ရက်ဖို့ဒ်ကို ယူနိုက်တက်ကနေ ထွက်ခွာသင့်တယ်လို့ ရှရင်ဟမ်အကြံပေးပြောဆို

မန်ချက်စတာယူနိုက်တက်ကို ဆန်းချက်ရောက်ရှိလာချိန်မှစ၍ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတော့တဲ့ လူငယ်အင်္ဂလန်ကစားသမားလေး မားကပ်စ်ရက်ဖို့ဒ်ကို ယူနိုက်တက်ကစားသမားဟောင်း တက်ဒီရှရင်ဟမ်က လာမယ့်အပြောင်းအရွှေ့မှာ အသင်းကနေထွက်ခွာဖို့
တိုက်တွန်းပြောဆိုလိုက်ပါတယ်။ရက်ဖို့ဒ်ဟာ ဆန်းချက်ရောက်လာချိန်မှစ၍ ပွဲချိန်ပြည့်ကစားရတာ ၃ပွဲသာရှိခဲ့ပြီး အရံခုံမှာသာအချိန်ကုန်နေတာဖြစ်ပါတယ်။ ဒါကြောင့် ရှရင်ဟမ်က ရက်ဖို့ဒ်အား အတွေ့အကြုံကောင်းကောင်းရဖို့ ကစားရဖို့လိုအပ်တဲ့အတွက်ကြောင့် ယူနိုက်တက်ကနေထွက်ခွာသင့်တယ်လို့ အကြံပြုလိုက်တာဖြစ်ပါတယ်။
ယူနိုက်တက်ကို trebleရရှိအောင် ကူညီစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ရှရင်ဟမ်က” ကျွန်တော် ရာသီအစတုန်းကရက်ဖို့ဒ်နဲ့ပက်သတ်ပြီး ပွဲများများကစားဖို့လိုအပ်ကြောင်း ပြောခဲ့ဖူးပါတယ်။ သူကွင်းထဲမှာ ကွင်းထဲကနေသာရနိုင်တဲ့အတွေ့အကြုံတွေ၊သူဘာကိုလုပ်နိုင်လဲ၊ဘာကိုမလုပ်နိုင်ဘူးလဲဆိုတာ သင်ယူဖို့လိုပါတယ်။ တခြားလူကစားတာတွေကိုကြည့်နေပြီးတော့ သင်ယူလို့မရပါဘူး။ ကစားသမားတွေဘယ်လောက်ကောင်းတယ်ဆိုတာ ဂရုမစိုက်ပါဘူး။ဒါတွေဟာ အတွေ့အကြုံကနေ ဖြစ်လာတာပါ။ အမှားတွေလုပ်တယ်၊တစိပတ်ပြီးတစ်ပတ်ကစားလာမယ်ဆိုရင်၊ဒီတစ်ရာသီပြီးသွားရင် နောက်တစ်ရာသီမှာ ဘယ်လိုကောင်းအောင်ပြင်ဆင်ရမလဲဆိုတာတွေကို သိလာမှာပါ။
ဒါပေမဲ့ အတွေ့အကြုံသာမရှိဘူးဆိုရင်တော့ အခွင့်အရေးလည်းရှိမှာမဟုတ်ပါဘူး။နောက်ပိုင်းကျမှ ဘာတွေအမှားလုပ်ခဲ့တယ်ဆိုတာ ထိုင်သာကြည့်နေလိုက်တော့ပေါ့။
သူကအခုချိန်မှာ သင်ယူဖို့လိုနေတယ်။ကျွန်တော့အမြင် သူ့မှာ မယုံနိုင်စရာကောင်းတဲ့အရည်အသွေးတွေရှိနေတယ်။ သူပွဲထွက်လူစာရင်းမှာ အမြဲပါဝင်ပြီးကစားနေရဖို့ အခြားနေရာတစ်ခုလိုအပ်ပါတယ်။”လို့ Skysport ကိုပြောဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *