လီဝင်ဒေါစကီးအနေနဲ့ နည်းပြဟေးနက်ကို လေးစားရမယ်လို့ ဘိုတန်ပြောဆို

ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကိုလုံးအသင်းတို့ ပွဲစဉ်မှာ ဘိုင်ယန်က ၃-၁ဖြင့်အနိုင်ရခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့တဲ့ ဘိုင်ယန်တိုက်စစ်မှူး
လီဝင်ဒေါစကီးဟာ ပွဲပြီးဖို့ ၁၃မိနစ်အလိုမှာ
လူစားလဲခံရပြီး ကွင်းထဲကထွက်ချိန်မှာ နည်းပြဖြစ်သူ ဂျက်ဟေးနက်စ်ကို လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိခဲ့ပါဘူး။အဆိုပါအပြုအမူနဲ့ ပက်သတ်ပြီး နောက်ခံလူဘိုတန်က လီဝင်ဒေါစကီးအနေနဲ့ ခံစားချက်ကို ထိန်းချုပ်ပြီး နည်းပြဖြစ်သူအပေါ် လေးစားမှုရှိရမယ်လို့ ပြောဆိုလိုက်ပါတယ်။
” နည်းပြဂျက်ဟေးနက်စ်က ကျွန်တော်တို့ ရဲ့ ဆရာပါ။ ကစားသမားတစ်ယောက်အနေနဲ့ တခါတရံမှာ စိတ်ခံစားချက်တွေ ပြင်းထန်နေတတ်ပါတယ်။လီဝင်ဒေါစကီးကတော့ တစ်ဂိုး၊၂ဂိုးလောက်ထပ်သွင်းချင်တဲ့ပုံပါပဲ။
ဒါပေမဲ့ ဒါကို တခြားနည်းနဲ့ ဖြေရှင်းလို့ရပါတယ်။ နည်းပြမှာ ဆုံးဖြတ်ချက်တွေချပိုင်ခွင့်တွေအပြည့်ရှိတယ်ဆိုတာ ရှင်းပါတယ်။ သူက ကျွန်တော်တို့အပေါ် လုံးဝသြဇာလွှမ်းမိုးနေတဲ့သူပါ။”လို့ ဘိုတန်ကပြောဆိုခဲ့ပါတယ်။
လီဝင်ဒေါစကီး ဟာ လက်ရှိဘွန်ဒက်လီဂါမှာ သွင်းဂိုး၂၉ဂိုးဖြင့် ထိပ်ဆုံးမှရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *