပါတယ်။ သူကစာချုပ်သစ်ဆွေးနွေးရန်အတွက် အချိန်ယူသွားရမှာဖြစ်ပြီးအကြောင်းအရာများစွာစဉ်းစားဖို့ ကျန်ရှိနေသေးတယ်” လို့ ဆိုပါတယ်။
ဟာဇက်ဟာအသင်းအတွက် ၁၂ ဂိုး သွင်းယူကာ ၆ ဂိုး ဖန်တီးခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းက ယခုနှစ်ပရီးမီးယားလိဂ်တွင် အဆင့် ၅ နေရာမှာသာ အဆုံးသတ်ခဲ့တာကြောင့်၁၅နှစ်အတွင်း
၂ ကြိမ်မြောက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။
ယခုနှစ်အတွက်အက်ဖ်အေဖလားဟာ ချဲလ်ဆီးအသင်းအတွက် အရေးကြီးကြောင်း ဟာဇက်ထပ်မံ ပြောဆိုပါတယ်။
“ကျွန်တော်တို့ က ချဲလ်ဆီးပါ။ ရာသီအဆုံးမှာကျွန်တော်တို့ ဖလားတွေလိုပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ အသင်းဘာမှမရသေးပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်ကျွန်တော်တို့ မရခဲ့ပါဘူး။ ဒါကြောင့် ယခုနှစ်ဟာ လုံးဝဆိုးရွားပါတယ်။ ချန်ပီယံလိဂ်မ၀င်ရောက်ခဲ့ဘူးဆိုရင် ကျွန်တော်တို့  ဒီဖလားကို လိုပါတယ်။ အက်ဖ်အေဖလားနဲ့ ယခုနှစ်ကိုသိမ်းဖို့ ရာ ကျွန်တော်တို့ လက်ထဲမှာသာ ရှိပါတယ်။ အက်ဖ်အေဖလားကို ကျွန်တော်တစ်ခါမှ မရဖူးပါဘူး။ ဒီနှစ်အတွက် အက်ဖ်အေဟာ ချဲလ်ဆီးနဲ့  ကျွန်တော့်အတွက်ပါ။ ဒီအတွက်အရာအားလုံးကျွန်တော်တို့ ပေးဆပ်သွားမှာပါ”ဟု ဟာဇက်က ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *