လီဗာပူးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့တဲ့ ဆာလတ်

လီဗာပူးအသင်းရဲ့ ကြယ်ပွင့်ကစားသမား မိုဟာမတ် ဆာလတ်ဟာ လီဗာပူးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အီဂျစ်နိုင်ငံသားဟာ စီးရီးအေကလပ် ရိုးမားအသင်းကနေ လီဗာပူးအသင်းကို နွေရာသီက ပြောင်းရွှေ့ခဲ့သူပါ။သူရောက်လာချင်းမှာဘဲ အသင်းမှာ ခြေစွမ်းပြဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှုအဖြစ် လီဗာပူးအသင်းကို ချန်ပီယံလိဂ် ဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
အဆိုပါ အကောင်းဆုံး ဆုကိုတော့ အသင်း ပရိတ်သတ်တွေက ကလပ်အသင်းရဲ့ ဝက်ဆိုက်မှာ မဲပေးခဲ့ကြတာဖြစ်ပြီး အသင်းဖော်တွေရဲ့ ရွေးချယ်မှုလည်းပါဝင်ခဲ့ပါတယ်။သူဟာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားပြီး ၄၃ ဂိုးသွင်းယူနိုင်ခဲ့ကာ စံချိန်ပေါင်း မြောက်မြားစွာ ချိုးဖျက်နိုင်ခဲ့ပါသေးတယ်။နောက်ပြီး သူဟာ PFA ဆု၊ PWA Player Of the Year ဆုတွေကို ရခဲ့ပြီး နောက်မှာတော့ EPL player of the season ဆုကို ရဖို့ ရေပန်းစားနေပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *