ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ် ကြည်ခွင့်ရဖို့ ပရိသတ်နှစ်ဦးကို လက်မှတ် နှစ်စောင်ပေးခဲ့တဲ့ ချန်ဘာလိန်

ချန်ဘာလိန်ဟာ လီဗာပူးလ်အသင်းပရိသတ်တွေဖြစ်တဲ့ သားအဖနှစ်ဦးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ လက်မှတ်ပေးခဲ့ပါတယ်။
ချန်ပီလိဂ်ပွဲစဉ်သွားကြည့်မယ် အုပ်စုတစ်ခုအတွက် ပွဲကြည့်လက်မှတ် ၁၆၆၂၆ သာ ဝေခွဲရခဲ့သဖြင့် ပရိသတ်အများစုဟာ စိတ်ပျက်ခဲ့ကြပါတယ်။
ချန်ဘာလိန်ဟာ လက်မှတ်ဝယ်ဖို့ လွဲချော်ခဲ့တဲ့ ပရိသတ်နှစ်ဦးကို တွေခဲ့အခါ ကူညီဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ချန်ဘာလိန်ဟာ ဂျာကာ နှင့် သူ့ရဲ့သား ဘိုဘီကို မန်စီးတီး အသင်းနှင့်ပွဲစဉ်တုန်းကလည်း သူ့ရဲ့အကျီ င်္ပေးခဲ့ပြီး
သားအဖနှစ်ဦးဟာ ချန်ဘာလိန်ရဲ့ရက်ရောမှုကို ခံစားခဲ့ဖူးတဲ့သူတွေဖြစ်ပါတယ်။
ချိန်ဘာလိန်က သူ့ရဲ့နောက်ဆုံး ကြင်နာမှုကို ပြသပြီးနောက် ဖခင်ဖြစ်သူ ဂျာကာက ကျွန်တော် နှင့် ကျွန်တော့်သားလေး ဘိုဘီတို့ လက်မှတ်အတွက် အခက်အခဲရှိတယ်လို့ ချန်ဘာလိန် သိသွားတဲ့အခါ ကျွန်တော်တို့ကို သူလက်မှတ် ၂ စောင်ပေးခဲ့ပါတယ်လို့ တွမ်တာတွင် ရေးခဲ့ပါတယ်။
ဖခင်ဖြစ်သူ ဂျာဂာာက “ ဒါဟာ မယုံနိုင်စရာ အပြုအမှုပါ။ သောကြာနေ့ညမှာ ဒီအကြောင်းကြားတုန်း ကျွန်တော် ဆွံအနေခဲ့ပါတယ်။ ကျွန်တော် ဒီအကြောင်းဖတ်တဲ့အခါ စငိုခဲ့မိပါတယ်။
ကျွန်တော် မယုံနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်က ကြိုမှာခဲ့ပါတယ်။ ဒါပေမယ့် လက်မှတ်တွေ လွဲခဲ့လို့ ဒုက္ခရောက်ခဲ့ပါတယ်။ ကျွန်တော့်သား ဘိုဘီက လီဗာပူးလ်အသင်းကို ရှုးသွပ်နေပါတယ်။ သူဟာ ပေါ်တိုအသင်း၊ မန်စီးတီး အသင်း၊ နှင့် ရိုမားအသင်း ပွဲစဉ်တွေကို ကြည့်ပြီးနောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကြည်ဖို့ အရူးအ မှုးဖြစ်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ပထမဆုံး ဥရောပအဝေး ကွင်းပွဲစဉ်ပါ” လို့ပြောသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *