ဟာဇက်ကို လူစာရင်းကနေ ချန်လှပ်ခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့တဲ့ ကွန်တီ

ချဲလ်ဆီးနည်းပြအန်တိုနီယိုကွန်တီက ပြီးခဲ့တဲ့ ဟက်ဒါစ်ဖီးလ်ကို (၁-၁) ဂိုးနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ တိုက်စစ်ကစားသမားဟာဇက်ကို အရံလူစာရင်းကနေပဲ ဘာလို့ ထားကစားခဲ့ရသလဲဆိုတဲ့ အကြောင်းကို ရှင်းပြသွားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာတော့ တိုက်စစ်မှူးမိုရာတာနဲ့ အတူ ဝီလီယံနဲ့ ပက်ဒရိုတို့က ချဲလ်ဆီးအသင်းအတွက် ပွဲထွက်လာခဲ့တာ ဖြစ်ပြီး အဆိုပါကစားသမားသုံးဦးစလုံးဟာ အဲဒီပွဲစဉ်မှာ ပုံမှန်ခြေစွမ်းအောက်ရောက်ရှိခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နိုင်ပွဲတစ်ပွဲရဖို့ အရေးကြီးနေတဲ့ အချိန်မှာ သရေရလဒ်သာ ရရှိခဲ့တဲ့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်စပြီး ငါးမိနစ်အကြာမှာပဲ ဟက်ဒါစ်ဖီးလ်အသင်းအတွက် ဦးဆောင်ဂိုးကို လောရင့် ဒီပွိုက်တာက သွင်းယူသွားခဲ့ပါတယ်။ပွဲချိန် (၆၂) မိနစ်မှာမှ မားကို့စ်အလွန်ဆိုဟာ ချဲလ်ဆီးအသင်းအတွက် ခြေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဟာဇက်အနေနဲ့ ပွဲချိန် (၅၉) မိနစ်အရောက်မှာ ချဲလ်ဆီးအသင်းအတွက် လူစားလဲလှယ် ဝင်ရောက်ကစားပေးပြီး မကြာမီမှာပဲ ခြေပဂိုးရရှိခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ခြေပဂိုးရရှိပြီးတဲ့ နောက်ပိုင်းမှာတော့ ဟက်ဒါစ်ဖီးလ်အသင်းဟာ ပွဲပြီးတဲ့ အထိ သူတို့အတွက်အဖိုးတန်တဲ့ သရေတစ်မှတ် ရရှိအောင် ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။ ဟက်ဒါစ်ဖီးလ်အသင်းဟာ ချဲလ်ဆီးကို သရေကစားနိုင်ခဲ့အပြီးမှာတော့ တန်းဆင်းဇုံကနေ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဟာဇက်ကို အသင်းရဲ့ ပထမလူစာရင်းကနေ ချန်လှပ်ခဲ့ရတဲ့ အကြောင်းရင်းကို မေးမြန်းခဲ့ရာမှာတော့ နည်းပြကွန်တီက “ကျွန်တော်ဟာဘန်လေနဲ့ ပွဲစဉ်တုန်းကလည်း လူစာရင်းအပြောင်းအလဲလုပ်ခဲ့ပါတယ်၊ ကစားသမားတွေကို အလှည့်ကျသုံးစွဲတဲ့စနစ်ကို ကျင့်သုံးခဲ့တာပါ၊ အဲဒါကြောင့်လည်း မိုရာတာ၊ဝီလီယမ်နဲ့ ခရစ်စတန်ဆန်တို့ကို ပြန်လည်ပွဲထုတ်ခဲ့တာပါ၊ ကျွန်တော်တို့မှာ ဒီနေ့ပွဲကို အနိုင်ရရှိနိုင်တဲ့ ကစားသမားစာရင်းနဲ့ပဲ ပွဲထွက်လာတာပါ၊ ဒါပေမယ့်လည်း ကျွန်တော့်ကစားသမား တော်တော်များများဟာ လစ်ဗာပူးလ်နဲ့ပွဲစဉ်မှာ အင်အားတွေကုန်ခမ်းနေကြပါတယ်၊ အခုတော့(ချန်ပီယံလိဂ်ဝင်ခွင့်) အခြေအနေဟာ ကျွန်တော်တို့ လက်ထဲမှာ မရှိတော့ပါဘူး၊ အခွင့်အရေး ပိုနည်းသွားခဲ့ပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *