Monthly Archives: May 2018
ဂရစ်စမန်း ဒီမှာ ပျော်ဖို့ မျှော်လင့်ပါတယ်(ဆီမြွန်နီ)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> အက်သလက်တီကို မတ်ဒရစ် အသင်းရဲ့ နည်းပြ ဆီမြွန်နီက အသင်းရဲ့တိုက်စစ်ကစားသမား ဂရစ်စမန်း အသင်းမှာပျော်ရွှင်ဖို့ မျှော်လင့်ကြောင်း ဘာဆီလိုနာ အသင်းနဲ့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ အပေါ်ပြောကြားခဲ့ပါတယ်။ ဂရစ်စမန်းဟာ မနေ့ညက ယူရိုပါလိဂ် ဖိုင်နယ်အဖြစ် လိုင်ယွန်မှာ ကစားခဲ့တဲ့ မာဆေးအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပြီး အသင်းကို ယူရိုပါလိဂ် ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဆီမြွန်နီက”ဂရစ်စမန်းဟာ သူဘယ်လောက် ကောင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။သူ ကျွန်တော် အသင်းမှာ ပျော်ရွှင်ဖို့၊ ကျွန်တော်တို့နဲ့ အတူရှိဖို့ မျှော်လင့်ပါတယ်” ဆီမြွန်နီဟာ အက်သလက်တီကိုအသင်းအတွက် ၆ ကြိမ်မြောက် ဖလားကို ရယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားကတော့ ဒုတိယအကြိမ်မြောက်ပါ။ “ကျွန်တော် ပျော်ရွှင်နေပါတယ်။ကျွန်တော်တို့ နှစ်တိုင်း အလုပ်ကြိုးစားလုပ်နေခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ် …
ယူရိုပါလိဂ် ဖလားရပီးနောက် တောရက်စ်ရဲ့ ပြောစကား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အက်သလက်တီကို အသင်းရဲ့တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ဟာ မနေ့ညက အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ရရှိနိုင်ခဲ့တာဟာ ကလေးဘဝက အိပ်မက်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ တောရက်စ်က”ဒါဟာ ရှင်းပြဖို့ ခက်ခဲတဲ့ ပျော်ရွှင်မှုပါ။အချိန်တွေအကြာကြီး ကုန်လွန်ပြီးနောက် ဒီအသင်းကို ပြန်လာပြီး ချန်ပီယံဖြစ်လာခဲ့ပါပြီ။ကျွန်တော့်ရဲ့ ကလေးဘဝက အိပ်မက်တစ်ခုကို အမှတ်ရစေပါတယ်။ဒါဟာ အသင်းအတွက် အောင်မြင်ခြင်းရဲ့ လမ်းစပါ” “ဒီဖလားက ကျွန်တော့်အတွက် လွမ်းမောတမ်းတဖွယ် ဖြစ်နေမှာပါ။ဒါပေမယ့် ကျွန်တော့်မှာ ငယ်ကတည်းက အိပ်မက် ခိုင်ခိုင်မာမာ ရှိပါတယ်။အသင်းနဲ့ ဆုဖလားတွေဆွတ်ခူးဖို့ပေါ့။ကျွန်တော် အသင်းကနေ ထွက်တုန်းက ကျွန်တော် လုပ်နိုင်မယ်ဆိုတာကို မထင်ခဲ့ပါဘူး။အခုပြန်လာတော့ အိပ်မက်တွေ ပြည့်ဝသွားသလိုပါပဲ။ဒါဟာ အသင်းက ပေးတဲ့ အရာပါ။ဂုဏ်ယူနေမှာပါ”
အသင်းကစားပုံ စုတ်ပြတ်နေတောင်မှ ရီးရဲလ်အသင်းဟာ အမှတ်တွေ ရနိုင်တယ်လို့ မက်ဆီပြောကြား
ဘာဆီလိုနာ အသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ ကမာ့္ဘဖလားစတင်ဖို့ တစ်လအလို TyC sport ကို ဘာဆီလိုနာအသင်းရဲ့ ဒီရာသီအကြောင်းတွေကို ပြန်လည် ထောက်ပြသွားခဲ့ပါတယ်။ အဆိုပါ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ၂၀၁၈ ရုရှားမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းကို အောင်မြင်အောင် ဦးဆောင်ရမယ့် အနေအထားမှာရှိနေတယ်။ဒါပေမယ့် သူကတော့ ရီးရဲလ်မတ်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် အကြောင်းကို ပြောပြသွားခဲ့ပါတယ်။ မက်ဆီက”ရီးရဲလ်မတ်ဒရစ်အသင်းဟာ နေရာ တစ်နေရာချင်းဆီ အကောင်းဆုံး ကစားသမားတွေရှိပါတယ်။ကျွန်တော်တို့လိုပါပဲ။ကစားပုံ ဆိုးရွားနေရင်တောင်မှ အမှတ်ရနိုင်သေးတယ်လေ” “ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကို ပြောမနေပါနဲ့ ဗျာ။ကျွန်တော်တို့ရဲ့ အားသာချက်တွေကို ပေးလိုက်ရသလိုပါပဲ။ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို ရောက်သင့်ပါတယ်။အဲ့တာကို တော်တော်ကြီး စိတ်ပျက်ပါတယ်။ကျွန်တော်တို့ အရမ်းကို နီးစပ်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။
မနက်ခင်း မန်ယူသတင်းတိုများ
  🔴မန်ယူအသင်း၏နောက်ခံလူ ဒါမီယန်သည် အကယ်၍ ဂျူဗင်တပ်စ် အသင်း၏နောက်ခံလူ ဆန်ဒရိုသာ မန်ယူအသင်းသို့ပြောင်းရွှေ့ခဲ့မည်ဆိုပါ က ဂျူဗင်တပ်စ်အသင်းသို့ အလိုက်ပေးသော အနေဖြင့် ရောက်ရှိသွားနိုင်ကြောင်းသိရသည်။ Source:MUFC 🔴မန်ယူ အသင်းနှင့် စပါးအသင်းတို့သည် ဆဲလ်သစ်အသင်း၏နောက်ခံလူ တိုင်ယာနီကို ပေါင်းသန်း(20)ဖြင့်ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေ ကြကြောင်းသိရသည်။ Source:Daily Mail 🔴မန်ယူအသင်းသည် အသက်လက်တီကို အသင်း၏နောက်ခံလူ Vrsaljko ကို ပေါင်းသန်း (30)ဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း စပိန် သတင်းစာကဖော်ပြခဲ့သည်။ Source:Daily Mail 🔴မန်ယူအသင်းသည် မနေ့က ဝီလီယံ၏ ကိုယ်စား လှယ်နှင့်တွေ့ဆုံခဲ့ပြီး ၎င်းကို ခေါ်ယူရန် အတွက် မန်ယူအသင်းအနေဖြင့် တံခါးဖွင့်ထားပေးကြောင်း သိရသည်။ Source:MUFC 🔴မန်ယူအသင်း၏ကွင်းလယ်လူ တိုမိနေးသည် FA ဖလားသည် မန်ယူအသင်းအတွက်အရေးပါ သော …
အပ်​ဖ်​​အေကပ်​ ဖိုင်​နယ်​အတွက်​ စိုးရိမ်​​နေတဲ့ ကာ​ဟေး
ဒုတိယနေရာဟာ ယူနိုက်တက်အတွက် အမှန်တကယ် မလုံလောက်ကြောင်း ဒီဂီယာဝန်ခံ
မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာက အက်ဖ်အေဖလားဖိုင်နယ်တွင် အနိုင်ရဖို့  ရည်ရွယ်ထားသော်လည်း ပရီးမီးယားလိဂ်တွင်ဒုတိယနေရာရရှိတာဟာ အသင်းအတွက် လုံလောက်မှု မရှိကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။ ဂျိုဆေးမော်ရင်ဟိုဦးဆောင်တဲ့အသင်းဟာ လာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သော်လည်း ပြိုင်ဘက်မန်စီးတီးအသင်းနောက် ၁၉ မှတ်အကွာဖြင့် ဒုတိယနေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ စနေနေ့ မှာ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေဖလားဖိုင်နယ်ယှဉ်ပြိုင် ကစားရမှာဖြစ်ပေမယ့်လည်း ယခုနှစ်အတွင်းများစွာ မျှော်လင့်ထားခဲ့ကြောင်း ဒီဂီယာကပြောပါတယ်။ စပိန်ဂိုးသမားက ယူနိုက်တက်တီဗွီကနေတစ်ဆင့် ပြောရာတွင် ယူနိုက်တက်လိုအသင်းမျိုးအတွက် ဒုတိယနေရာကတောင် လုံးဝလုံလောက်မူမရှိဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဖလားတစ်ခုခုရရှိဖို့  “တိုက်ပွဲဝင်သွားရပါမယ်။ ပြီးတော့လာမယ့်အပတ် အက်ဖ်အေဖလား ဖိုင်နယ်မှာ ကျွန်တော်တို့  အခွင့်အရေးရှိပါတယ်။ ဒီကလပ်ဟာဖလားဖိုင်နယ်တွေကို တက်ရောက်နိုင်ဖို့ တာဝန်ရှိပါတယ်။ သူတို့ ကိုအနိုင်ယူဖို့ သွားရပါမယ်။ ဆုဖလားတွေနဲ့ အတူ ကလပ်အသင်းကို ဒီထက်ပိုကြီးမားလာအောင် လုပ်ရမှာပါ။ …
ဒုတိယနေရာဟာ ယူနိုက်တက်အတွက် အမှန်တကယ် မလုံလောက်ကြောင်း ဒီဂီယာဝန်ခံ
မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာက အက်ဖ်အေဖလားဖိုင်နယ်တွင် အနိုင်ရဖို့  ရည်ရွယ်ထားသော်လည်း ပရီးမီးယားလိဂ်တွင်ဒုတိယနေရာရရှိတာဟာ အသင်းအတွက် လုံလောက်မှု မရှိကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။ ဂျိုဆေးမော်ရင်ဟိုဦးဆောင်တဲ့အသင်းဟာ လာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သော်လည်း ပြိုင်ဘက်မန်စီးတီးအသင်းနောက် ၁၉ မှတ်အကွာဖြင့် ဒုတိယနေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ စနေနေ့ မှာ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေဖလားဖိုင်နယ်ယှဉ်ပြိုင် ကစားရမှာဖြစ်ပေမယ့်လည်း ယခုနှစ်အတွင်းများစွာ မျှော်လင့်ထားခဲ့ကြောင်း ဒီဂီယာကပြောပါတယ်။ စပိန်ဂိုးသမားက ယူနိုက်တက်တီဗွီကနေတစ်ဆင့် ပြောရာတွင် ယူနိုက်တက်လိုအသင်းမျိုးအတွက် ဒုတိယနေရာကတောင် လုံးဝလုံလောက်မူမရှိဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဖလားတစ်ခုခုရရှိဖို့  “တိုက်ပွဲဝင်သွားရပါမယ်။ ပြီးတော့လာမယ့်အပတ် အက်ဖ်အေဖလား ဖိုင်နယ်မှာ ကျွန်တော်တို့  အခွင့်အရေးရှိပါတယ်။ ဒီကလပ်ဟာဖလားဖိုင်နယ်တွေကို တက်ရောက်နိုင်ဖို့ တာဝန်ရှိပါတယ်။ သူတို့ ကိုအနိုင်ယူဖို့ သွားရပါမယ်။ ဆုဖလားတွေနဲ့ အတူ ကလပ်အသင်းကို ဒီထက်ပိုကြီးမားလာအောင် လုပ်ရမှာပါ။ …
စာချုပ်သက်တမ်း တိုးစေချင်ပါက ကစားသမားကောင်းတွေ ခေါ်ယူပေးရန် ဟာဇက်တိုက်တွန်း
ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှုးအီဒင်ဟာဇက်ကစာချုပ်သစ်တိုးဖို့ အတွက် အသင်းဟာဆုဖလားတွေ စိန်ခေါ်နိုင်ရန် ကစားသမားကောင်းတွေ ခေါ်ယူသွားသင့်ကြောင်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ အသက်၂၇ နှစ်ရှိ ဟာဇက်ဟာ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့်လည်း ထိပ်သီးအသင်းများစုဟာ အဆိုပါဘယ်ဂျီယံကြယ်ပွင့်ကိုခေါ်ယူဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဘယ်အရာကသူကို စာချုပ်သစ်ထပ်တိုးဖို့ ဆွဲဆောင်နိုင်မလဲဆိုတဲ့ မေးခွန်းကိုဟာဇက်က လာမယ့် ရာသီမှာ ကျွန်တော် ကစားသမားသစ်တွေကို စောင့်မျှော်နေပါတယ်။ “ကျွန်တော် ကစားသမားကောင်းတွေ အလိုရှိပါတယ်။ ဘာလို့ လဲဆိုတော့နောက်နှစ်မှာ ပရီးမီးယားလိဂ်ဖလား ကျွန်တော်ရယူချင်လိုပါ။ ၂၀၁၂ခုနှစ်က လိုင်လီအသင်းကနေ ပေါင်၃၂သန်းဖြင့် လန်ဒန်ကိုရောက်ရှိလဲာ့တဲ့ဟာဇက်က ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်ပေါ်နေသော်လည်းစတန်းဖို့ တ်ဘရစ်ခ်ျမှာ ပျော်ရွှင်နေတယ်လို့ အခိုင်အမာဆိုပါတယ်။ သူကစာချုပ်သစ်ဆွေးနွေးရန်အတွက် အချိန်ယူသွားရမှာဖြစ်ပြီးအကြောင်းအရာများစွာစဉ်းစားဖို့ ကျန်ရှိနေသေးတယ်” လို့ ဆိုပါတယ်။ ဟာဇက်ဟာအသင်းအတွက် ၁၂ ဂိုး သွင်းယူကာ ၆ ဂိုး ဖန်တီးခဲ့ပေမယ့်လည်း …