ပထမဆုံး ရွှေလက်အိတ်ဆု ဆွတ်ခူးခဲ့တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စူပါ ဂိုးသမား ဒီဂီယာဟာ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ကစားသမားဘဝ ပထမဆုံး ရရှိခဲ့တယ်လို့သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို ၄ ကြိမ်တိုင်ရရှိထားနိုင်တဲ့ ဒီဂီယာဟာ သူ့ရဲ့ တစ်ဦးချင်းအကောင်းဆုံးဆု အရေအတွက်ကို ထပ်မံတိုးချဲ့နိုင်ခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ဝက်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ၀-၀ ဖြင့် Clean Sheet ရယူနိုင်ခဲ့ပြီး ဒါဟာ စပိန် ဂိုးသမား ဒီဂီယာအတွက် ပရီးမီးယားလိဂ်မှာ ၁၈ ကြိမ်မြောက် Clean Sheet ရယူနိုင်ခဲ့ခြင်းပါ။သူ့ရဲ့နောက်မှာတော့ မန်စီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆင်က Clean Sheet ၁၆ ကြိမ်သာ ရယူနိုင်ပါသေးတယ်။
ဒီဂီယာက”ဒီဆုကို ရရှိတာဟာ ကျွန်တော်တို့အသင်း အကောင်းဆုံး ခံစစ်ကို ရရှိတာနဲ့ တူတူပါပဲ။အဲ့တာအတွက် ကျွန်တော် ပျော်ရွှင်နေပါတယ်။ဒီရာသီဟာ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ ရာသီလေးဖြစ်ခဲ့ပါတယ်”လို့ဆိုခဲ့ပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••
Like&Share
ဘောလုံးသတင်းအစုံအလင်

Leave a Reply

Your email address will not be published. Required fields are marked *