ချယ်လ်ဆီးမှားကြောင်း ကျွန်တော်အမြဲ သက်သေပြချင်ခဲ့ပါတယ်#ဆာလာ

လစ်ဗာပူးလ်အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်တဲ့ မိုဟာမက်ဆာလာက တစ်ချိန်က ချယ်လ်ဆီးအသင်းမှာ ကစားခဲ့ပြီး အဲ့ဒီတုန်းကချယ်လ်ဆီး အသင်းရဲ့ ယုံကြည်ခြင်းကို မခံခဲ့ရပဲ နောက်ဆုံးမှာ ထုတ်ရောင်းခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆာလာတစ်ယောက် ရိုးမားကနေ လစ်ဗာပူးလ်ကို ပေါင် ၃၅သန်းခန့်နဲ့ ပြန်လည် ရောက်ရှိလာပြီး လစ်ဗာပူးလ်အသင်းအတွက် ဂိုးတွေ သွင်းပေးနေခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်အသင်း ချန်ပီယံလိဂ် ဖိုင်နယ်ရောက်အောင်လည်း ကူညီပေးထားနိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ ဆာလာဟာ လစ်ဗာပူးလ်အသင်းက ပေးတဲ့ တစ်နှစ်တာအကောင်းဆုံးဆုနဲ့ လစ်ဗာပူးလ် ကစားသမားတွေပေးတဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ဆာလာဟာ တစ်နေ့ သူ့ကို ထုတ်ရောင်းခဲ့တဲ့ ချယ်လ်ဆီးမှားကြောင်း သက်သေပြဖို့ အရင်တည်းက ဆုံးဖြတ်ထားကြောင်းဆိုခဲ့ပါတယ်။ “ကျွန်တော် လွန်ခဲ့တဲ့ ၄နှစ်က အင်္ဂလန်မှာရှိခဲ့ပြီး ဒီက လူတော်တော်များများက ကျွန်တော် ပရီးမီးယားလိဂ်မှာ မအောင်မြင်နိုင်ဘူးလို့ ထင်ခဲ့ကြပါတယ်။ ကျွန်တော့်အတွက် အဲ့ဒီခံစား ချက်က အရမ်းခက်ခဲခဲ့ပါတယ်။ ချယ်လ်ဆီးကနေ စပြီးထွက်ခွာတဲ့ ပထမဆုံးနေ့မှာပဲ ကျွန်တော် ခ်ျလ်ဆီးမှားကြောင်း သက်သေပြဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုတော့ သူတို့မှားကြောင်း ကျွန်တော်သက်သေပြနိုင်ခဲ့ပါပြီ”လို့ဆိုခဲ့ပါတယ်။

လစ်ဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်းဝင်ဖို့ဆိုရင် တနင်္ဂနွေနေ့မှာ ဘရိုက်တန် အသင်းကို အနိမ့်ဆုံး သရေ ကစားဖို့လိုနေပါတယ်။ အကယ်၍ ဘရိုက်တန်ကို ရှုံးပြီး ချယ်လ်ဆီးက နယူးကာဆယ်ကို နိုင်ခဲ့ရင်တော့ လစ်ဗာပူးလ် အဆင့် (၄)အတွင်း ဝင်တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီအချိန်ကျရင် နောက်နှစ် ချန်ပီယံလိဂ် ကစားရဖို့ တစ်ခုတည်းသော နည်းလမ်းက ရီးရဲလ်ကို အနိုင်ကစားပြီး ချန်ပီယံလိဂ်ဖလားယူဖို့ပဲ ရှိတော့မှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ မေလ ၂၆ရက်နေ့ ကိဗ်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *