အာဆင်နယ်အသင်းရဲ့ လိဂ်ဂိုး စံချိန်တခုကို ချိုးဖြတ်နိုင်ခဲ့တဲ့ အူဘာမီယန်

ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ရောက်ရှိလာတဲ့ တိုက်စစ်မှူးအူဘာမီယန်ဟာ ဟက်ဒါဖီးလ်နဲ့ ပွဲစဉ်မှာ တလုံးထဲသော အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် အာဆင်နယ်အတွက် လိဂ်ဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တဲ့ အူဘာမီယန်ဟာ အာဆင်နယ်အသင်အတွက် အဆိုပါ သွင်းဂိုးပမာဏကို ပွဲအရေအတွက်အနည်းဆုံး ၁၃ပွဲနဲ့ သွင်းယူနိုင်သူ
အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အသက်၂၈နှစ်အရွယ် ဒီဂါဘွန်တိုက်စစ်မှူးဟာ အာဆင်နယ်အတွက် ပထမဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာကတည်းက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး၊ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၃ ပွဲဆက်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
သူ့ရဲ့လိဂ်ဂိုးအရေအတွက်ဟာ မန်စီးတီးတောင်ပံကစားသမားဆာနေး၊ စပါးကွင်းလယ်လူ အဲရစ်ဆင်၊ လီဗာပူးလ်တောင်ပံတိုက်စစ်မှူး မာနေးတို့ရဲ့သွင်းဂိုးနဲ့ တူညီသွားခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟောင်း ဆန်းချက်ထက်သွင်းဂိုးတဂိုးပိုမို ရရှိခဲ့တာဖြစ်ပြီး၊ ချဲလ်ဆီး တိုက်စစ်မှူးမိုရာတာရဲ့သွင်းဂိုးထက် တဂိုးလျော့နည်းခဲ့တာဖြစ်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာပါဝင်ခွင့်မရှိခဲ့ခြင်းဟာ အူဘာမီယန်ကို လိဂ်ပြိုင်ပွဲမှာ ပိုမိုအခွင့်အရေး ရစေခဲ့တာဖြစ်ပြီး ၊အာဆင်နယ် အသင်းအတွက်ဒီရာသီလိဂ်ဂိုးအများဆုံး ကစားသမားကတော့
လာကာဇက်(၁၄ဂိုး)ဖြစ်ပါတယ်။
ပွဲအပြီးအင်တာဗျူးမှာ အူဘာမီယန်က” စည်းမျဉ်းစည်းကမ်း အချို့ကြောင့်ကျွန်တော် စိတ်ပျက်မိခဲ့ပါတယ်။ အသင်းကို မကူညီနိုင်ခဲ့လို့လည်း စိတ်ပျက်ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ဒါဟာဘဝတခုဖြစ်လို့လက်ခံနိုင်အောင်ကြိုးစားရမှာပါပဲ။ အာဆင်နယ်အတွက်ပွဲစဉ်တိုင်းမှာ ပါဝင်ခွင့်မရာတာဟာ စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒေါ့မွန်မှာဆိုကျွန်တော် ၃ ရက် တပွဲလောက်ကစားခဲ့ရပါတယ်။ ဒီမှာတော့တပွဲမှတပွဲလောက်
ကစားရပြီး၊ တခါတလေဆို တပွဲနဲ့တပွဲကြား အချိန်အကြာကြီးစောင့်ရပါတယ်။ ဒီအခြေအနေဟာ တကယ် ခက်ခဲပါတယ်”လို့ပြောခဲ့ပါတယ်။
ဟက်ဒါဖီးလ်နဲ့ပွဲစဉ်ဟာ အသင်းကို၂၂နှစ်ကြာတာဝန်ထမ်းခဲ့တဲ့ နည်းပြအာဆင်ဝင်းဂါးရဲ့ နောက်ဆုံး နှုတ်ဆက်ပွဲစဉ်လည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *